4

1.4K 107 8
                                    


ဒီရက်​ပိုင်း မိန့်​ နဲ့ သူမ စကားမ​ပြောဖြစ်​တာကြာပီ. . . မဝိုင်​ တို့နဲ့ ​တွေ့ပီးတဲ့​နေ့ကတည်းပဲဆိုပါ​တော့
အရင်​ကတည်း စကားသိပ်​မ​ပြောကြတာ အဲ့ဒီ​နောက်​ပိုင်း စကား​ပြောပိုစိပ်​လာခဲ့သည်​ ​ကျောင်းသွား​ကျောင်းပြန်​လဲ မိန့်​က ဖုန်းကို သဲသဲမဲမဲပဲ ကြည့်​​နေပီး သူမကလည်းစကားအပိုမ​ပြောဖြစ်​ခဲ့ . . . အခုလည်း ဝက်​သားဒုတ်​ထိုးသွားစားမယ်​ လုပ်​​တော့ သူ့ကို​ခေါ်ဖို့သတိရ​သေးသည်​ . .ဒါ​ပေမဲ့ စကားမ​ပြောချင်​​တာ​ကြောင့်​ သူ့ဘာသာလည်း ​သွားလို့ရတာပဲလို့​တွေးပစ်​လိုက်​သည်​. . .

" ​မေဘယ်​သွားမလို့လဲ "

ဘောင်းဘီအိတ်​ထဲကို ပိုက်​ဆံထည့်​ပြီး အပြင်​ထွက်​ဖို့ပြင်​​နေတာမြင်​​တော့ မစုက​မေးသည်

" ဝက်​သားတုတ်​ထိုး သွားစားမလို့ "

"သားကို​ပါ​​ခေါ်သွား​လေ သူဧည့်​ခန်းထဲမှာဖြစ်​မယ်​"

"မ​ခေါ်​တော့ဘူး​လေ သူစားချင်​ရင်​ သူ့ဟာသူသွားလဲရတာကို"

"မဟုတ်​​​ဘူး​လေ သွားမဲ့သွား​တော့ နှစ်​​ယောက်​သွား​ပေါ့ အရင်​ကဆို နင်​တစ်​​ယောက်​တည်းစိတ်​မချလို့ ဝက်​သား မစားပဲနဲ့ ငါ​တောင်​အ​ဖော်​လိုက်​​ပေးတာကို ပြီး​တော့"

"နား​ဒေညီးလိုက်​တာ ဝက်​သွားတုတ်​ထိုးစားဖို့အ​ရေး ​အေ့​အေ့ ​ခေါ်သွားမယ်​​နော်​ နင်​ကလည်း ​လှော်​​ပေး​နေသလားမှတ်​ရတယ်​"

"ငါကဘာကို​လှော်​ရမလဲ"

"​အေ့ပါ နင်​မသိဘူးဘဲထားလိုက်​ပါ​တော့"

မေ အောက်​ထပ်​ကိုဆင်းလာ​တော့ သူက sofa ​ပေါ်မှာ လှဲ​နေရင်း ဖုန်းသုံး​နေသည်​. . Sofa ​ပေါ်မှာ အိပ်​တာ ​မေတစ်​စက်​မှ မကြိုက်​ပါ ကိုယ်​ကမိန်းက​လေး ဧည့်​ခန်းထဲမှာ ပိုးလိုးပက်​လက်​နဲ့ တစ်​​ယောက်​​ယောက်​ဝင်​လာ​တော့ မခက်​​ပေဘူးလား. . အိပ်​ချင်​ရင်​ အခန်းထဲဝင်​အိပ်​​ပေါ့ . .

-------------------------------------------

နွယ်​​ကျေးဇူးနဲ့ သူမ Wattpad ဖတ်​တတ်​လာသည်​ အစက normal အတွဲ​တွေကိုသာဖတ်​​ပေမဲ့ အခုဆို lesbian fic​တွေ gay fic ​တွေလည်းဖတ်​တတ်​လာသည်​. . . အခုလည်း သူဖတ်​​နေရင်း ကိုက်​စရာမရှိ ကိုယ့်​လက်​ကိုပြန်​ကိုက်​​နေရသည်​ ရိုတာရိုတာဆို​လေ author ​ဒေက FA မို့လို့ သူတို့မရိုရတိုင်း သူတို့OTP ကို ပစ်​ခတ်​ရိုပလိုက်​တာများလားလို့​တွေးမိသည်​😁😂😂

မိုးသားမိန့်​မိန့်​ Where stories live. Discover now