"ပျော်စရာ ကိစ္စရှိလို့လား မမ မျက်နှာကလန်းနေတယ်"
အတွင်းရေးမှူးမလေးက ပြောမှ ပြုံးရွှင် နေတဲ့ မျက်နှာကြီးကို ပြန်တည်ဖို့ မေသတိရသည်
" အင်း ဘာရယ် မဟုတ်ပါဘူး ညက အိပ်ရေး ၀၀ အိပ်ခဲ့ရလို့ဖြစ်မယ် "
အိပ်ရေး ၀၀ အိပ်ခဲ့ရတယ် မေ ရူးများနေတာလား
တညလုံး မိန့်မျက်နှာကို ငေးရင်း နိုးတ၀က် အိပ်ခြင်း သာဖြစ်ခဲ့ကြောင်း မိမိ ကိုယ်ကို အသိဆုံးးflashback
သူမ လည်း သိပ်သောက်နိုင်သူ မဟုတ်ပေမဲ့ အရှေ့က နှစ်ခွက်တည်းနဲ့ မှောက်နေသော လူထူးလူဆန်းကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူချင်သလိုလိုတောင် ဖြစ်သွားသည်
ဝိုင်နှစ်ခွက်နဲ့ အိပ်ပျော်သွားရအောင် သူက ဘာလဲနည်းနည်း ရီဝေေ၀ ဖြစ်နေလို့ သူမ မျက်စိတွေ ကြောင်တောင်တောင် ဖြစ်နေသည် ထင်သည် သူမ ရှေ့က စားပွဲပေါ်မှောက်နေတဲ့ လူသားဟာ မျက်စိမလွှဲချင်အောင် ငေးမောချင်စရာကောင်းနေသည်
"အင်းးးး"
မိန့်က လှုပ်လာတော့ သူမ မျက်ခုံးတို့ကို ပင့်တင်လိုက်ရင်း
"မိန့် အိပ်ချင်ရင် အခန်းထဲ ပြန်အိပ် "
သူမ ပြောလိုက်ပေမဲ့ မိန့်က ကြားဟန်မတူ
သူမ က ကြားအောင် မပြောလိုက်တာလည်း ဖြစ်နိုင်သည်
မိန့်က အနည်းငယ်လှုပ်၍ ပြန်အိပ်သွားသည်" မင်းဒီလို ဆက်အိပ်နေရင် မနက်ရောက်ရင် ခါးနာနေတော့မှာ "
အဲ့ဒီနောက် မေ သူ့ လက်အောက်ကို ၀င်ပီး ကုတင်ပေါ်သို့ ခရီးနှင်သည်
မိန့် ဟာ ပိန်ပိန်ပါးပါးပေမဲ့ သူမထက် အရပ်ရှည်နေတာကြောင့် တွဲပို့ခြင်းဟာထင်သလောက် မလွယ်ကူကုတင်နားရောက်တော့ မိန့်ကို ပစ်ချလိုက်ရင်း မိန့်လက်အောက် က သူမ ပါ ကုတင်ပေါ်သို့ ဖရိုဖရဲ ကျသည်
ဆံပင် ဖရိုဖရဲ နှင့် ၀င်းမွတ်နေတဲ့ မိန့်မျက်နှာဟာ အကြည့်လွှဲလိုက်ဖို့ နှမြောစရာကောင်းသည်
အဲ့ဒီနောက် မိန့်က မျက်လုံးပွင့်လာသည်
သူမ အဲ့ဒီအချိန်အထိ အကြည့်တို့ လွှဲလိုက်ဖို့ စိတ်ကူးမရှိ