" မင်း တစ်ချိန်လုံး အဲ့ဒါပဲ ဆော့နေတော့မှာလား မိန့်"
"ဟင်"
"စောနက လည်းတစ်ချိန်လုံး ညစာစားပွဲမှာ မြင်မကောင်းဘူး "
" လုပ်စရာမှ မရှိဘဲ မ ရယ် မ တို့ စကားဝိုင်းမှာ မိန့် ဘာဝင်ပြောတတ်မှာလဲ "
"မင်း ကို မိတ်ဆက်ပေးတယ်မဟုတ်ဘူးလား "
"မိတ်ဆက်ပေးတယ်လေ မိတ်ဆက်တုန်းက မိန့်လည်းဝင်ပြောတာပဲ ပီးတော့ကျ မ တို့ပြောနေတဲ့ ဂြိုလ်သားစကားတွေ မိန့်မှ နားမလည်ဘဲ ကမ်းခြေရောက်တာတောင် အလုပ်အကြောင်းတွေ ချည်းပြောနေတာ "
ဖြစ်ရလေ သူ့ဟာ့သူ အလုပ်အကြောင်း မသိတာနဲ့ ပဲ မိမိတို့ စကားတွေက ဂြိုလ်သားစကားတွေဖြစ်ရသေးတယ်
"ကမ်းခြေကိုလာတာဆိုပေမဲ့ အစကတည်းက အလုပ်သဘောအရလာတာပဲ ဆုံကြတွေ့ကြရင် ဒီလိုစကားတွေ ပဲ ပြောကြမယ်ဆိုတာ မင်းရိပ်မိဖို့ကောင်းတာပေါ့"
"အခုသိသွားပါပီ အဲ့ဒါကြောင့် မနက်ဖြန် ဖွင့်ပွဲကြရင် မိန့် မလိုက်တော့ဘူး ဒီမှာပဲနေရစ်ခဲ့မယ်"
" သဘောပဲ "
---------------------------------------------
မနက်သူနိုးတော့ သူမ ဖီးတုန်းလိမ်းတုန်း
သူနိုးလာတာ ကို မြင်လျှင်"နိုးသွားတာလား sorry "
သူက ဘာမှ မဖြစ်ပါဘူး ဆိုတဲ့ သဘောနဲ့ ခေါင်းခါပြလိုက်ကာ
"ရပါတယ် မိန့်က ဒီ အချိန်ဆို ပုံမှန်ကိုး နိုးနေတာ တစ်ယောက်ယောက်က မနက်တိုင်း ၇နာရီ ထိုးတာနဲ့ အဆင်သင့်ဖြစ်အောင်လုပ်ခိုင်းထားတတ်လို့လေ"
"ဟုတ်လား ကောင်းတာပေါ့ မနက်စောစော ထတတ်တဲ့ အကျင့်ဖြစ်သွားတာပေါ့ မင်း အဲ့ဒီ တစ်ယောက်ယောက်ကို ကျေးဇူးတင်သင့်တယ် "
"အင်း ကျေးဇူးတင်ပါတယ် ကျေးဇူးဆပ်ဖို့တောင် တွေးထားတာ "
"ကျေးဇူးဆပ်ဖို့ မပြောပါဘူး ကျေးဇူးတင်ရင်ပဲရပီ "
ကျိပါလား ဘွားတော်ဟာ သူမ အပေါ်သေးသေးတင်တောင် မခံတာပါ သူလည်း ဘာမှ ဆက်မပြောပဲ သူမ ရဲ့ လှုပ်ရှားပုံတိုင်းကို ကျိနေလိုက်သည်