9

2.2K 200 86
                                    

"မမ မနက်စာ ပြင်ထားတယ် "

တမင်မျက်နှာချင်းမဆိုင်ရဲလို့ အစောကြီးထွက်လာခါမှ သင်းက မိမိ အကြံအစည်ကို ကြိုသိနေသလားမသိ. . .

မေ အနည်းငယ်ကိုင်းနေသော ခါးကို ပြန်တည့်မတ်ရင်း အနောက်ကို လှည့်ကြည့်လိုက်တော့ ထမင်းစားခန်း အ၀မှာ  မိန့်က မတ်တပ်ရပ်နေရင်း ပြုံးလျက်ကြည့်နေသည်

"အစောကြီးရှိသေးတာကို မနက်စာ မစားတော့ဘဲ Company သွားတော့မလို့လား "

"အင်း အရေးကြီး meeting ရှိလို့လေ မင်းက မနက်အစောကြီးကို နိုးနေတာလား "

" မဟုတ်ဘူး ညကတည်းက သေချာကို မအိပ်ရသေးတာ"

မိန့် ဘာကိုဆိုလိုလဲ ဆိုတာသိတာမို့ အကြည့်တို့ကို မိန့်ဆီကနေလွှဲလိုက်ရင်း

" တို့သွားတော့မယ် နောက်ကျနေမှာ စိုးလို့"

မိန့်က ပြေးလာပီး သူမရှေ့မှာ လမ်းပိတ်သည်
ဆံပင်အနည်းငယ်ပိုပွနေတာက လွဲရင် မနေ့ညက ပုံစံအတိုင်း ရှိနေသေးသော မိုးသားမိန့်မိန့် က ဖရိုဖရဲနှင့် ဆွဲဆောင်မှုရှိသည်

"နည်းနည်းတော့ စားသွားဦးမှပေါ့ မိန့်သေချာပြင်ထားတာ မမအတွက်"

မိန့်က မျက်နှာငယ်ကလေးနှင့်ဆိုသည်
ခက်ရချည်ရဲ့ သီရိမေရဲ့ အားနည်းချက်က မျက်နှာညှိုးနေတဲ့ မိုးသားမိန့်မိန့်တဲ့လား

သူမ ထမင်းစားခန်းထဲသို့ ပြန်သွားလိုက်သည်  တွေ့ပါပီ သူမ အတွက် သေချာ ပြင်ဆင်ထားတဲ့ မိုးသားမိန့်မိန့် ရဲ့ မနက်စာ
ပေါင်မုန့် မီးကင်ရယ် စတော်ဘယ်ရီ ယိုဘူးရယ် ကော်ဖီရယ်
ကောင်းလိုက်တာ

"မိန့် စတော်ဘယ်ရီ ယို သုတ်ပေးရမလား"

"နေတော့ ရတယ် ကိုယ့်ဖာသာ လုပ်လိုက်မယ် "

ပေါင်မုန့် နှစ်ချပ်နဲ့ ကော်ဖီကို သူမ ကမန်းကတမ်းသွင်းလိုက်သည်

"စားပီးပီ သွားတော့မယ် "

သူမ ထပီး ထမင်းစားခန်းထဲက ထွက်မည်လုပ်တော့ မိန့်က သူမ လက်ကို လှမ်းဆွဲသည်

"မမ "

"---"

"မမ မိန့်ကို ချစ်လာဖို့ အစီအစဉ်မရှိဘူးလား"

You've reached the end of published parts.

⏰ Last updated: May 31, 2019 ⏰

Add this story to your Library to get notified about new parts!

မိုးသားမိန့်​မိန့်​ Where stories live. Discover now