Chapter-1 ငါ ,ဧကရာဇ်
ပိန်းဖန်း နေပြည်တော်တွင် နေမင်းက တောက်ပစွာထွန်းလင်းနေသည်။နံနက်စောစောမှာ အားလုံးက ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်။လူကြီးတွေက သူတို့၏အိမ်လုပ်ငန်းများကို ဝီရိယရှိစွာလုပ်ဆောင်နေကြပြီး ကလေးများသည် လမ်းဘေး မှာ လွတ်လပ်စွာကစားနေကြ၏။ အများစုက ယနေ့အတွက် သူတို့၏အလုပ်တွေပြီးဆုံးနေသရွေ့ ပူပြင်းသော အပူရှိန်ကို စ်ိတ် အနှောင့်အယှက်မဖြစ်ကြပါ။
ထိုအချိန်အတောအတွင်းမှာ နေပြည်တော်အရှေ့ဘက်၌ နေရောင်အောက်မှာ မျက်စိကျိန်းစရာကောင်းလှသော ပင်လယ်ကြီးကို လူတိုင်းတွေ့မြင်နိုင်သည်။ ငါးဖမ်းရန် ရွက်လွှင့်ဖို့ပြင်ဆင်နေသော တံငါသည်များကိုလည်း တွေ့နိုင်သည်။ ပိန်းဖန်း နေပြည်တော်သည် ငါးလုပ်ငန်းပေါများကြွယ်ဝလေသည်။တခြားနိုင်ငံများထက်လည်း ကောက်ရိတ်သိမ်း လုပ်ငန်းများ လည်း အဆင်ပြေချောမွေ့လှ၏။
တပ်သားများကိုလည်းကောင်းစွာလေ့ကျင့်ပေးထားပြီး တိုက်ပွဲတိုင်းသည်လည်း အောင်မြင်မှုဆောင်ယူလာနိုင်သည်ချည်းသာ။ လက်ဝတ်တန်ဆာအပေါစားတွေ မရှိဘဲ ရွှေများ ငွေများကိုသာ ပေါများစွာတွေ့ရသည်။
ပိန်းဖန်းနေပြည်တော်သည် အစဉ်အမြဲတက်ကြွစွာတည်ရှိသည်။ ထို့ပြင် ကျယ်ပြောလှသောပင်လယ်ပြင်ကိုမျက်နှာမူပြီး တောင်ထိပ်မှာတည်ရှိသော ခမ်းနားသည့်နန်းတော်ကြီးကြောင့်လည်း ပို၍ လှုပ်ရှားတက်ကြွရပါသည်။ ကြွေထည်များဖြင့် လုပ်ထားသော နံ၇ံများကို နေရောင်ထိတွေ့လိုက်လျှင်ပင် နန်းတော်ကြီးသည် တောက်ပစွာ ထွန်းလင်းလာ၏။ ထိုနန်းတော် ကိုပိုင်ဆိုင်သောသူ၏ အရှိန်အဝါကိုလည်း ထွက်ပေါ်လာစေသည်။
နန်းတော်အတွင်းတွင် နေထိုင်သော ဧကရာဇ်သည် ငယ်ရွယ်ချောမောပြီး ဖခမည်းတော်နတ်ရွာစံကတည်းက အသက် ၁၈ နှစ် အရွယ်တည်းကပင် တိုင်းပြည်ကိုအုပ်ချူပ်ခဲ့လေသည်။ သူ့ မတိုင်ခင်သူ့ခမည်းတော်နှင့် အခြားဘုရင်များထက်ပင် နိုင်ငံကို ထိပ်ဆုံးရောက်အောင် အုပ်ချူပ်နိုင်ခဲ့၏။ လူတိုင်းသည် သူ့ကို ဦးညွှတ်လေးစားကြသည်။ မည်သူကမျှ မလေးမစား မလုပ်ရဲကြ။ အဘယ်ကြောင့်ဆိုသော် သူသည်ရက်စက်တတ်သော ထက်မြက်သော ဧကရာဇ် တစ်ပါးဖြစ်သော်ကြောင့်….
သူသည် တာဝန်သိသော လူငယ်တစ်ယောက်ဖြစ်ပြီး အလုပ်ကြိုးစားသော သူတွေအတွက် ချီးမြှောက်၇န် မေ့လျော့ခြင်းမရှိခဲ့။ သို့သော်သူ့တွင် သူနှင့်အတူတူ နိုင်ငံတော်ကိုအုပ်ချူပ်ရန် မိဖုရား မရှိပေ။ သူ့အသက် ၂၇ နှစ်သာရှိသေးသည့်အတွက် မိဖုရား လိုအပ်သည်ဟုလည်းမထင်ပါ။ ထို့ကြောင့် မည်သည်ကို အလောကြီးစရာလိုမည်နည်း???
သို့ပေမယ့်လည်း အချိန်တိုင်းလိုလို သူ့၏၀န်ကြီးများသည် သင့်တော်သည့် မိဖုရားမထားရှိသည့်အတွက် အထွန့်တက်ပြောဆို ကြသည်။ ထိုအခါမျိူးတွင် သူ မည်သူဆိုတာ သိစေခြင်းအားဖြင့် ပါးစပ်များကိုပိတ်စေခဲ့၏။
VOUS LISEZ
ဧကရာဇ်ရဲ့နိုက်တင်းဂေးလ် လေး [translation]
Fiction Historiqueအသံ......ကြားရသူတိုင်းစွဲလန်းနိုင်သည့် သာယာနူးညံ့လှသော အသံ။ သူကတော့ ထို အသံလေးကိုရော အသံဖြစ်တည်စေသည့် သူကိုရော ပိုင်ဆိုင်ချင်ခဲ့လေပြီ။ #Myanmar translation #original_title= Emperor's Nightingale #credit_ BlacklYandDarksk မူရင်းစာရေးသူ၏ခွင့်ပြုချက်ဖြ...