Here the second part of chapter 3.
Zhu Yuသူမ၏ ပြည့်ဖောင်းသော သွင်ပြင်ကို တကယ်မနှစ်သက်ပါ။ ထို့ကြောင့် စစ်သူကြီးက သူမခန္ဓာကိုယ် ပြည့်ဖြိုးခြင်းကို ပြောလိုက်သောအခါ သူမက စစ်သူကြီးက သူမကို ဝသည်ဟုမပြောဘဲ သွယ်ဝိုက်သောနည်းဖြင့် စော်ကားသည်ဟုထင်သွားသည်။ စစ်သူကြီးက Zhu Yuတွင် သူအတွက်ဖက်ထားရန် အလွန်ကောင်းပြီး သူ့ကို သက်တောင့်သက်သာဖြစ်စေမည့် ခန္ဓာကိုယ်ရှိသည်ဟု အသည်းအသန်တွေးနေချိန်တွင် ကျွန်တော်တို့ ဇာတ်လိုက်မင်းသမီးလေးကတော့ ထိုစကားကို မယုံကြည်ဘဲ သူမကို စော်ကားသည်ဟုပဲ တွေးနေလေတော့သည်။A/Nကိုယ်ကအဆီတွေပိုများပါတယ်။ကိုယ့်ကိုလာဖက်စမ်းပါကွယ် ။ #wink wink
အခန်း၃ အပိုင်း ၂
"....." သူမမျက်နှာမဲမှောင်သွားသည်။ "ကျွန်မက ပြည့်တာ ၀တာမဟုတ်ဘူး။" သူမအမုန်းဆုံးမှာ သူမကိုယ်ပေါ်က အသားများဖြစ်သည်။ အခြားမိန်းကလေးများ မျက်နှာချေဖိုးအတွက် အကုန်အကျခံနေချိန်တွင် သူမက အဝတ်အစားဝယ်ရန်သူများတကာထက် ငွေပိုသုံးစွဲဖြစ်သည်။
"မင်းကို ဘယ်သူမှဝတယ်လို့ မပြောပါဘူး။" ထိုလှပသော အမျိုးသားက သူမကို ကြည့်ရင်းပြောလိုက်သည်။ သူ့အသံက မိုးမခပင်များကဲ့သို့ ပျော့ပျောင်းသော်လည်း အမှန်တကယ်နားထောင်၍ကောင်းသည်။ "မင်းခုနက ဘာကဗျာ၇ွတ်လိုက်တာလဲ။"
တကယ်ပါပဲ။ ထိုသူက ရုပ်ရည်ကြည့်ကောင်းရုံသာမက အသံကလည်း နားထောင်ကောင်းလှသည်။ ထိုသူ၏ရုပ်ရည်ကြောင့်ပင် သူမကို ပြောသောစကားများကို ခွင့်လွှတ်ရန်သူမဆုံးဖြတ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းရွတ်လိုက်တာ။" သူက ကဗျာကိုသေချာနားထောင်ထားခြင်းတော့မဟုတ်ပေ။
"မင်းလက်ထဲကဟာက ဘာလဲ?" ထိုချောမောသည့်ယောက်ျားကဆက်လက်မေးနေခဲ့သည်။
"Oh, ဒါက လက်ဖက်ရည်ပါ။" Chu Zhu Yu အခုမှသတိထားမိသည်။ သူမလက်ဖ်ရည်ခွက် ပူပူကြီးကိုကိုင်ထားနေမိခြင်းပင်။
"အနံ့လေးကောင်းသားပဲ." သူကပြောခဲ့သည်။Chu Zhu Yuသူမလက်များပေါ့သွားသည်ကို သတိထားမိလိုက်ချိန်တွင်တော့ သူမလက်ဖက်ရည်ခွက်က အခြားသူလက်ထဲသို့ရောက်ပြီးဖြစ်လေသည်။
YOU ARE READING
Let Me Hug And Sleep!
Historical FictionAuthor Qian Caoရဲ့ Novelလေးကို ဘာသာပြန်ထားတာပါ။ အိပ်မပျော်ခြင်းရောဂါကို ခံစားနေရတဲ့ စစ်သူကြီးတစ်ဦးနဲ့ သူမရဲ့ လက်ဘက်ရည်ဆိုင်လေးကို စောင့်ရှောက်နိုင်မဲ့ ခင်ပွန်းတစ်ဦးကို လိုအပ်နေတဲ့ မိန်းကလေး... သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်လာမလဲ။ Author Qian Cao...