Zawgyi
မြင်းများအားလုံး မောပန်းနွမ်းနယ်လာပြီး သူတို့ပါးစပ်မှ အမြုပ်ဖြူဖြူများပင် ထွက်နေကြသည်။
"စစ်သူကြီး မြင်းတွေက ဆက်မသွားနိုင်လောက်တော့ဘူး။" Liu Shan ကပြောလိုက်သည်။
"နောက်ထပ်ရပ်နားစခန်းတစ်ခုရောက်အောင် သွားလိုက်။ ပြီးရင် မြင်းတွေကို အသစ်ပြောင်းလိုက်တော့။!" Xiao Zhi အေးတိအေးစက်ပြောလိုက်သည်။
"ဟုတ်ကဲ့!"
သုံးရက်တိုင်တိုင် မရပ်မနားပြေးလွှားပြီးနောက် သူ့ရင်ခွင်ထဲမှ အမျိုးသမီးအတွက် မြင်းကောင်းများစွာကိုပင် အဆုံးရှုံးခံခဲ့သည်။...
ခမ်းနားကြီးကျယ်သော နန်းဆောင်ထဲတွင် မင်းသမီး(၁၀) Dai Rui Qin တစ်ယောက် အိပ်ယာပေါ်တွင်လှဲလျောင်းနေသော်လည်း အိပ်မပျော်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမကိစ္စကိုတာဝန်ယူထားသော အစေခံအမျိုးသမီးမှာ ရက်ပေါင်းများစွာကြာသွားသော်လည်း ပြန်ရောက်မလာသေးသောကြောင့်ဖြစ်သည်။ သူမလက်ခံရရှိသော နောက်ဆုံးခိုစာထဲတွင် ထိုအမျိုးသမီးက Luo Yangသို့ပြန်လာနေပြီဟုဖော်ပြထားသည်။ ရက်တွက်ကြည့်လိုက်လျှင် ထိုမိန်းမပြန်ရောက်သင့်နေလေပြီ။ သို့သော်...
ဘာဖြစ်နေသည်ကိုမသိသော်လည်း Dai Rui Qin စိတ်မသက်မသာ ခံစားနေရသည်။ ယနေ့ညမှ လကလည်း အလွန်ပင်မှိန်နေသည်မှာ တစ်စုံတစ်ခုဖြစ်လာတော့မည့်ပမာပင်။
"လာကြစမ်း!" သူမ လှဲလျောင်းနေရာမှ ထလိုက်သည်။
"မင်းသမီး...တစ်ခုခုခိုင်းချင်လို့လား။?" ညစောင့်တာဝန်ကျသော အစေခံမှ မေးလိုက်သည်။
"အပြင်သွားပြီး မီးအိမ်တွေကို ထွန်းထားလိုက်။"
အစေခံက နာခံစွာပင် ဖယောင်းတိုင်ကိုယူကာ မီအိမ်များကို မီးညှိရန်ထွက်သွားသော်လည်း အချိန်တော်တော်ကြာသည်အထိပြန်မလာခဲ့ပေ။
"တစ်ယောက်ယောက်! မြန်မြန်လာကြစမ်း။!" သူမစိတ်မရှည်တော့ဘဲ အော်လိုက်သည်။
တိုးညှင်းသော ခြေသံကသူမထံတိုးကပ်လာပြီး အနီရောင်ဖယောင်းတိုင်တစ်ပိုင်းက သူမခြေထောက်နားသို့ လိမ့်လာသည်။
YOU ARE READING
Let Me Hug And Sleep!
Historical FictionAuthor Qian Caoရဲ့ Novelလေးကို ဘာသာပြန်ထားတာပါ။ အိပ်မပျော်ခြင်းရောဂါကို ခံစားနေရတဲ့ စစ်သူကြီးတစ်ဦးနဲ့ သူမရဲ့ လက်ဘက်ရည်ဆိုင်လေးကို စောင့်ရှောက်နိုင်မဲ့ ခင်ပွန်းတစ်ဦးကို လိုအပ်နေတဲ့ မိန်းကလေး... သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်လာမလဲ။ Author Qian Cao...