ဤလက်ဖက်ရည်ဆိုင်လေးကို သူမမရောက်ဖြစ်သည်မှာ မည်မျှကြာသွားပြီနည်း။... သူမ ခန္ဓာကိုယ် အပြည့်အဝပြန်ကောင်းမလာခင်အထိ ကိစ္စတော်တော်များများကို သူမကြုံတွေ့ခဲ့ဖူးခဲ့ပြီ။ တွက်ကြည့်လိုက်လျှင် လတော်တော်များများပင် ကုန်သွားပြီဖြစ်သည်။
Chu Zhu Yu၏ ကိုယ်ဝန်မှာ ခြောက်လထဲရောက်နေပြီဖြစ်ပြီး သူမယခု Chuအိမ်တော်သို့ ပြန်ရောက်နေခြင်းဖြစ်သည်။
"Chu Zhu Yu နင်က Chuမျိုးရိုးမျက်နှာကို နာမည်ဖျက်နေတာပဲ။!"
မျိုးရိုးကို နာမည်ဖျက်တယ်။? သူမကလေ။? Oh... အစကတော့ အဲ့ဒီလို လုပ်ဖို့ရည်ရွယ်ခဲ့မိတာပါ။ ဒာပေမဲ့နောက်ဆုံးတော့ သူမထိုရည်ရွယ်ချက်ကို မေ့တောင်မေ့သွားခဲ့ပြီ။
"နင်က ငါ့အစ်မတစ်ဝမ်းကွဲဆိုပေမဲ့ တော်တော်အရှက်မရှိတဲ့ မိန်းမပဲ။ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတယ်။ နင်တကယ်လို့ ဝက်ခြံထဲမှာ အပိတ်ခံရမယ်ဆိုရင်တောင် ငါနင့်အတွက် စကားတစ်ခွန်းမှဝင်ပြောမပေးဘူး။"
အေးပော့။ သူတို့က ဘယ်လိုလုပ်ပြီး သူမအတွက် စကားကောင်းဝင်ပြောမှာတုန်း။ အစကတည်းက သူတို့က လက်ဖက်ရည်ဆိုင်လုပ်ငန်းကို အချောင်လိုချင်နေကြတာကို။
Chu Zhu Yu လက်ခုပ်တစ်ချက်တီးကာ အားယူလိုက်သည်။ ထို့နောက် သူမရှေ့တွင် အာပေါင်အာရင်းသန်သန်နှင့် အတိုင်အဖောက်ညီစွာပြောနေကြသော သားအဖနှစ်ယောက်ကို ကြည့်လိုက်သည်။"ရပါတယ်... ဒါပေမဲ့ ကျွန်မက လက်ထပ်ဖို့လုပ်ပြီးပြီရယ်။!" ဤမနက်အစောကပင် Jue Qingက နန်းတွင်းသို့ဝင်၍ ဘုရင် မင်းမြတ်နှင့် တွေ့ဆုံခဲ့ပြီး မိဖုရားကြီးထံမှ လက်ထပ်ခွင့် အမိန့်ကို တောင်းခံခဲ့သည်။
"လက်ထပ်ပြီးပြီ။?နင်နဲ့ ဘယ်သူနဲ့လဲ။?" Chu Zhu Yu၏ ဦးလေး အကြီးဆုံးက မေးလိုက်သည်။
"နင်က အခု ငါးပူတင်းလို ဗိုက်နဲ့ဖြစ်နေတာ ဘယ်သူက နင့်ကို ယူမှာလဲ။?" သူမ၏ မောင်ကပါမေးလိုက်သည်.။
"ကျွန်မက ဒီကလေးရဲ့ အဖေနဲ့ပဲ လက်ထပ်မှာပါ.။" သူမ ယုံကြည်ချက်ရှိရှိပင်ပြောလိုက်သည်။
YOU ARE READING
Let Me Hug And Sleep!
Historical FictionAuthor Qian Caoရဲ့ Novelလေးကို ဘာသာပြန်ထားတာပါ။ အိပ်မပျော်ခြင်းရောဂါကို ခံစားနေရတဲ့ စစ်သူကြီးတစ်ဦးနဲ့ သူမရဲ့ လက်ဘက်ရည်ဆိုင်လေးကို စောင့်ရှောက်နိုင်မဲ့ ခင်ပွန်းတစ်ဦးကို လိုအပ်နေတဲ့ မိန်းကလေး... သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်လာမလဲ။ Author Qian Cao...