Xiao Ren စစ်သူကြီးအိမ်တော်တွင် အလုပ်လုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သော်လည်း စစ်သူကြီးဤကဲ့သို့ လေးရက်ဆက်တိုက်မျှ စိတ်ကောင်းဝင်နေသည်ကို တစ်ခါမှမကြုံဖူးသေးပေ။
ဤရက်ပိုင်းတွင် စစ်သူကြီးတစ်ယောက် ညတိုင်းပျောက်နေသော်လည်း နောက်တစ်နေ့မနက်တိုင်းတွင် သူ့အခန်းတွင်းမှပြန်ထွက်လာသည်ကိုတွေ့နေရသော်ကြောင့် Xiao Renတစ်ယောက် ပထမဆုံးတစ်ရက်ကဲ့သို့ စိုးရိမ်တကြီးလိုက်ရှာမနေတော့ပေ။
လက်ထဲမှဖိတ်စာကို Xiao Zhiအား လေးလေးစားစားကမ်းပေးလိုက်ပြီး Xiao Renခေါင်းငုံ့ကာ သူ့သခင်၏ အရိပ်အခြေကို အကဲခတ်နေလိုက်သည်။
Xiao Zhiဖိတ်စာကိုဖတ်ပြီးသော်လည်း သူ့မျက်နှာထားကတော့ အပြောင်းအလဲမရှိပေ။
ဖိတ်စာအားပို့လိုက်သူမှာ နန်းတွင်းမှ သတ္တမမင်းသားဖြစ်သည်။ အခုချိန်အထိ မင်းကြီးက အိမ်ရှေ့စံရာထူးအတွက် မရွေးချယ်ရသေးသော်လည်း ဤမင်းသားမှာ စိတ်သဘောထားနူးညံ့ကာ ပညာရှိပြီး သင့်တော်သောသူတစ်ယောက်ဖြစ်သည်။သို့သော်သူ့တွင် အင်အားကြီးမားသော ကျောထောက်နောက်ခံကောင်းကောင်းတော့မရှိပေ။ နန်းတော်တွင်းတွင် အာဏာရလိုသော မင်းသားများရှိလေရာ သတ္တမင်းသားသည်လည်း အိမ်ရှေ့မင်းသားနေရာကို ရလိုသော ရည်မှန်းချက်ရှိသူတစ်ယောက်ဖြစ်သည်။
တော်ဝင်သတ္တမမင်းသားသည်လည်း စစ်သူကြီး၏သနားစရာကောင်းသော သူငယ်ချင်းတစ်ယောက်ဖြစ်ပေသည်။
"Xiao Ren မြင်းလှည်းပြင်ထားလိုက်။"
"ဟုတ်ကဲ့။" Xiao Renအမိန့်နာခံစွာပင် အလျင်အမြန်ပြင်ဆင်လေသည်။
နောက်တစ်နေ့တွင် Xiao Zhiညစာစားတော့မည့်အချိန်တွင် သတ္တမမင်းသားမှာ ရုတ်တရက်ရောက်ချလာလေသည်။ သူသည်နန်းတွင်းတွင် ကျော်ကြားသူတစ်ယောက်ဖြစ်သည့်အလျောက် သူ့အပေါ်Xiao Zhi၏သဘောထားပြောင်းလဲသွားသလားကို သိလို၍လာခြင်းဖြစ်သည်။ သူတို့နှစ်ယောက် မိတ်ဆွေဖြစ်သည်မှန်သော်လည်း Xiao Zhiကို သူ့ဘက်ပါလာအောင် ဆွဲဆောင်ရန်မှာ လွယ်တော့မလွယ်ပေ။
ESTÁS LEYENDO
Let Me Hug And Sleep!
Ficción históricaAuthor Qian Caoရဲ့ Novelလေးကို ဘာသာပြန်ထားတာပါ။ အိပ်မပျော်ခြင်းရောဂါကို ခံစားနေရတဲ့ စစ်သူကြီးတစ်ဦးနဲ့ သူမရဲ့ လက်ဘက်ရည်ဆိုင်လေးကို စောင့်ရှောက်နိုင်မဲ့ ခင်ပွန်းတစ်ဦးကို လိုအပ်နေတဲ့ မိန်းကလေး... သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်လာမလဲ။ Author Qian Cao...