We are in the middle of the Novel now, It means, I still have half to end this translation project. So, far I really enjoy doing this translation that's why I try my best to make update for it.
This chapter ten is about the one of the Emperor daughter, The Tenth Princess who is well known and fame of her beauty and her pride in the palace. She is the favorable princess of the current Emperor and also the love rival for Zhu Yu.
She could be very rude and wicked for obtaining what she wants. Even killed someone...
Xiao Zhi၏ မနေ့ညက အူကြောင်ကြောင် အပြုအမူများမှလွဲ၍ ကျန်ရက်များတွင်တော့ Chu Zhu Yu မည်သည့် ထူးဆန်းမှုကိုမှ မခံစားရတော့ပေ။ ငြိမ်းချမ်းသော နေ့ရက် အချို့အားကျော်လွန်ခဲ့ပြီး တစ်ရက်တွင်တော့ ဘုရင်မင်းမြတ်နာမကျန်းဖြစ်လေသည်။ ထိုအကြောင်းကြောင့် Luo Yangတစ်မြို့လုံးပင် အလွန်တိတ်ဆိတ်နေလေသည်။
စစ်သူကြီးအိမ်တော်တွင် မည်သူမှ သက်ပြင်းပင်ရဲရဲမချနိုင်ရာ လူတိုင်းစိတ်ဖိစီးနေကြသည်။
စစ်သူကြီးလည်း နန်းတော်တွင်းသို့ ဆင့်ခေါ်ခံရသည့် အကြိမ်ရေများလာရာ အိမ်တော်ထိန်းXiaoပင် မျက်နှာမကောင်းနိုင်တော့ပေ။
နန်းတော်တွင်းတွင်~~~~
ဘုရင်မင်းမြတ် နန်းဆောင်တွင်းမှ ထွက်လာသော Xiao Zhiမျက်နှာမှာ လွန်စွာ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ဘုရင်မင်းမြတ်မှာ အသက်အရွယ် ကြီးမြင့်နေပြီဖြစ်သည့်အပြင် ဤနှစ်ပိုင်းတွင် ကျမ်းမာရေးဆုတ်ယုတ်လာခဲ့သည်။ ဤတစ်နှစ်ထဲပင် သုံးကြိမ်တိုင်တိုင် နာမကျမ်းဖြစ်ခဲ့ပြီး တစ်ကြိမ်ထက်တစ်ကြိမ်ပိုမိုသာ ဆုတ်ယုတ်လာခဲ့သည်။
Luo Yangတစ်မြို့လုံး ဖိအားများရှိနေခဲ့သော်လည်း သူကတော့ ဤရက်ပိုင်းတွင် Cong Zhouနယ်မှ ပုန်ကန်သူများကို သွားရောက်နှိမ်နင်းရပေမည်။ အကယ်၍ သူမရှိခိုက်သာ တစ်စုံတစ်ရာဖြစ်သွားခဲ့လျှင် Luo Yangမြို့၏ အခြေအနေအားမတွေးဝံ့စရာပေ။
"အစ်ကို Xiao. ခမည်းတော် အခြေအနေဘယ်လိုရှိလဲ။?" အပြင်ဘက်တွင်စောင့်နေသော သတ္တမမင်းသားက Xiao Zhiအားတွေ့သည်နှင့် မေးလိုက်သည်။
"တော်ဝင်သမားတော်ပြောတာကတော့ မင်းကြီးဒီတစ်ကြိမ်တော့ ဘာမှမဖြစ်တော့ပါဘူးတဲ့။" ဟုတ်ပါသည်.။ ဤတစ်ကြိမ်တွင် မင်းကြီးဘာမှမဖြစ်နိုင်တော့သော်လည်း နောက်တစ်ကြိမ်သာ နေမကောင်းဖြစ်ခဲ့လျှင်တော့ အာမမခံနိုင်တော့ပေ။
YOU ARE READING
Let Me Hug And Sleep!
Historical FictionAuthor Qian Caoရဲ့ Novelလေးကို ဘာသာပြန်ထားတာပါ။ အိပ်မပျော်ခြင်းရောဂါကို ခံစားနေရတဲ့ စစ်သူကြီးတစ်ဦးနဲ့ သူမရဲ့ လက်ဘက်ရည်ဆိုင်လေးကို စောင့်ရှောက်နိုင်မဲ့ ခင်ပွန်းတစ်ဦးကို လိုအပ်နေတဲ့ မိန်းကလေး... သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်လာမလဲ။ Author Qian Cao...