Kaisoo
ဆေးရုံဝန်းထဲသို့ ကောင်မလေးတစ်ယောက် လျှောက်လာနေသည်။ မနက် နေထွက်နေခြင်းက တက်ကြွမှုတွေကို ယူဆောင်ပေးသည့်အလား ဆေးရုံဝန်းထဲ၌ လှုပ်ရှားသွားလာနေသူများ အပြင်ထွက်ပြီးနေပူဆာလှုံနေသော လူနာများနှင့် ပြည့်နှက်နေပြီး လျှောက်လာနေသော ကောင်မလေးကို တစ်ယောက်ပြီး တစ်ယောက် လက်ပြပြီးနှုတ်ဆက်နေကြသည်။ သူမနာမည်ကတော့Soo ထိုဆေးရုံက nurseမလေးတစ်ယောက်ပါ။ Sooဆိုတဲ့သူမကို ဆေးရုံက လူနာများသာမက လူနာရှင်များကပါ လေးစားချစ်ခင်ကြပါသည်။ သူမကသူတစ်ပါးအပေါ် အမြဲစေတနာထားသည်လေ။ ထို့ကြောင့်ပါ.....
Sooတစ်ယောက် uniformလဲပြီး သူမတာဝန်ကျရာ နေရာသို့ ထွက်ခဲ့သည်။ အပြင်ရောက်တော့ သူမကို ရပ်စောင့်နေသော လူတစ်ယောက် သူနာမည်ကတော့ Joo Jinwoo ဆရာဝန်ပါပဲ။ ဆေးရုံအုပ်ကြီးရဲ့တူပေါ့။ ဆရာဝန်မလေးတွေနဲ့ nurseမလေးတွေကြားမှာတော့ သူက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်။ သို့ပေမဲ့ ထိုသူက အားလုံးထဲမှာ Sooနားကိုသာ ကပ်နေလေတော့ သူ့ကိုကြိုက်တဲ့ဆရာဝန်မတွေnurseတွေ Sooကိုမုန်းပြီပေါ့။ အခုလဲ
Joo Jinwoo- Sooကိုယ်လေ မနက်စာမစားရသေးဘူး အဲ့ဒါကိုယ်နဲ့ အဖော်လိုက်ခဲ့ပေးပါလား နော်
Soo- ကျွန်မမအားဘူးရှင့် လူနာတစ်ယောက်ကို ဆေးသွားသွင်းပေးရမယ်
Joo- လာပါ Sooရယ် ကိုယ့်သူငယ်ချင်းကို Sooအစား သွားခိုင်းလိုက်မယ်လေ
Soo- မရ......
Soo ဘာမှပင်မပြောရသေး သူက ဖုန်းဆက်ပြီးနေပြီ
Joo- chinguya အခန်း:'-":"'iကလူနာကို ဆေးသွားသွင်းပေးပါလား လုပ်ပါကွာ မုန့်ဝယ်ကျွေးပါ့မယ် A A ဒါပဲနော်
Sooသူနဲ့လိုက်သွားတာ မြင်လိုက်တဲ့ nurseမလေးတွေကတော့ အတင်းပြောပြီး ကျန်ခဲ့လေရဲ့ ။မနက်စာစားပြီးသော်_
သူကစကားပြောရအောင်လို့ ပြောတာကြောင့် Sooနဲ့ သူ ကော်ဖီတစ်ခွက်စီနှင့် ဆေးရုံရှေ့ ထိုင်ဖြစ်ကြသည်။
Joo- Sooကို ကိုယ်ပြောစရာ ရှိတယ်
Sooသိနေသလိုပါ။ ထိုလူဘာပြောမယ်ဆိုတာ....
သူမတိတ်နေသောကြောင့် သူစကားဆက်သည်။
Joo- ကိုယ်လေSooကိုအရမ်းချစ်မိနေပြီ Sooရယ် အဲ့ဒါလေ ကိုယ့်ကိုစဉ်းစားပေးပါလား အခုပြောစရာမလိုပါဘူး နောက်မှ
Soo- Joo Jinwoo shiပြောရမှာ အားတော့နာပါတယ် ဒါပေမဲ့ ကျွန်မနဲ့ရှင် မဖြစ်နိုင်ပါဘူး
Joo- Sooသူများတွေကြောင့်လား သူများပြောမှာ ကြောက်လို့လား အဲ့ဒါကြောင့်ဆိုရင်တော့ ကိုယ်.....
Soo- မဟုတ်ပါဘူး သူများကြောင့်မဟုတ်ဘူး ကျွန်မကိုယ်တိုင်က ရှင့်ကိုမချစ်လို့ပါ။ စဉ်းစားနေရင် ရှင့်ကိုမျှော်လင့်ချက်တွေပေးသလို ဖြစ်မှာစိုးလို့ပါ။ miyanae Jo Jinwoo shi
Sooလည်း ပြောp ထွက်လာခဲ့တော့သည်။ တစ်နေ့တာကို ပုံမှန်အလုပ်တွေနဲ့ အဆုံးသတ်လိုက်သည်။ Joo Jinwooလည်း တော်တော်ခံစားသွားရသည်ထင်ပါ့။ ပေါ်ကိုမလာတော့ သနားသော်လည်း သူမမှသူ့ကိုမချစ်တာလေ။