Kaisoo
"အားးးး"
Sooတစ်ယောက် ကိုက်ထားသော လက်ကို လွှတ်ပြီး အားကုန်သုံးကာ သူမအခန်းထဲထိရောက်အောင် ပြေးတော့သည်။
"တောက်!"
Jongin သူမပြေးသွားရာ အခန်းသို့ ဦးတည်လိုက်သည်။ ၃နှစ်ကျော်၎နှစ် အတွင်း ထိုမျှလောက်ထိ တစ်ခါမှစိတ်မတိုဖူးတာတော့ အမှန်ပင်။ အလကားနေ ထိုကောင်မလေး သူ့အခန်းထဲထိ ဝင်လာပြီး "ဗျစ်တောက်ဗျစ်တောက်"ပြောကာ သူ့လက်ကိုကိုက်ပြီး ထွက်ပြေးသွားပြန်သည်။ ဒီနှစ်တွေအတွင်း သူလုပ်သမျှအလုပ်တွေက ခံစားချက်မပါသောကြောင့် ဘာအတွက်ဘာကို လုပ်မိနေမှန်းမသိ။ သူ့စိတ်ထဲပေါ်လာတာကို လိုက်လုပ်မိနေသောကြောင့် အရာအားလုံးက အိမ်မက်တွေလို ခုသူမလုပ်ရပ်ကြောင့် မထွက်စဖူး ပြင်းပြင်းထန်ထန် ဒေါသထွက်နေခြင်းက သူ့ကိုအိမ်မက်က ခဏလှန့်နိုးလိုက်သလိုရှိသည်။ သူအိမ်မက်က လန့်မနိုးချင်ပေ။ သူ့အိမ်မက်ထဲတွင် Heju အမြဲရှိသည်လေ။ သူမပြေးဝင်သွားသော အခန်းသို့ သွားမည်အလုပ်
"သား"
သူရပ်တန့်သွားသည်။ ဒာ သူ့အမေခေါ်သံ..... အောက်ထပ်မှ သူ့အမေ သူ့ကိုလှမ်းကြည့်ကာ
"ခွင့်လွှတ်လိုက်ပါ သားရယ်"
သူဘာမှ ပြန်မပြောမိတော့ ဒေါသကို တစ်ထစ်လျော့ပြီး သူ့အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ ဒါ၃,၄နှစ်အတွင်း သူ့အမေစကား ပထမဆုံး ကောင်းကောင်းမွန်မွန် နားထောင်မိခြင်း။
သူမအလွန်ပျော်သွားမိသည်။ Jonginက ထူးထူးခြားခြား သူမစကားနားထောင်သည်မို့ Sooလေးကို ကျေးဇူးတင်မိသည်။
Sooတစ်ယောက် ထိုကိစ္စဖြစ်ပြီး မိနစ်၂၀လောက်ကြာတော့ အပြင်ထွက်လိုက်သည်။ အန်တီကို ရေပတ်တိုက်ပေးရန် ဖြစ်သည်။ အန်တီအခန်းထဲသို့ ခြေသံလုံလုံနှင့် ဆင်းလာခဲ့သည်။ သူမပုံစံမှာ ကုပ်ချောင်းချောင်းနှင့်မို့ မသိရင်သူခိုးလိုလို...။
**အို ဟယ် ဒီနေ့မှ အန်တီအခန်းက ဝေးထှာ မရောက်နိုင်တော့ဘူး**
သူမခေါင်းကတော့ ဟိုလူအခန်းကိုသာ လည်ပြန်ကြည့်နေရသည်။ တော်ကြာ ဟိုနေ့ကလို လည်ပင်းညှစ်ခံနေရမှဖြင့်....။ ထိုစဉ် နံရံလိုလို ဘာလိုလိုဟာမျိုးနှင့် တိုက်မိသည်။ သူမပြန်စဉ်းစားသည်။ ဒါဘယ်လိုမှ နံရံမဖြစ်နိုင်။ ဘာလို့ဆို သူမက လှေကားလက်ရန်းကို ကိုင်ထားကာ လှေကားစဆင်းတော့မှာ လှေကားရှေ့တည့်တည့်မှာတော့ နံရံက ဘယ်လိုမှ ပိတ်မနေနိုင်။ သူမသဘောပေါက်လိုက်ပြီ။ သူမ၏ တစ်ခြမ်းစောင်းနေသော ခန္ဓာကိုယ်ကို သူမလာရာလမ်းသို့ ဖြည်းဖြည်းချင်း ပြန်လှည့်လိုက်ပြီး ပြေးရန်ပြင်လိုက်သည်။
**ပြေးထား Sooရေ ပြေးမှ လွတ်မှာဟ**
သို့သော် စိတ်ကူးနဲ့လက်တွေ့ ကား တက်တက်စင်အောင် လွဲလေပြီ။ အကြောင်းမှာ ပြေးကားပြေးသော်လည်း ရှေ့သို့ မရောက်သောကြောင့် ဖြစ်သည်။ သူမသိသည် ထိုလူသူမဂုတ်ကို ဆွဲထားသည်။ ထို့နောက် သူမကိုယ်ကို သူ့ဘက်လှည့်လိုက်သည်။ သူမလည်း မသိချင်ယောင်ဆောင်ပြီး အကြောက်တရားကို တတ်နိုင်သလောက် ထိန်းကာ သွားသုံးဆယ်နှစ်ချောင်းပေါ်အောင် ဖြီးလိုက်သည်။
Soo- နေကောင်းတယ်နော် သခင်လေးKim😁😁😁
သို့သော် အကူညီ ရလိုရငြား အောက်ထပ်ကို လှမ်းကြည့်လိုက်သည်။
Jongin- ရှာမနေနဲ့ မေမေအပြင်သွားနေတယ်။
Soo- aww ကိစ္စမရှိရင် သွားတော့မယ်နော်.....😁😁
သူမပြန်လှည့်သော်လည်း သူမဂုတ်ကိုဆွဲထားပြန်သည်။
Jongin- ဘာမှ ဉာဏ်နီဉာဏ်နက်တွေ ထုတ်မနေနဲ့ ဒီကိစ္စ ဘယ်လိုတာဝန်ယူမှာလဲ
ဟုဆိုကာ သူမကိုက်ထားသော သူ့လက်ကို ပြလေသည်။
Jongin- နောက်ပြီး ဘာလို့ကိုက်တာလဲ
သူမလဲ စပ်ဖြီးဖြီးမျက်နှာကို တည်လိုက်သည်။ လက်ပိုက်လိုက်သည်။
Soo- ဒီမှာ ရှင့်ကို လက်ကိုက်ရတဲ့ အကြောင်းရင်း၂ချက် ရှိတယ်
၁ ရှင်က သူများပန်းအိုးတွေကို ဖျက်ဆီးလို့
၂ က ရှင့်လက်က မြောက်တက်လာတာလေ အဲ့ဒါ ဟိုတစ်နေ့ကလို လည်ပင်းညှစ်မှာစိုးလို့ ကျွန်မက ကြိုတင်ကိုက်ပြီး အကာအကွယ်ယူထားတာ
ဒါနဲ့ မေးရအုံးမယ် ရှင်က ဘာကိစ္စနဲ့ ကျွန်မ ပန်းအိုးလေးတွေကို ဖျက်ဆီးရတာလဲ
Jongin- မင်းပန်းအိုးဆိုပေမဲ့ အိမ်ကငါ့အိမ် ငါနဲ့Hejuနဲ့ ပိုင်တဲ့အိမ် Hejuဆန္ဒမပါဘဲ အိမ်ကို ငါဘာမှပြောင်းလဲမှာမဟုတ်ဘူး မင်းပန်းအိုးတွေပြန်ဖယ်ပေးဖို့ ဦးလေးကြီးကို ခေါ်ထားတယ် စိုက်ချင်ရင် ခြံပြင်မှာစိုက်
ဟုဆိုကာ ထွက်သွားသည်။
Soo- ဟွန့် အဖြစ်သည်းနေလိုက်တာ ပန်းလေးစိုက်တာ အသားပဲ့ပါသွားတာကျနေတာပဲ
Jongin- နောက်ပြီး မင်းငါ့အခန်းထဲ လုံးဝ မလာပါနဲ့ နောက်တစ်ခါ ငါ့အခန်းထဲလာရင် မင်းကို အရှင်မထားဘူး သတ်ပစ်မယ်
သူ့ အခန်းထဲဝင်ကာ တံခါးကို လော့ခ်ျချပစ်လိုက်တော့သည်။
Soo- အောင်မယ် လုပ်ရဲလုပ်ကြည့်ပါလား ဟွန့် ငါ့သတ်ရင် သူ့Hejuရဲ့ အကျီ င်္တွေ သရဲဘဝနဲ့ မီးလာရှို့ပစ်မယ် blash blash blash😝😝😝ဘာမှတ်လဲ