Hejuက သူ့နဖူးအား အသာငုံ့နမ်းသည်ကို ခံစားမိပြီး တစ်လောကလုံး အမှောင်အတိ ဖြစ်သွားလေသည်။
"Hejuya, Hejuya....."
***အိပ်မက်ကိုး...Hejuya ကိုယ့်အနားမှာ နေရတာ ပင်ပန်းလာပြီဆိုလည်း သွားပါ ကိုယ်မတားတော့ပါဘူး***
ကျလာတဲ့ မျက်ရည်တွေကို မထိန်းနိုင်တဲ့အဆုံး Hejuရဲ့ သွေးတွေစွန်းနေတဲ့ ဂါဝန်လေးကို ထိတွေ့ပွေ့ဖက်ရင်း ရင်တွေကွဲမတတ် ငိုချပစ်လိုက်တော့သည်။
***ဒီအင်္ကျီလေးမှာတောင် မင်းရဲ့ အငွေ့အသက်တွေ မရှိတော့ပါလား***
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,သူမမြေပုံလေး ဘေးတွင် ဘာစကားမှ မပြောနိုင်ဘဲ ထိုင်နေမိသည်။ သူ့အနားသို့ လူတစ်ယောက် ရောက်လာလေရာ သူမမှန်းသိ၍ လှည့်မကြည့်ဖြစ်။
အတော်ပင် ငိုထားသော သူ့မျက်နှာအား ကြည့်ကာ သူမလည်း စိတ်မကောင်း ဖြစ်မိသည်။
Jongin- ဒီနေ့ တစ်ရက်ပဲ ဒီမှာဝအောင် နေပါရစေ သူ ကျွန်တော့်ကို ထားသွားပြီ Soo
Soo- ငိုချင်ရင် အကျယ်ကြီး ငိုလိုက်ပါ Jongin shi
အလွန်တရာ ငိုနေသော သူ့အား ဖက်ပြီး ကျောလေးအား အသာပုတ်ကာ နှစ်သိမ့်ပေးနေမိသည်။
***ရှင့်အတွက် ကောင်းတဲ့ နေ့ရက်တွေ ရောက်လာတော့မှာပါ***
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,Xing- သမီး Jongin အခြေအနေရော....
အပေါ်သို့ တက်သွားသော သူ့သားအား ကြည့်ကာ Sooလေးကို မေးလိုက်သည်။
Soo- ကောင်းသွားမှာပါ ဦး စိတ်မပူပါနဲ့ နော် ဒီနေ့တော့ သူ့ကို ဒီတိုင်း လွှတ်ထားလိုက်ပါ
Kim Suho စိတ်ပူသော်လည်း ခေါင်းညိတ်ပြလိုက်လေသည်။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,သူမ ယောက်ျားက အလုပ်တွေ ရှိသောကြောင့် ပြန်သွားသော်လည်း ယခုရက်ပိုင်း သားလေး အခြေအနေမှာ သိသိသာသာ တိုးတက်လာတာမို့ သူမရော သူမအိမ်သားတွေ အားလုံး စိတ်ချမ်းသာ ရပါသည်။ သူမယောက်ျားလည်း ဝမ်းသာနေလေသည်။ ထို့ပြင် ဆေးပညာကို ပြန်လေ့လာရန် စာအုပ်တွေ ပြန်ဖတ်နေတာကြောင့် မကြာခဏဆိုသလို ကားသမားကြီးကို စာအုပ်တွေ ဝယ်ဖို့ အပြင်လွှတ်ရလေသည်။