ကိုယ့်လိပ်ပြာကိုယ် မလုံသောကြောင့်.....
ညက
သူအိပ်ပျော်သွားသောအခါ ချွေးတွေရွှဲနေသော အင်္ကျီအား လဲပေးလိုက်သည်။ ထို့နောက်တော့ နဖူးပေါ်မှ ရေပတ်ဝတ် ထပ်လဲရန် သူ့ကိုယ်ပေါ်သို့ ခါးနည်းနည်း ကိုင်းလိုက်သည်။ သူ့မျက်နှာလေးအား အပေါ်စီးမှ ကြည့်မိချိန်မှာတော့ တစ်သက်မှတစ်ခါပင် မလုပ်မိဖူးသော ရူးမိုက်သည့် အလုပ်မျိုး လုပ်လိုက်မိသည်။ ထိုအရာက
သူ့နှုတ်ခမ်းပါးလေးအား ဖွဖွနမ်းလိုက်မိတာပင်။
1...2...3
တကယ်ကိုပင် မကြာလိုက်ပါ။ သူ့နှုတ်ခမ်းပါးလေးမှ ခွာခါနီးသော် သူ့မျက်ခွံများ ဖျတ်ခနဲ ပွင့်လာသောကြောင့် ရုန်းထရန် ပြင်လိုက်သော်လည်း သူ့ရဲ့ သန်မာလှသော လက်မောင်းများမှ သူမအား ကုတင်ထက်သို့ ပွေ့ယူကာ စူးရှလှသော ပြင်းထန်လှသော အနမ်းကြမ်းကြမ်းများ ပေးပါတော့သည်။ သူမမွန်းကြပ်လှသည်။ ထို့ပြင် အသက်ရှူပင် ကြပ်လာတော့သည်။ ရုန်းထရန် ပြင်သော်လည်း နောက်ဆုံး၌ မေ့မျောသွားတော့သည်။
(ကြမ်းလိုက်တဲ့ Kim Jonginပါနော် 😁😁)
သူမနိုးလာတော့ သူမက အိပ်ရာထက်မှာ သူကတော့ မရှိတော့ပေ။
§§§§§§§§§§§§§§§
**သူက တကယ်ကို မသိတဲ့ပုံပဲ။ ငါ့အင်္ကျီတွေလည်း အကုန်ဘာမှမဖြစ်ဘူးဆိုတော့ ညက နမ်းရုံကလွဲပြီး ဘာမှမဖြစ်ခဲ့လောက်ပါဘူး။**
ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာမှမပြောလိုတော့။
**ဒီ အစုတ်ပလုတ်ကတော့ သူများကို အသားယူပြီး အဲ ငါ ကိုယ့်ကိုယ်ကို ပြန်ပြောမိနေတာလား**
ထိုခဏ အခန်းဝမှ တံခါးဝမှ တံခါးခေါက်သံကြားရ၍ လှည့်ကြည့်မိသောအခါ Kim Jongin
"ကျွန်တော် ဝင်လာလို့ ရမလား,Soo"
"ရောက်ပဲ ရောက်နေပြီလေ"