Kaisoo
ထိုသို့နှင့် အန်တီသည် သူမ၏သား Kim Jongin၏ အတိတ်အား ပြန်လည်ပြောပြပါတော့သည်။
###########
Seoul (____)ဆေးရုံတွင် အသက်ငယ်ငယ်နှင့် အလွန်ထက်မြက်သော ဆရာဝန်နှစ်ယောက်ရှိလေသည်။ မည်မျှလောက် ထက်မြက်သလဲဆိုလျှင် သူတို့နှစ်ယောက်အား လိုချင်သောဆေးရုံများ များပြားလွန်းသည်။ တစ်ယောက်မှာ ဦးနှောက်နှင့်အာရုံကြောဌာနတွင် တာဝန်ကျပြီး တစ်ယောက်က နှလုံးအထူးကုဌာနတွင် တာဝန်ကျလေသည်။ သူတို့နှစ်ယောက် ဌာနတစ်ခုချင်းစီတွင် တာဝန်ထမ်းဆောင်နေကြသော်လည်း မည်သူမျှသူတို့နှစ်ယောက်ကို တစ်နေရာစီ ခွဲခြားထား၍ မရနိုင်ပေ။
အကြောင်းကား သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ကြသောကြောင့် ဖြစ်သည်။ မိဘချင်းကလည်း သဘောတူထားကြသည်။ နောက်ခံbackgroundကလဲ ပြောစရာမရှိလောက်အောင် ချမ်းသာကြသည်။ ဆရာဝန်နှစ်ယောက်လုံးကလည်း စိတ်ထားမှအစ ရုပ်ရည်အဆုံး ပြည့်စုံလှသည်။ လူတကာကလည်း နေနဲ့လ ရွှေနဲ့မြပမာ ပနံသင့်လွန်းသော သူတို့နှစ်ယောက်အားကြည့်ကာ လေးစားအားကျကြသည်။နှစ်မိသားစုလုံးက လူတွေအလုပ်ရှုပ်နေကြသည်။ တစ်ဦးတည်းသောသား တစ်ဦးတည်းသော သားသမီးတွေမို့ တုန်နေအောင်ချစ်သော မိဘတွေမှာ ပြင်သစ်တွင် လုပ်မည့် မင်္ဂလာပွဲအတွက် ပြင်ဆင်ပေးနေကြသည်။ သူတို့နှစ်ယောက်က မင်္ဂလာပွဲကို အကျဉ်းချုံးသာ လုပ်ချင်သည်ဟု ပြောသော်လည်း မိဘများမှာ လက်မခံပေ။
Jongin၏ ရုံးခန်းတွင်
Jongin- Hejuya ဘာလိုလိုနဲ့ ကိုယ်တို့ လက်ထပ်ရတော့မယ်နော်
Sofaပေါ်တွင် ထိုင်နေသော Hejuနားသို့ Jonginလာထိုင်သည်။ Hejuလက်လေးကို ဆုပ်ကိုင်လိုက်သည်။
Heju- omm ကို့ကို saranghae
Jongin- nadu Hejuya
ဟုဆိုကာ သူမနဖူးပေါ်သို့ အနမ်းလေးတစ်ပွင့် ချွေလိုက်လေသည်။ သူတို့နှစ်ယောက်မှာ ငယ်ငယ်တည်းက သူငယ်ချင်းတွေ ဖြစ်ကြသည်။ မိဘတွေကလည်း သူငယ်ချင်းတွေ ဖြစ်သည့်အလျောက် အနေနီးသည့်ကလေးများ၏ အဖြူရောင်သံယောဇဉ်မှ အရောင်ဆိုးသော သံယောဇဉ်သို့ ပြောင်းလာခြင်းသည် အံသြစရာတော့မဟုတ်ပါချေ။