ဂြိုလ်သား

297 37 11
                                    

မနေ့ညက ကိုစစ်ငြိမ်းရဲ့ ပြတင်းပေါက်ကကြောင် စာအုပ်ကို
ဖတ်ပြီး ကျနော် ဒီစာကိုရေးဖို့ စိတ်ကူးပေါက်သွားတယ်။

ကိုစစ်ငြိမ်းက အဲ့ဒီဝတ္ထုတိုထဲမှာ ပြတင်းပေါက်မှာ
အစာလာလာတောင်းတဲ့ ကြောင်ကလေးကို
ဂြိုလ်သားလို့ နာမည်ပေးထားတဲ့အကြောင်း ရေးထားတယ်။

တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား။

ကျနော့်ကို ဂြိုလ်သားလို့ ခေါ်တဲ့
မိတ်ဆွေတစ်ယောက် ကျနော့်မှာရှိတယ်။

ဒီလိုခေါ်ရတဲ့ အကြောင်းအရင်းမျိုးစုံ သူ့မှာရှိတယ်။

ကျနော်က ဂြိုလ်သားနဲ့တူတယ်တဲ့။

စစချင်းအခေါ်ခံရတဲ့ အချိန်တုန်းကတော့
နည်းနည်းကသိကအောက်နိုင်တယ်။

ဂြိုလ်သားဆိုရင် ခေါင်းကြီးကိုယ်သေး
မျက်လုံးပြူးပြူးနဲ့ ဘယ်လိုမှကြည့်မကောင်းတဲ့
ရုပ်ရည်မျိုးတွေပိုင်ဆိုင်ထားတဲ့
တခြားဂြိုလ်က သတ္တဝါတွေကို ဆိုလိုကြတာမဟုတ်လား။

သူဆိုလိုချင်တဲ့ ဂြိုလ်သားရဲ့အဓိပ္ပာယ်က
အပြင်ပန်းအရပြောတာမဟုတ်ပဲ
ကျနော့်ရဲ့ အပြုအမူ နဲ့ စိတ်နေစိတ်ထားတွေကို
ရည်ညွှန်းပြီးပြောချင်တယ်ဆိုတာကို
နောက်မှ သဘောပေါက်လာခဲ့တာ။

ကျနော်ဟာ တခြားလူတွေနဲ့မတူပဲ
အနည်းငယ်ကွဲထွက်နေလို့
သူက ကျနော့်ကို ဂြိုလ်သားလို့ခေါ်တယ်။

သူ ကျနော့်ကို
ဂြိုလ်သားဆိုပြီးသတ်မှတ်လိုက်တဲ့
အဖြစ်အပျက်တချို့ ပြောပြချင်တယ်။

ဟိုတလောတုန်းက
သူအားတဲ့တစ်ရက်ကျရင်
Forest Gump ကိုပြန်ကြည့်မယ်လို့ပြောတယ်။

ကျနော် တစ်ခါကြည့်ဖူးတာကို သူသိတော့
နောက်တစ်ခါထပ်ကြည့်ဖို့ တိုက်တွန်းတယ်။

ကျနော် ပြန်မကြည့်ချင်ဘူးလို့ ပြန်ဖြေလိုက်တယ်။

Tom Hanksကိုလည်း ကျနော်ကြိုက်တယ်
Forest Gumpဆိုတာ တကယ်ကိုကောင်းတဲ့
ဇာတ်ကားဆိုပေမယ့် ဒုတိယတစ်ခါပြန်ကြည့်ဖို့
ကျနော် ကြောက်လန့်တကြားငြင်းဆန်မိတယ်။

My Own CappuccinosWhere stories live. Discover now