သို့/ Yul ....

292 31 10
                                    

သို့/
Yul ရေ ....
ခင်များဘေးမှာ ဂျပန်မပဲရှိရှိ၊ တရုတ်မပဲရှိရှိ ကျနော် သဝန်မတိုတော့ဘူးနော်။ ကျနော် အရင်ကတော့ ခင်များရဲ့ဘေးမှာ တစ်ယောက်သောသူကလွဲရင် တခြားလူတွေမရှိစေချင်ဘူး။ ခင်များကို သူ့ရဲ့ Golden Starလေးပဲဖြစ်စေချင်တယ်။ ခင်များတို့နှစ်ယောက်ကို ချစ်ချစ်ခင်ခင်နဲ့ အတူတူတွဲပြီးမြင်တွေ့ချင်တဲ့ဆန္ဒကြောင့် ခင်များဘေးက တခြားလူတွေကို ကျနော် မလိုမုန်းထားဖြစ်မိတယ်။ ကျနော် မကောင်းဘူးနော်။ အဲ့ဒီအချိန်တွေတုန်းက ခင်များမျက်နှာပေါ်က အပြုံးတွေကိုမသိချင်ယောင်ဆောင်ထားမိတာ။

              ဒါပေမယ့် အခုတော့ ကျနော် အရင်လိုကလေးမဆန်တော့ဘူး သိလား Yul။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ခင်များပျော်နေဖို့သာ အရေးကြီးတယ်။ ပြီးတော့ ခင်များ အမြဲတမ်း strong ဖြစ်နေစရာမလိုဘူး Yul။ ခင်များ စိတ်ပင်ပန်းတဲ့နေ့မျိုးတွေမှာ ဘာမှပြောစရာမလိုဘဲ ခေါင်းထိုးပြီးငိုနိုင်တဲ့ ရင်ခွင်တွေရှိစေချင်တယ်။ ခင်များရဲ့ အပျော်တွေကိုလည်းမျှဝေခံစားပေးနိုင်မယ့် ရင်ခွင်မျိုးတွေပေါ့။

ကျနော် အပိုတွေပြောနေတာမဟုတ်ဘူး။ ခင်များကို ကျနော်က တကယ်ချစ်တာ။ ခင်များပျော်ပါ။ အစွမ်းကုန်ပျော်။ ခင်များကိုပျော်အောင်ထားနိုင်တဲ့သူတွေနဲ့ ခင်များဖြစ်ချင်တာတွေ၊ ခင်များရဲ့ဆန္ဒတွေ အားလုံးအကောင်အထည်ဖော်ပါ။ အကယ်၍ တစ်နေ့မှာ ခင်များအတွက် ဘယ်သူမှမရှိဘူးလို့ခံစားရတဲ့အချိန်ကျရင် ခင်များရဲ့အဝေးမှာ ခင်များကို သိပ်ချစ်တဲ့ ကျနော်ရှိတယ်ဆိုတာ ခင်များသတိရပေးပါ။

ခင်များကိုအရမ်းချစ်တဲ့ Noel

July 8, 2018

My Own CappuccinosWhere stories live. Discover now