First Person - 9

739 65 1
                                    

တကယ်တော့ မသိလိုက်တဲ့အချိန် အမှတ်တမဲ့ ဖြစ်ရပ်
တွေက ပိုပြီးလှတတ်သည် ! ဥပမာ လူတစ်ယောက်ငေး
မောနေတာကို အမှတ်တမဲ့တွေ့လိုက်ရင်ပဲဖြစ်ဖြစ် လိုချင်
တာကိုရလို့ ပြုံးပျော်နေတာပဲ ဖြစ်ဖြစ်ပေါ့ ! ဒါဆို
ကျွန်တော်ဘေးမှာထိုင်နေတဲ့ လူတစ်ယောက်ရဲ့ အလှဆုံး
အချိန်ကိုသိချင်ပါတယ် ! ကားမှန်ကနေ ကြည့်လိုက်တိုင်း
အပြင်ကိုငေးမောနေတဲ့ Kyungsoo ဆိုတဲ့လူသားတစ်
ယောက်ရဲ့ နှလုံးသားထဲ ကျွန်တော်ဝင်ရောက်ဖို့ နောက်
ကျနေခဲ့တာ နောင်တရစရာပဲ !!

ခြံတံခါးကိုဖြတ်ကျော်ပြီးတဲ့နောက်မှာ ဘာအပင်မှမစိုက်
ထားတဲ့မြက်ခင်းစိမ်းကျယ်ကြီးတစ်ခုကို ဖြတ်သန်းကာ
မောင်းလာခဲ့တယ် ! ကြည့်ရတာ Golf ရိုက်ဖို့တမင်
လုပ်ထားတဲ့ပုံပဲ ! ပြီးတဲ့နောက် Jongin! အိမ်ရဲ့ခပ်လှမ်း
လှမ်းမှာကားကိုရပ်လိုက်သည် !

"   ဒီနေ့ငါ့နောက်လိုက်ပေးလို့ကျေးဇူးပဲ !  "

"   ရပါတယ်   ~   "

ဝယ်ထားသမျှအထုတ်တွေအကုန်ကိုယူကာ ကားပေါ်က
ဆင်းသွားသော Kyungsoo က သူ့အတွက်ဆိုပြီးဝယ်
ထားတဲ့ အကျီင်္အထုတ်လေးကိုတော့ ကားပေါ်မှာထားသွား
ခဲ့သည် ! အပြာရောင် ရောင်ပြန် အိတ်လေးနဲ့သေချာ
ထုတ်ပိုးထားသော အိတ်လေးကို ရင်ခွင်ထဲကလေးတစ်
ယောက်လို ပွေ့ပိုက်ရင်းသူပျော်ရွှင်နေမိသည် !

*     *     *      *      *      *      *      *      *

အပေါ်ထပ်ကို ဖြေးဖြေးချင်းတက်လာကာ ဒုတိယထပ်
က အဝတ်တွေထားတဲ့အခန်းထဲမှာ Kyungsoo သူ
ဝယ်လာသမျှအကုန်လုံးကို ထားလိုက်သည် !! ဘီဒိုတွေ
အများအပြားဖြင့် သပ်ရပ်စွာချိတ်ထားသော အကျီင်္များက
တစ်နေ့တစ်ထည့်ဝတ်ပြီး လွှင့်ပစ်ရင်တောင် ကုန်မယ်မ
ထင်ဘူး !! အနက်ရောင်ရောင်ပြန်အိတ်လေးကိုကိုင်ကာ
တတိယထပ်ကိုတက်လိုက်ကာ Yeol ရဲ့အခန်းတံခါးမှာ
ချိတ်ထားလိုက်ပြီး သူ့အခန်းထဲဝင်လိုက်တယ် ~~

အပြင်မထွက်ရလို့လားမသိဘူး စိတ်ကတော့အနည်းငယ်
လန်းဆန်းသွားပြီး Jongin ကြောင့် သူဒီနေ့အတော်
လေးရယ်လိုက်ရသည် ! သူအနားမကပ်လိုက်နဲ့ ကပ်
လိုက်တာနဲ့ တုန်ရီနေသော ကောင်လေးက တကယ်ရယ်
စရာကောင်းလွန်တယ် ~ အနောက်ကနေ မညီးမညူ
တကောက်ကောက်လိုက်နေရပြီး တစ်ချက်မှသူ့ကို မ
ကြည့်ဖြူတာမရှိပဲ ခိုင်းလိုက်တိုင်း စေသနာပါပါလုပ်ပေး
နေတဲ့ ကောင်လေး ! ခုဏတုန်းကတောင် သူထားခဲ့တဲ့
အိတ်လေး ပိုက်ပြီးပြုံးနေသေးတဲ့ Jongin ! ဘာပဲဖြစ်
ဖြစ် ငါမင်းနဲ့အတူရှိတာ တကယ့်သူငယ်ချင်းကောင်းတစ်
ယောက်ရလိုက်သလိုပဲ !

First Person (  ပထမလူ )Where stories live. Discover now