အသည်းကင်ဆာ အဆင့် 3 … Jongdaeရဲ့ စကားများ
ကိုနားထဲမကြားတစ်ချပ် ကြားတစ်ချပ်ဖြင့် လက်ထဲမှာ
ရှိနေသော Wedding ဖိတ်စာလေးပေါ်ကို မျက်ရည်
တစ်စက်ဟာ အလုအယက်ခုန်ဆင်းသွားသည် ……Jongdae သူ့လက်ထဲကYeolရဲ့ ဆေးစစ်ချက်ကို
ကြည့်ရင်း စိတ်တွေလေးလံလာမိကာ တစ်ချိန်ထဲမှာပင်
ခေါင်းမာလှသော သူ့သူငယ်ချင်း Kyungsoo အတွက်
စဉ်းစားမိပြန်သည် ……" မင်းဘာဆက်လုပ်မှာလည်း Chanyeol … "
Chanyeol သူ့လက်ထဲက အဝါနုရောင် ဖိတ်စာလေး
ကို Jongdae ဆီလှမ်းပေးလိုက်ရင်း ………" ငါဘာဆက်လုပ်သင့်လဲ ? "
Jongdae သူ့အရှေ့မှာရှိနေသော Yeol ကိုကြည့်ကာ
မျက်ရည်တောင်ဝဲလာမိသည် …… 5နှစ်တာလုံးလုံး
စောင့်ခဲ့ပြီးမှ နီးစပ်ဖို့လည်းကြံရော ကံကြမ္မာသည် ယုတ်
မာလွန်းသည်မဟုတ်လား ? ကျွန်တော်မတွေးနိုင်သော
နာကျင်မှုသည် Chanyeol တစ်ယောက်ဘယ်လောက်
တောင် ခံစားနေရမလဲ ??" ငါဘာဆက်လုပ်ရမလဲ ? "
ကျွန်တော်သည် အတ္တဆန်စွာဟိုအရူးကောင်ကို စွန့်လွတ်
ဖို့မပြောချင်ခဲ့ပါ … လက်ထပ်ပွဲကို ဖျက်သိမ်းဖို့ မပြော
ရက်ခဲ့ပါ ……… ဘာဆက်လုပ်သင့်လဲဆိုတဲ့အချက်ကို
ကျွန်တော်တကယ်အကြံမပေးတတ်ခဲ့ပါ … ဒီကိစ္စကို
Kyungsoo သိပါက ဒီတစ်ခါ သူ့ရောဂါသည် ပြန်
ကောင်းနိုင်ဖို့ လမ်းမရှိတော့မှန်းလည်း ဆရာဝန်တစ်
ယောက်အနေနဲ့ သိသည် !!! ဒါဆို ဘာလုပ်ရမလဲ ?နာကျင်ခြင်း မွန်းကျပ်ခြင်းတွေပြည့်နက်နေသောနှလုံးသား
သည် … ရင်ဘက်ထဲကနေတစ်ဆစ်ဆစ်ဖြင့်ကိုက်ခဲနေ
သော်လည်း ဆရာဝန်ပေးသော ဆေးအားကျွန်တော်မ
သောက်မိခဲ့ပါ ………" ငါကတော့ အစားထိုးကုသသင့်တယ်လို့ထင်တယ်
Chanyeol ဘာပဲဖြစ်လာဖြစ်လာ လုပ်ကြည့်သင့်
တယ် "Huk * ဘာပဲဖြစ်လာ ဖြစ်လာ ? အဲ့လိုလုပ်လိုက်လို့
ငါပိုပြီး စောစောသေသွားရင်ရော ? ငါသေရမှာမကြောက်
ပါဘူး ဒါပေမဲ့ ငါမရှိတော့ရင် တစ်ယောက်ထဲရှိနေတော့
မဲ့ Soo အတွက် ငါကြောက်နေတာ …… ငါ့ကိုယုံကြည်
ပြီး ငါ့လက်ကိုကိုင်ထားတဲ့လက်လေးကို ငါဘယ်လို ဖြုတ်
ချရမလဲ ? ငါမရှိတော့ရင် ဘယ်သူကသူ့ကိုဂရုစိုက်မှာ
လည်း ? ငါမရှိတော့ရင် သူ့အေးတဲ့အခါတိုင်းဘယ်သူပွေ့
ဖက်ပေးနိုင်မလဲ ?? ငါသာမရှိခဲ့ရင် ……… ငါသာ……