20

92 15 7
                                    

အသည်းယားစရာ ပေါက်စီလေးတစ်လုံးလို ဝဝလေးဖြစ်
နေသော ကလေးမလေးပါးကို Kyungsoo နမ်းလိုက်
တော့ !! စူပုတ်ကာ သူ့ကိုကြည့်ပြီး သူ့ပါးကိုလက်တွေ
နဲ့ပြန်သုတ်နေတယ် ~

"   အီးးးးးးဟီးးးးးကိုကို သူက  မီးကိုနမ်းတယ်    "

"   ချစ်လို့လေ မီးလေး ကလည်း    "

"   မရဘူး ကိုကိုပဲချစ်ရမယ်  ကိုကို ကမီး ကိုမချစ်ဘူး
အီးးးးးးးဟီးးးးးးး    "

Kyungsoo သူနမ်းလိုက်လို့ မျက်ရည်ဘူးသီးလုံး
လောက်ကျလာတဲ့ ကလေးမလေးကို ကြည့်ရင်း ရယ်
လိုက်သည်  ! ကပ်ကပ်ကိုလန်နေတာပဲ ~~

" ချစ်တာပေါ့  မီးလေးကို ကိုကိုကချစ်တယ် မငိုနဲ့နော် "

"  ဒါဆို သူ့ကိုရော ?  ဟင့် *  "

Kyungsoo  ကလေးမလေး အမေးကြောင့် Jongin
ကိုလှမ်းကြည့်လိုက်တော့ သူသည်လည်း ကျွန်တော့်ကို
ကြည့်နေတယ် ~~  အရမ်းနေရခက်တဲ့ အခြေအနေတစ်
ခုကိုဖန်တီးလိုက်နေသော ကလေးမလေးကို သူအရှုပ်
အထုတ်မလေးဟု စိတ်ထဲကပြောလိုက်မိတယ် ~~

သူကျွန်တော်ဆီက ဘယ်လိုအဖြေတစ်ခုကိုမျော်လင့်
ထားပါသလဲ ? အခြေအနေတစ်ခုကို ဖန်တီးပေးတဲ့
Mei ကို ကျွန်တော်ကျေးဇူးတင်ရမလား ? ဆိုးလိုက်တာ
ဆိုပြီးပြောရမလား ??   သို့သော်ကျွန်တော် Soo
နမ်းလိုက်သော mei ပါးလေးကို သူ့နှုတ်ခမ်းတွေနဲ့
ထပ်တူနမ်းရှိုက်လိုက်သည်  !

"    ကဲ ~ ကိုကို က မီးလေးကို အချစ်ဆုံးပဲ    "

"    ကတိနော် ? မီးက ကြီးလာရင် ကိုကိုနဲ့ မင်္ဂလာ
ဆောင်မှာ   !   "

ကလေးမလေးစကားကြောင့် ဟက်ဟက်ပက်ပက်ရယ်
နေသော သူ့ရဲ့ အဖြေတစ်ခုကို သဘောမကျတဲ့ကျွန်တော့်
စိတ်အား ပြန်ပြီးထိန်းချုပ်ကာ YEOL ဆိုတဲ့နာမည်တစ်
ခုကိုတမ်းတလိုက်မိသည် ~ တစ်ခါတစ်လေတော့ yeol
ဟာကျွန်တော့်အတွက် ဘယ်လိုလူမျိုးဖြစ်မလဲ ?

"   Kyungsoo  ဒီမှာထမင်းစားသွားနော် ဟင်းက
တော့သိပ်မကောင်းပေမဲ့ အမေကဟင်းချက်တော်တယ် "

"   အင်း ~  "

ကလေးမလေးကိုချီကာ ဂေဟာထဲဝင်သွားသော
Jongin ကို Kyungsoo ခပ်တွေတွေငေးကြည့်နေ
သည် ! တစ်ခါတစ်လေ အချစ်တွေကဆန်းကျယ်တယ်
တစ်ချို့အချစ်တွေကျတော့ ချစ်မိမှာကြောက်ရသလို
တစ်ချို့အချစ်တွေကျတော့လည် မချစ်တော့မှာ ကြောက်ရ
သည် ! ဒါဆို ကျွန်တော်ကရော ??

First Person (  ပထမလူ )Where stories live. Discover now