twelve

5.6K 598 61
                                    


Zawgyi


သောက်လက်စ အရက်ပုလင်းကို ဆက်မော့မယ်ကြံကာရှိသေးတယ် ဆွဲလုခံလိုက်ရသောကြောင့် မျက်ခုံးနှစ်ဖက်ကို တွန့်ကုတ်ကာ မော့ကြည့်လိုက်မိသည်။

''Kim Mingyu ဒါက ဘယ်လိုဖြစ်နေတာလဲ....''

''Yugueom လား?...''

အာလေးလျှာလေးဖြင့် ပြန်မေးလာတဲ့ Mingyu ကို ကြည့်ပြီး Yugueom ဒေါသထွက်နေမိတာတော့ အမှန်ပင်။

''ဟုတ်တယ် ငါ မင်းသူငယ်ချင်း Yugueom....ဘယ်လိုဖြစ်လို့ လူမှန်းသူမှန်းမသိ ဖြစ်နေရတာလဲ ဟမ်း....''

သူ့ကို ပြောနေတဲ့ Yugueom ရဲ့အသံက ဒေါသကြောင့်လားမသိ တုန်ခါနေခဲ့သည်။

''မင်းဘာဖြစ်လို့ ကိုယ့်ကိုကိုယ် ဖျက်ဆီးနေရတာလဲ Mingyu ဟမ်း....Jung Kook က မင်းကို မချစ်လို့ မင်းကို ထားခဲတာလေ မင်းက ဘာကို လွမ်းဆွေးနေရတာလဲ...မင်းကိုမင်း မသနားဘူးလား...''

အဟက် ရယ်ရတယ် Yugueom ဒီကောင်လည်း ကျွန်တော့်ကို နားလည်းမပေးဘူးပဲ။

ကျွန်တော်ကလေးကို မလွမ်းရဘူးတဲ့လား။

သူကိုယ်တိုင် ကျွန်တော့်ကို ချစ်တယ်လို့ ခေါင်းညိတ်ခဲ့တာလေ။

Mingyu ခြောက်ကပ်ကပ် တစ်ချက်ရယ်လိုက်ပြီး ဖန်ခွက်ထဲက လက်ကျန်အရက်ခွက်ကို ဆက်ခနဲ မော့လိုက်သည်။

လက်ချောင်းတစ်လျှောက် ပူဆင်းသွားတဲ့ အရသာက ခါးသက်လွန်းနေခဲ့သည်။

သူ့ရင်ထဲက ခါးသည်းခြင်းတွေကိုတော့ အဲ့ဒီခါးသက်သက် အရက်က မှီနိုင်မယ်မထင်။

ဖန်ခွက်ထဲ လက်ကျန်အရက်ကို ထည့်ပြီး ထပ်မော့ရန်ပြင်တော့ လမ်းတစ်ဝက်မှ တားဆီးခံလိုက်ရတဲ့ လက်တစ်စုံ။

''Mingyu မင်းတော်သင့်ပြီး...မင်းကိုယ်မင်းလည်း ပြန်ကြည့်အုံး လူရုပ်ကို မပေါ်တော့ဘူး စုတ်ပျက်နေတာပဲ....''

Yugueom ပြောမယ်ဆိုလည်း ပြောချင်စရာပင် သူ့ပုံစံကလည်း နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး ဆံပင်စုတ်ဖွာနှင့် အရက်သမားပုံ လုံးလုံးကို ပေါက်နေပြီဖြစ်သည်။

''ပြောစမ်းပါအုံး Mingyu....မင်းအခုလိုတွေ ဖြစ်နေတာ Jung Kook ကြောင့်ဆိုရင် အဲ့ဒါက တန်ရဲ့လားလို့...''

CANCER (Completed)Where stories live. Discover now