fourteen

5.1K 567 37
                                    



Zawgyi


"မဝတ်ချင်ပါဘူး.....''

"မဝတ်လို့ မရဘူး......''

အိပ်ယာပေါ်ကို လာတင်ပေးထားတဲ့ အဖြူရောင် အနောက်တိုင်း ဝတ်စုံကို ကြည့်လိုက်ရင်းမှ Jung Kook က ဆိုသည်။

"မင်းမဝတ်ရင် ငါကိုယ်တိုင် ဝတ်ပေးရမှာလား ပြော.....''

ကုတင်ဘေးကနေ Tae Hyung က လက်ပိုက်လျှက် ရပ်နေရာမှာ ပြောလိုက်သောကြောင့် Jung Kook မျက်နှာလေးက ရဲခနဲဖြစ်သွားသည်။

ဒီနေ့က Kim Tae Hyung နှင့် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမည့်နေ့ပင်။

လက်ထပ်ပြီးရင်လည်း လွပ်လွပ်လပ်လပ် နေလို့ရတယ်လို့ပြောပေမယ့်လည်း ဘာဘဲ ဖြစ်ဖြစ် Jung Kook ကို သူ တရားဝင် ပိုင်ဆိုင်သွားပြီပဲ မဟုတ်လား။

Jung Kook ဆိုတဲ့သူက တစ်လမခြားလိုက်ပါဘဲ လူနှစ်ယောက်ကို လက်ထပ်ခဲ့ရသည့် အဖြစ်သည် အိမ်မက်ဆိုးကြီး တစ်ခုလို။

"Jung Kook...ကိုယ်ပြောနေတာကြားလာ.....''

အတန်ကြာ ငြိမ်နေသည့် Jung Kook ကို Tae Hyungက လှမ်းခေါ်လိုက်သည်။

"ရှေ့နေကြီးလာတော့မယ် မင်းက အခုထိ ဘားမှ မပြင်ဆင်ရသေးဘူး......''

Tae Hyung ကို လှည့်မကြည့်ဘဲ Jung Kook နှုတ်ခမ်းလေးကို ဖိကိုက်ထားကာ တိတ်တဆိတ် မျက်ရည်ကျမိသည်။

"စာချုပ်ယူလာခဲ့ပါ.....ကျွန်တော် လက်မှတ်ထိုးပေးမယ်.....ကျွန်တော်က ခင်ဗျားလက်ခုပ်ထဲက ရေပဲ ဘာရှေ့နေမှလည်း မလိုဘူး....ဘားမှလည်း မပြင်ဆင်ချင်ဘူး......''

"မရဘူး.....''

Tae Hyung ကလည်း သူ့ပုံစံအတိုင်း လက်ပိုက်လျှက် အလျော့ပေးမည့်ပုံမပေါ်။

"Jung Kook မင်းကို အခုလို ခိုးချောင်ခိုးဝှက် လက်ထပ်ယူရတာ ငါခြေတစ်လှမ်း နောက်ကျသွားလို့လို့ ငါပြောပြီးပြီ......အခြေအနေနဲ့ အချိန်အခါအရ ရှောင်သင့်လို့ ရှောင်နေရတာ.....မင်းအတွက်က မင်္ဂလာပွဲကျင်းပဖြစ်ခဲ့ပေမယ့် ငါအတွက်က ဒါ ပထမဆုံးနဲ့ နောက်ဆုံးပဲ......ငါမြတ်နိုး တန်ဖိုးထားရတဲ့သူကို ငါတင့်တင့်တယ်တယ် လက်ထပ်ချင်တယ်.....လောလောဆယ် လက်မှတ်ထိုးရုံပဲ....''

CANCER (Completed)Where stories live. Discover now