Zawgyi
''လမ်းလျှောက်မလား....ခြံထဲကိုလေ....''
အနောက်မှ စကားပြောသံကြောင့် မျက်စိ တစ်ဆုံး လိုက်ငေးနေတဲ့ Jung Kook မျက်နှာလေး တည်တည်တင်းတင်းလေး ဖြစ်သွားခဲ့သည်။
နှုတ်ခမ်းလေးကို ကိုက်ပစ်လိုက်ရင်း ဘာစကားမှ ပြန်မပြောဘဲ နေလိုက်သည်။
''ဟိတ်...ကိုယ်ပြောနေတာကြားလား...''
''မကြားဘူး...ကန်းနေတယ်....''
''ဟုတ်လား....''
Jung Kook က ဝရန်တာ တန်းတွေမှာ လွတ်လွတ်လပ်လပ်မှီရပ်နေရင်းမှ မတ်မတ်ကလေးပြန်ရပ်ကာ လက်ကလေးနှစ်ဖက်ကို ပိုက်ထားသည်။
Tae Hyung က Jung Kook ဘေးမှာ လာရပ်ကာ ဝရန်တာမှာ လက်နှစ်ဖက်တင်ဖို့ကို ရှည်လျားတဲ့ သူ့အရပ်ကြောင့် ခါးကိုညွှတ်လိုက်ရသည်။
ပြီးမှ ပြန်ငှဲ့ကြည့်တော့ Jung Kook မျက်နှာရှေ့မှာဖြစ်နေတာကြောင့် Jung Kook က မျက်နှာကို တစ်ဖက်ရွှေ့လိုက်သည်။
Tae Hyung က မျက်နှာကို မလွှဲခဲ့ပါ။
ဝင်းစက်နုမွတ်နေတဲ့ Jung Kook ရဲ့ လည်တိုင်ကျော့ကျော့ကို ငေးကြည့်နေမိသည်။
အဝတ်စင်တွေမှာ စင်အပြည့် ဝယ်ထည့်ထားပေးတဲ့ အဝတ်တွေထဲကမှ Hoodie အဖြူပွပွတစ်ထည်နှင့် ဘောင်းဘီအညိုရောင်ပွပွလေးကို တွဲဝတ်ထားသည့် သူ့မျက်စိရှေ့က ကောင်လေးက ဖြူဖြူစင်စင်လေးနှင့် တကယ်ကို ချစ်ဖို့ကောင်းပါသည်။
ခပ်စွာစွာ ပြန်ပြောတက်သည့် ပုံစံလေးကိုလည်း မြတ်နိုးရပါသည်။
Tae Hyung တစ်ချက်ပြုံးကာ သူ့မျက်နှာကို ပြန်လှည့်သည်။
လက်ကြားမှာ ညပ်လျှက်ပါလာသည့် စီးကရက်ကို နှုတ်ခမ်းမှာတပ်၍ တစ်ရှိုက်နှစ်ရှိုက်ခန့် ဖွာလိုက်ရင်းမှ....
''မနက်ကျရင် မင်းနဲ့ကိုယ် လက်ထပ်မယ်....''
''ဘာ!!!..."
''မနက်ကိုးနာရီ အပြီးလုပ်ပြီး ဆယ်နာရီခွဲတာနဲ့ ခရီးထွက်ရမယ်....''
''ခင်...ခင်ဗျား အဲ့သလို ထင်သလို လုပ်နေလို့ရမလား...ကျွန်...ကျွန်တော်က လက်ထပ်...''
KAMU SEDANG MEMBACA
CANCER (Completed)
Fiksi PenggemarTAEKOOK x VKOOK. (Yaoi ) Start - 22 February 2018 End - 31 January 2020 Cover by myanmar novel