sixteen

4.9K 518 39
                                    


Zawgyi


ကောင်းကင်တစ်ခွင်လုံး မိုးသားကင်းစင်လျှက် တိမ်စိုင်တိမ်ခဲ တစ်ခုတစ်လေပင် မကျန်တော့လောက်အောင် ကြည်လင်လျှက် ရှိသည်။

မနေ့က အညှိုးကြီးကြီးနှင့် ရွာခဲ့သည်မှာ သူမဟုတ်တော့သည့်အတိုင်းပင်။

တိတ်ဆိပ်နေတဲ့ ပတ်ဝန်းကျင်ကြောင့် သူနိုးလာခဲ့သည်။

ဘေးကို ကြည့်လိုက်တော့ Jung Kook က သူ့လက်မောင်းကို မှီလျှက် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ ဖြစ်သည်။

ရုတ်တရက် လှုပ်လိုက်တာကြောင့် ညာဘက်လက်မောင်း တစ်ခုလုံး ထုံကျဉ်သွားခဲ့သည်။

"အ!...."

သူ့အသံကြောင့် ကားရှေ့ခန်းမှ Minho ကလှည့်ကြည့်သည်။

"Tae နိုးပြီလား.....''

"Nae Argishi...... ဘယ်ရောက်ပြီလဲ.......''

ပြန်မေးလိုက်ပေမယ့် ထုံကျဉ်နေတဲ့ လက်ကို နည်းနည်းမှ မလှုပ်။

သူ့လက်မောင်းကို မှီလျှက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ Jung Kook နိုးသွားမည်ဆိုးသောကြောင့် ဖြစ်သည်။

"ရောက်တော့မယ်.....Jung Kook လေးကို နိုးလိုက်တော့လေ.....''

Minho က မအီမသာ ဖြစ်နေသည့် Tae Hyung ပုံစံကို တစ်ချက်လှည့်ကြည့်ရင်းပြောလိုက်သည်။

"ရတယ် Argishi....အိမ်ရောက်မှပဲ နိုးလိုက်တော့မယ်......''

Tae Hyung အပြောကြောင့် Minho က ခေါင်းကိုသာ ခပ်လေးလေးခါ၍ ဘားမှ ထပ်မပြောတော့ပေ။

နာရီဝက်လောက်ကြာတော့ ကားလေးက ခြံဝန်းကျယ်တစ်ခုတွင် ရပ်တန့်သွားခဲ့သည်။

"Jung Kook ထတော့ ရောက်ပြီ......''

သူအသာလှုပ်နိုးလိုက်တော့ လက်ဖမိုးနုနုနှစ်ဖက်နှင့် မျက်လုံးလေးတွေကို ပွတ်သပ်လျှက် ထလာတဲ့ ကောင်လေး။

အိပ်မှုံစုံမွှား နှင့် ဒီကောင်လေးက သူ့မျက်လုံးထဲမှာ ဖြူစင်တာထက်ပိုသည်။

မျက်လုံးပွင့်လာပြီး သူငုံ့ကြည့်နေတာကို မြင်တော့ ရင်ခွင်ထဲရောက်နေသည့်အဖြစ်ကို သတိရပြီး အတင်းထလိုက်တဲ့ Jung Kook။

CANCER (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ