🔥 အမုန်းများနှင့် အချစ် 💗
Ep 37
"Chim !! Chim!! "
ကားပေါ်ကနေ ကမန်းကတန်းဆင်းပီး Chim လဲကျနေမယ်လို့ထင်တဲ့နေရာကိုပြေးသွားလိုက်တော့ မြေကြီးပေါ်မှာခွေခွေလေးက Chim
"Chim အဆင်ပြေရဲ့လားဟင် ဘယ်နားထိသွားသေးလဲ "
"အား ကိုယ်အဆင်ပြေပါတယ် အာ့တာ "
အမှန်တော့ Yoon ကားနဲ့ မတိုက်မိခဲ့ပါ
ကားရှေ့ပြေးဝင်ပေမယ့် တစ်ညလုံး ဒူးထောက်ထားရလို့ နာနေတဲ့ ဒူးခေါင်းက အစွမ်းပြပီး ခြေထောက်ယိုင်ပီးလဲသွားတာ ..."Yoon တောင်းပန်ပါတယ် အာ့ Yoon ကြောင့်ဖစ်တာပါ yoon ကြောင့် အဟင့် ဟီး "
ငိုယိုပီး သူ့ကိုလာဖက်တဲ့ Yoon
Yoon ကိုယ့်ကိုချစ်သေးတာပဲ
ကိုယ့်ကိုစိတ်ပူသေးတာပဲူဒိလောက်ဆို ကျေနပ်ပါပီ Yoon
"ကိုဘာမှမဖြစ်ဘူးနော် Yoon မငိုနဲ့တော့နော် "
ဖက်ပီးငိုနေတဲ့ Yoon ကိုယ်လေးကိုခွာပီး မျက်ရည်တွေကိုသုတ်ပေးလိုက်တော့ ကြောင်တောင်လေးပြန်ကြည့်လာသည်.....
"Yoon ထူပေးမယ် ထနိုင်လား "
"အင်း ထနိုင်ပါတယ် အား ကျွတ် ကျွတ် "
"ကြည့် ဒူးပြဲသွားပီ ရှင်ကလေးလား ကားရှေ့ပြေးဝင်ရအောင် ရူးနေလား သေသွားရင်ဘယ်လိုလုပ်မလဲပြော "
ခုနက စိတ်ပူလို့ငိုယိုနေတာ သူမဟူတ်သလိုပဲ အခုဟောက်နေပြန်ပါပီ
"အခုမသေဘူးလေ ပီးတော့သေသွားလည်းဘာဖစ်လဲ ကိုသေသွားမှ Yoon ကခွင့်လွှတ်မယ်ဆို ကိုသေရဲပါတယ် "
"ရှင် ..ပြောလေကဲလေ ပါလား "
ခရမ်းချဉ်သီးမျက်နှာပိုင်ရှင်လေးက ရင်ဘတ်ကိုတွန်းထုတ်ပီး အိမ်ထဲပြန်ဝင်ဖို့လုပ်သည်
ဒီအတိုင်းတော့ပြန်မလွှတ်နိုင်
Yoon သေချာပေါက် ကိုယ့်ကို ခွင့်လွှတ်ရမည်
မာယာလေးတော့သုံးခွင့်ပေး"အား ကျွတ် အား သေပါပီ "
"ဟင် ရှင်ဘာဖစ်တာလဲ ရရဲ့လား"
"ခြေထောက်အရမ်းနာတယ် အမယ်လေး ထောက်လိုတောင် မရတော့ဘူး "
YOU ARE READING
🔥 အမုန်းများနှင့် အချစ် 💗(Completed)
Romanceအချစ် လား အမုန်းလား မသိတဲ့ တစ်စုံတစ်ရာ နဲ့လုံးထွေးလာခဲ့တာ အစကပြန်စဉ်းစားကြည့်တော့ ပျော်ရွှင်မှု လောက် ဘာမှအရေးမပါခဲ့ဘူး