Diary 📖

1.4K 166 19
                                    

🔥 အမုန်းများနှင့် အချစ် ♥

Ep 42 ✅✅

Hobi ဆေးရုံရောက်နေတယ်ဆိုသော Jinnie ရဲ့ ဖုန်း ကောလ် ကြောင့် ယွန်းဂီ နဲ့ ဂျီမင်းတို့ ဆေးရုံကိုပြေးလာခဲ့ကြသည်။

ဆေးရုံသို့လိုက်ပို့ခဲ့ရတဲ့ Jinnie မှာလည်း သူတို့နဲ့အတူရှိနေသေးသည်။

ဆေးရုံရောက်တော့ Hobi မှာ အရေးပေါ်ခန်းထဲတွင် ပိုက်ပေါင်းစုံနဲ့ငြိမ်သက်လျက် ဘေးပတ်လည်က ဆရာဝန်တွေကတော့ အမျိုးမျိုးစမ်းသပ်ကာ ဆေးထိုးပေးနေကြသည်။

"ဆရာ hobi ဘယ်လိုအခြေအနေရှိလဲဟင်"

"လူနာက သွေးကင်ဆာဖြစ်နေတာ သိတယ်မလား"

"ရှင်"

ထိုအသံမှာ Jinnie ဆီမှာထွက်လာခြင်းဖြစ်သည်။

သူမက သွေးကင်ဆာဖြစ်နေတာတဲ့လား
နမ်ဂျွန်းက သိနေခဲ့တာလား

"ဟုတ် ခုနကမှသိထားတာပါ ဆရာ အခု အခြေအနေကဘယ်လိုလဲဟင် ခွဲစိတ်ဖို့လိုတယ်မလား ခွဲစိတ်လိုက်ရင် အဆင်ပြေသွားမှာမလားဟင်"

"မသေချာပါဘူး ရိုးတွင်းခြင်ဆီ ကြောင့်ဖစ်တဲ့ သွေးကင်ဆာဆိုတော့ ရိုးတွင်းခြင်ဆီလှူပေးမယ့်သူလည်းရှိမှ ပီးတော့ ပိုဆိုးတာက ကင်ဆာကအမြစ်တွယ်နေပီး နောက်ဆုံးအဆင့်ရောက်နေပီ ပီးတော့လူနာက အရက်ဆေးလိပ်လည်းမှီဝဲပုံရတယ် အသည်းနဲ့အဆုတ်ကလည်း ခံနိုင်ရည်မရှိတော့လို့ မကြာခင် ကင်ဆာဆဲလ်တွေပြန်နိုင်တယ် ခွဲစိတ်ရင်တောင် အသက်ရှင် ဖို့က 30% လောက်ပါပဲ"

"ဟင် "

Yoon အဆင်ပြေရဲ့လား

မြေပြင်ပေါ်ခွေကျသွားတဲ့ ယွန်းဂီကို ဂျီမင်လှမ်းပွေ့လိုက်သည်။

"အဲ့တာဆို ဘာမှမလုပ်ပဲထိုင်ကြည့်နေရတော့မှာလား မကယ်နိုင်တော့လား ဆရာရယ် ခြင်ဆီကျွန်မပေးပါ့မယ် ကျွန်မကိုသွေးစစ်ပါ ဆရာ ကျေးဇူးပြုပီး hobi ကိုကယ်ပေးပါ အဟင့် အဟင့် "

"သွေးစစ်ကြည့်ချင်ရင်တော့စစ်ပေးလို့ရပါတယ် လူနာသတိရလာတာနဲ့ သွေးစစ်ပေးပါမယ်"

Yoon အဆင်ပြေရဲ့လား အရမ်းစိတ်မပူပါနဲ့ အားလူံးအဆင်ပြေသွားမှာပါ

🔥 အမုန်းများနှင့်​ အချစ်​ 💗(Completed)Where stories live. Discover now