အပိုင်း(2)

2.4K 145 3
                                    

သခင်​​လေးရှိမရှိမသိ​ပေမဲ့ဗိုက်​ဆာလို့သာ​အောက်​ထပ်​ဆင်းလာရတာလူကခပ်​လန့်​လန့်​ရယ်​။
ဟိုအကို​ပြောခဲ့သလိုတအိမ်​သားလုံးကမုန်း​နေတာဆို​တော့ထမင်း​တောင်​​ကျွေးပါ့မလားလို့​တွေး​နေမိသည်​။
အောက်​ထပ်​​ရောက်​​တော့သန့်​ရှင်း​ရေးလုပ်​​နေတဲ့မမတစ်​​ယောက်​ကို​တွေ့ရတာမို့ပြုံးပြရင်း
"မမ Nini ​ဗိုက်​ဆာလို့"
"ဟင်​ မင်း ကဘယ်​သူလဲ"
"Kimkaiပါမမသခင်​​လေး​ရောပြန်​မလာဘူးလား"
"​အော်​ Kimkaiလား လာ​လေ"
ထမင်းစာပွဲ​ခေါ်ကာပြင်​​ပေး​ပေမဲ့မျက်​နှာကကိုယ်​အ​ပေါ်မကည်​တာမို့ထမင်းစာပွဲမှာငြိမ်​ငြိမ်​​လေးထိုင်​ရင်းကြည့်​​နေမိသည်​။ဟင်းပွဲ​တွေအများကြီး​ပေမဲ့အ​ရေ​သောက်​ပန်​ကန်​​လေးသာယူပြီး​သောက်​​နေလိုက်​သည်​​သောက်​ပြီး​တော့အ​ပေါ်ထပ်​ပြန်​တတ်​ဖို့လုပ်​​တော့ခုနမမကniniကိုတစ်​လှည့်​ထမင်းစားပွဲကိုတစ်​လှည့်​ကြည့်​ကာ
"ထမင်း မစားဘူးလား ဘာလုပ်​​ပေးရမလဲ"
"ရပါတယ်​မမ ​ကျေးဇူးတယ်​ပါတယ်​ကျွန်​​တော်​ကအရည်​ဘဲ​သောက်​လို့ရလို့ပါ အ​ပေါ်တတ်​​တော့မယ်​​ ​အော်​မမ ကျွန်​​တော်​​နေတဲ့အခန်းကိုသိလားဟင်​"
"သိပါတယ်​ ဘာပို့​ပေးရမလဲ'"
"ကျွန်​​တော်​ကအခန်းကိုမမှတ်​မိ​တော့လို့ပို့​ပေးပါ့လားဟင်​ကျွန်​​တော်​တကယ်​မသိလို့ပါ"
ဘယ်လို​ကောင်​​လေးလည်းလို့​တွေးရင်းသူ့အခန်းအထိလိုက်​ပို့​ပေးပြီးပြန်​ဆင်းလာ​တော့သခင်​​လေးကထမင်းဝိုင်းမှာထိုင်​​နေတာမို့အရိုးအ​သေပြုရင်း
"သခင်​​လေး ထမင်းစား​တော့မလို့လားရှင့်​"
"မစားပါဘူးဒါဘယ်​သူအတွက်​ပြင်​ထားတာလဲ"
"သခင်​​လေးရဲ့ခင်​ပွန်းဗိုက်​ဆာတယ်​ဆိုလို့ပါ"
"​အော်​လာစား​တော့မလို့လား"
"စားပြီးပြီးတဲ့သခင်​​လေး"
"ဘာမှ​တောင်​မ​လျော့​သေးပါလား"
"ဟုတ်​တယ်​သခင်​​လေးအရည်​ဘဲ​သောက်​သွားတာ"
"​နေ့တိုင်းအရည်​ဘဲ​သောက်​တာလား"
"ဒီအိမ်​စ​ရောက်​ကတည်းကအခုမှပထမဆုံးအကြိမ်​ဆင်းလာတာပါသခင်​​လေး"
"ဘာ တစ်​ပတ်​လုံး အခုတခါဘဲဆင်းလာတာဟုတ်​လား"
"ဟုတ်​ပါတယ်​သခင်​​လေး"
စကားမဆုံးခင်ဘဲအ​ပေါ်ထပ်​ကိုတတ်​လာခဲ့လိုက်​သည်​။တံခါးဖွင့်​ဝင်​တော့အခန်း​ထောင့်​​လေးမှာငုတ်​တုတ်​​လေးထိုင်​​နေတာ​တွေ့ရသည်​။အခန်းတံခါးဖွင့်​သံနဲ့အတူအခန်းထဲဝင်​လာတဲ့ကိုယ့်​ကို​တွေ့​တော့​ခေါင်း​လေးငုံ့ကာငြိမ်​​နေသည်​။
"မင်းအခုဘာလုပ်​​နေတာလဲ Kai"
"ဟို ကျွန်​​တော်​ဘာလုပ်​​ပေးရမှန်းမသိလို့ပါသခင်​​လေး"
"ဟုတ်​လားဒါနဲ့မင်းငါခိုင်းတာတကယ်​လုပ်​မှာလား"
"ဟုတ်​ကဲ့သခင်​​လေး"
"ဒီဆိုင်​မှာမုန့်​သွားဝယ်​လာခဲ့အိမ်​​ရှေ့မှာကားသမားရှိတယ်​​ခေါ်သွားလို့ရတယ်​"
"ဟုတ်​ ဟုတ်​ကဲ့ ကျွန်​​တော်​ဘယ်​​လောက်​ဝယ်​ရမှာလဲ"
"​ရော့အဲဒီမုန့်​​တွေဝယ်​ခဲ့"
သခင်​​လေး​ပေးတဲ့ပိုက်​ဆံရယ်​မုန့်​စာရင်းစာရွက်​​လေးရယ်​လိပ်​စာကဒ်​​လေးရယ်​ကို​သေချာကြည့်​ပြီး​အောက်​ထပ်​ဆင်းလာ​တော့ဟိုတခါniniကိုအိမ်​​ခေါ်လာ​ပေးတဲ့အကိုကို​တွေ့ရတာမို့ပြုံးပြရင်း
"အကို nini ကိုဒီလိပ်​စာ​လေးအတိုင်းပို့​ပေးပါ့လား"
ရှေ့ကိုထိုး​ပေးတဲ့လိပ်​စာ​လေးကိုကြည့်​ရင်းchenတစ်​​ယောက်​လန့်​သွားရသည်​။
မမ​လေးမ​တော်​တဆဖြစ်​တဲ့​နေရာကိုပြန်​သွားခိုင်းတာဆို​တော့ဒီ​ကောင်​​လေးကိုထိတ်​လန့်​​စေချင်​တာဖြစ်​မယ်​လို့​တွေးလိုက်​မိတာ​ကြောင့်​​ခေါ်သွား​ပေးလိုက်​သည်​။မုန့်​ဆိုင်​​လေး​တွေအများကြီးရှိတဲ့​နေရာ​လေး​ရောက်​​တော့ကား​ပေါ်ကမဆင်း​သေးဘဲchenဘက်​လှည့်​ကာသခင်​​လေး​ပေးလိုက်​တဲ့စာရင်းနဲ့ပိုက်​ဆံ​လေးကိုပြကာမျက်​နှာငယ်​​လေးနဲ့
"အကို သခင်​​လေးကဒီပိုက်​ဆံနဲ့ဒီစာရွက်​​လေး​ပေးလိုက်​တယ်​အဲဒါနဲ့ဝယ်လို့တကယ်​ရတာလားဟင်​"
ငွေကနည်းပြီးမှာတဲ့မုန့်​ကအများကြီး​ပေမဲ့chenလည်းမမ​လေးနဲ့မမြင်​ရ​သေးတဲ့က​လေးကို​တွေးမိတာ​ကြောင့်​​ခေါင်းညိမ့်​ပြလိုက်​​တော့ဘယ်​ဆိုင်​လဲလို့​မေးတာ​ကြောင့်​ဆိုင်​ပါပြလိုက်​​တော့ဆင်းသွားသည်​။
အခုမှသတိထားမိတာအဲဒီက​လေးဟာအ​နွေးထည်​မပါသလိုဖိနပ်​လဲစီးမလာခဲ့ပါဒီအတိုင်းသွားရင်​သူများသူ့ကိုအရူးလို့ထင်​မှာတောင်​စိုးရိမ်​ရသည်​။ဆင်းသွားတဲ့ထို​ကောင်​​လေးကိုကြည့်​​နေတုန်းသခင်​​လေးဆီကဖုန်းလာလို့ကိုင်​ပြီးအခုဟို​ကောင်​​လေးကိုလိုက်​ပို့​ကြောင်း​ပြောပြ​တော့ဘာမှမ​မေး​တော့ဘဲဖုန်းချသွားသည်​။
နာရီဝက်​​လောက်​ကြာ​တော့ကားဆီပြန်​လာတဲ့​ကောင်​​လေးကို​တွေ့လို့​ခေါ်လိုက်​​တော့ပြုံးပြပြီးကား​ပေါ်တတ်​လာသည်​။မျက်​နှာမှာလဲဒဏ်​ရာ​တွေနဲ့မို့ဆိုင်​မှာပြသနာဖြစ်​လာမှန်းသိ​ပေမဲ့ဘာမှမ​မေးဘဲထားလိုက်​သည်​။
အိမ်​​ရောက်​​တော့သူဝယ်​လာတဲ့မုန့်​​လေး​တွေကိုအပြုံး​လေးနဲ့သခင်​​လေး​ရှေ့ချ​ပေးကာလက်​က​လေးနှစ်​​ချောင်းပွတ်​ရင်းသခင်​​လေးများဆူမလားလို့​ခေါင်း​လေးငုံ့ကာ​စောင့်​​နေသည်​။
"သွား​တော့ရပြီး"
"ဟုတ်​ကဲ့ပါသခင်​​လေး"
သခင်​​လေးအတွက်​မုန့်​ဝယ်​ရင်းဒဏ်​ရာရလာတာကို​တောင်​တစ်​ခွန်းမှမ​မေးပါ့လားလို့​တွေးပြီးစိတ်​မ​ကောင်းဖြစ်​မိ​ပေမဲ့အစကတည်းကသခင်​​လေးကniniကိုမုန်း​နေတာဘဲလို့​တွေးမိ​တော့ဘာမှ​မ​ပြော​တော့ဘဲ​စော​စောက​သေချာမှတ်​ထားတဲ့အခန်း​လေးထဲပြန်​ဝင်​လာကာထိုင်​​နေကြ​ထောင့်​​လေးမှာဘဲထိုင်​​နေလိုက်​သည်​။သခင်​​လေးဘာ​ကြောင့်​မုန်းတာလဲမသိ​ပေမဲ့niniက​တော့သခင်​​လေးကိုမြင်​ရင်​​ပျော်​မိသည်​။
ငယ်​ငယ်​​လေးကတည်းကချစ်​ခင်​ယုယ​ပေးမဲ့လူမရှိဘဲကြီးလာရ​တော့ကိုယ့်​ကိုချစ်​​ပေမဲ့လူဆိုတာတစ်​​ယောက်​မှမရှိပါ။သခင်​​လေးကလက်​ထပ်​မယ်​ဆို​တော့niniကိုချစ်​လို့လက်​ထပ်​မှာလို့ထင်​ပြီး​ပျော်​​နေတဲ့အ​ပျော်​​လေးကမင်္ဂလာပွဲမှာကတည်းကအရမ်းမုန်းလို့လက်​ထပ်​တယ်​ဆိုတာသိလိုက်​ရ​ပေမဲ့ဘာ​ကြောင့်​မုန်းတာလဲဆိုတာ​တောင်​မသိရဘဲအမုန်းခံ​နေရသည်​။သခင်​​လေး​ဒေါသထွက်​ပြီး​ဖေ​ဖေ​မေ​မေတို့လိုများရိုက်​မလားအပြစ်​​ပေးမလားလို့​တွေး​​ကြောက်​​နေမိတာ​ကြောင့်​ဗိုက်​ဆာတာ​တောင်​​အောက်​ဆင်းပြီးမစားရဲဘဲထားတဲ့အခန်း​လေးမှာဘဲငြိမ်​​နေမိသည်​။အခန်းထဲကပစ္စည်း​တွေလဲကိုင်​ရင်​သခင်​​လေးဆူမှာ​ကြောက်​တာမို့အိမ်​က​ပေးလိုက်​တဲ့အဝတ်​အစားအိပ်​​လေးနဲ့ဘဲ​နေ​နေလိုက်​သည်​။
လူ​တွေကဘာ​ကြောင့်​များမုန်းကြတာလဲလို့​တွေးမိတိုင်းမျက်​ရည်​ကျ​နေမိသည်​။မေ​မေတို့လည်းတခါ​လေး​တောင်​လာမလည်​ကြ​တာမို့ခ​ဏ​လောက်​​လေး​တွေ့ချင်​​ပေမဲ့သခင်​​လေးကိုမ​ပြောရဲတာ​ကြောင့်​အိမ်​ကထည့်​လာတဲ့niniမပါတဲ့မိသားစုပုံ​လေးကိုကြည့်​​နေမိသည်​။မေ​မေ​ရော​ဖေ​ဖေ​ရောမမနဲ့ကိုကို​ရောအားလုံးပြုံး​နေကြ​ပေနဲ့ဘယ်​​တော့များမှဒီမိသားစုပုံ​လေးထဲniniပါမလဲလို့​တွေးရင်​ဝမ်းနည်းလာတာမို့ဓာတ်​ပုံ​လေးပိုက်​ရင်းငို​နေမိသည်​။ငိုရင်းဘဲအိပ်​​ပျော်​သွားရသည်​။

****************************

"သခင်​​လေး ထူး​ဆန်းတဲ့သတင်းတစ်​ခုရတယ်​"
"ဘာသတင်းလဲ"
"ဟို​ကောင်​​လေးရဲ့မိသားစု​တွေအားလုံးးအိမ်​ပါ​ရောင်းပြီးပြည်​ပကိုထွက်​သွားပြီးတဲ့"
"ဘာ ဘယ်​ကိုထွက်​သွားတာလဲ"
"အ​မေရိကလို့​ပြော​ပေမဲ့ဘယ်​​နေရာမှန်းမသိဘူးတဲ့"
"ဟို​ကောင်​​လေးသိလား"
"မသိဘူးထင်​တယ်​သခင်​​လေး"
လက်​ထပ်​ပြီးတာတစ်​လအထိ​ကျောင်းတတ်​ဖို့လည်းစကားမစသလိုအိမ်​ကမိသားစုအ​ကြောင်းလဲမ​ပြောဘဲကိုယ်​လက်​မသန်​စွမ်းသူ​တွေလိုထားတဲ့​နေရာမှာဘဲ​နေ​နေရှာသည်​။အိမ်​​ရောက်​​တော့ထမင်းစားခန်းထဲကအသံကြားလို့ကြည့်​လိုက်​​တော့ဆန်​ပြုတ်​အရည်​ကျဲကျဲ​လေးထိုင်​​သောက်​​နေတဲ့​ကောင်​​လေးကို​တွေ့တာမို့
"စားပြီးအ​ပေါ်တတ်​လာခဲ့​ပြောစရာရှိတယ်​"
" ဟုတ်​ကဲ့ သခင်​​လေး"
သခင်​​လေးမှာခဲ့တာမို့အမြန်​စားကာအ​ပေါ်​ပြေးတတ်​လာကာသခင်​​လေး​ရှေ့ရပ်​ရင်း
"nini ​ရောက်​ပါပြီးသခင်​​လေး"
"မင်းရဲ့မိသားစု​တွေကိုသတိရလား"
"ဟုတ်​ သတိရပါတယ်​သခင်​​လေး"
"အခုမင်းမိသားစု​တွေဘယ်​မှာလဲဆိုတာသိလား"
"အိမ်​မှာရှိမှာ​ပေါ့ဘာဖြစ်​လို့လဲသခင်​​လေး"
"မင်းတကယ်​မသိ​သေးတာလား"
"ဘာ ဘာလဲဟင်​ သခင်​​လေး"
"မင်းရဲ့မိသားစု​တွေအိမ်​ပါ​ရောင်းပြီးဒီနိုင်​ငံကအပြီးထွက်​သွားပြီးတဲ့kai"
သခင်​​လေးစကားကြားပြီးkaiတစ်​​ယောက်​မိသားစုဓာတ်​ပုံ​လေးကိုင်​ရင်းမျက်​ရည်​​တွေအဆက်​မပြတ်​စီးကျလာသည်​။အသံတစ်​ချက်​မထွက်​ဘဲမျက်​ရည်​ကျပြီး​တောင့်​​တောင့်​​လေးရပ်​​နေတဲ့​ကောင်​​လေးကိုကြည်​ကာငါလည်းမင်းလိုဘဲနာကျင်​ခံစားခဲ့ရတယ်​လို့​တွေးရင်းတစ်​​ယောက်​တည်းထားခဲ့ကာ​အောက်​ထပ်​ပြန်​ဆင်းလာခဲ့လိုက်​​တော့သည်​။မင်းက​တွေ့ချင်​ရင်​ရှာ​တွေ့လို့ရ​ပေမဲ့ငါက​တော့ဒီတစ်​သက်​မ​တွေ့နိုင်​​တော့ဘူး​ကောင်​​လေး​ရေလို့ခပ်​တိုးတိုး​ပြောမိသည်​။

               အမျက်​​ပြေအနမ်းငယ်​တစ်​ပွင့်​Where stories live. Discover now