အပိုင်း(17)ဇာတ်​သိမ်း

2.7K 109 10
                                    

"သခင်​လေး ဘာလို့ sooyoonနဲ့ဟိုဂျောင်​မင်းတို့ကိုခွင့်​လွတ်​ပေးလိုက်​တာလဲ"
"ငါမဟုတ်​ဘူးကလေးငယ်​ကခွင့်​လွတ်​ပေးခိုင်းတာလေ"
"ဘယ်​လိုအဲကလေးပေါက်​စကတော့လေ"
"သူလည်းစိတ်​မကောင်းဖြစ်​ပေမဲ့sooyoonရဲ့အဖေလည်းဆုံးပြီးဂျောင်​မင်​အဖေနဲ့အမေကလည်းအန်​ကယ်​နဲ့အန်​တီရဲ့ကားမတော်​တဆမှုဖန်​တီးပြီးလူသတ်​မှူအပြင်​ကလေးငယ်​ကိုအဆိပ်​တွေတိတ်​တဆိတ်​တိုက်​ရင်းသေစေလိုမှူနဲ့တရာစွဲထောင်​ကျပြီးဆိုတော့သူတို့ကိုတော့ခွင့်​လွတ်​ပေးလိုက်​ပါဆိုလို့ပြီးတော့ကလေးငယ်​ကမွေးနေ့လက်​ဆောင်​အဖြစ်​တောင်းဆိုတာဆိုတော့လူကြီးတွေကလည်းခွင့်​လွတ်​ပေးလိုက်​ကြတာ"
"အော်​ဟုတ်​ကဲ့ဒါနဲ့အဲဒီကလေးပေါက်​စကိုမတွေ့ပါ့လား"
"မားမားနဲ့အပြင်​လိုက်​သွားတယ်​"
"သခင်​လေးကိုပစ်​ထားပြီးပေါ့ဟုတ်​လား"
"အင်းတခါတခါပစ်​ထားပြီးမင်းရိုက်​သွင်းပေးထားတဲ့အသိကတော့ပြောင်းမသွားဘူးငါ့မှာလူကြားထဲမှာသူကိုစိတ်​တောင်​မဆိုးရဲဘူးအဲကလေးပေါက်​စကိုကြောက်​နေရတယ်​"
"ဗျာ ဘာ ဘာဖြစ်​လို့လဲ သခင်​လေး"
"ငါမျက်​နှာတည်​ပြီးအသံနည်းနည်းလေးမာတာနဲ့လူကြားသူကြားမရှောင်​ဘူးအတင်းနမ်းပြီးချော့ရတာအမော"
"သခင်​လေးကျေနပ်​နေတယ်​မဟုတ်​လားအဲဒါကို"
"ကျေနပ်​တာတော့ကျေနပ်​တာပေါ့ဒါပေမဲ့"
"ရှက်​မနေပါနဲ့ဗျာ အော်​မေ့တော့မလို့ကလေးပြောပြောနေတဲ့လေးလေးxingဆိုတာဒေါက်​တာjunနဲ့လက်​ထပ်​ထားတာတဲ့သခင်​လေးနောင်​လသခင်​လေးမွေးနေ့မှာလာခဲ့မယ်​တဲ့"
"အော်​ဒေါက်​တာjunကမပြောပါ့လား"
"စကားမစပ်​မိလို့မပြောဖြစ်​တာဖြစ်​မယ်​ဗျ"
နှစ်​ယောက်​သားစကားပြောနေတုန်းအပြင်​ကပြန်​ရောက်​လာတဲ့ကလေးငယ်​ကchenကိုတွေ့တာနဲ့
"ကိုလေး အလည်​လာတာလား"
"အင်းniniလေးနေကောင်းတယ်​မဟုတ်​လား"
"ဟုတ်​ကောင်းတယ်​ကိုလေး"
"အင်း ငါ့ညီလေးကချောလာတာဘဲ"
"ဟုတ်​လို့လား Papaကတော့ပြောတယ်​niniကမချောဘူးတဲ့ဝက်​ဝံပေါက်​လေးနဲ့ဘဲတူတယ်​တဲ့"
"အန်​ကယ်​ပြောတာအမှန်​ဘဲတကယ့်​ဝက်​ဝံလေးနဲ့တူလို့ကိုလေးတောင်​ညီလေးအတွက်​ဝက်​ဝံအကျီ်း​လေးဝယ်​လာပေးသေးတယ်​မနက်​ဖြန်​ယူခဲ့ပေးမယ်​ဒီနေ့ကအိမ်​မလာဖြစ်​လောက်​ဘူးဆိုပြီးယူမလာတာ"
"ဟုတ်​ကဲ့ကိုလေး ကျေးဇူးဘဲနော်​"
ကလေးငယ်​နဲ့chenစကားပြောနေတုန်းsehunလည်းchenကိုပေးရမဲ့စာရွက်​စာတမ်းတွေပြင်​ဆင်​ပေးလိုက်​သည်​။ကလေးငယ်​ကိုအိမ်​မှာဘဲစာသင်​ရင်​လူတောမတိုးတော့မှာစိုးလို့အန်​ကယ်​နဲ့တိုင်​ပင်​ကာကျောင်းလည်းတတ်​ခိုင်းပြီးသူ့ဝါသနာပါတဲ့အကသင်​တန်းပါတတ်​ခိုင်းထားလိုက်​သည်​။အရင်​ကကလေးငယ်​အပေါ်အနိုင့်​ကျင့်​တဲ့လူတွေတောင်​အခုတော့oh gpကဥက္ကဠကြီးရဲ့အသက်​ထက်​ချစ်​ရတဲ့အမျိုးသားလေး၊kim gp ကသူဌေးကြီးရဲ့အချစ်​ဆုံးသားဆိုတဲ့အရှိန်​အဝါကြောင့်​ကလေးငယ်​ကိုမထိရဲကြတော့ပါ။
စိတ်​ထားကောင်းတဲ့ကလေးမာနမကြီးတတ်​တဲ့အမြဲပြုံးနေတတ်​တဲ့ကလေးလေးကြောင့်​ခင်​ကြတဲ့လူတွေများသလိုတချို့ကလည်းနောက်​ခံအရှိန်​အဝါတွေကြောင့်​ကလေးအနားကပ်​နေကြတာမို့ကလေးငယ်​ကိုလူတွေကိုသတိထားပေါင်းဖို့ပြောထားရသည်​။
"ကိုကြီး ဟို nini ပြောစရာရှိလို့အဲဒါ"
"ပြောလေကလေး"
"နောက်​အပတ်​ပိတ်​ရက်​ကျရင်​niniတို့အကသင်​တန်းကပြိုင်​ပွဲလုပ်​မှာကိုကြီးပွဲတတ်​ပေးမှာလားဟင်​"
"တစ်​ယောက်​တည်းဖိတ်​တာလားpapaကိုဖိတ်​လိုက်​ပါ့လားကိုကြီးကလိုက်​ချင်​ပေမဲ့niniလေးရဲ့papaကသူ့သားလေးကိုလိုက်​အားပေးချင်​မှာပေါ့"
"ဆယ်​ယောက်​အထိလိုက်​လို့ရတယ်​ကိုကြီး"
"အဲလိုလား"
"ဟုတ်​မားမားတို့ကိုတောင်​ဖိတ်​ပြီးပြီး"
"ပထမရအောင်​လုပ်​နော်​ကလေးလေး"
"ပထမ မရရင်​စိတ်​ဆိုးမှာလားကိုကြီးက"
"မဆိုးပါဘူးကိုကြီးကဒီကလေးလေးကိုစိတ်​ဆိုးစရာလားဒီအတိုင်းကြိုးစားဖို့ပြောတာပါဗျာ"
sehunစကားဆုံးတော့ကလေးငယ်​ကရင်​ခွင်​ထဲတိုးဝင်​ကာပြိုင်​ပွဲအတွက်​အားယူတာလို့ပြောလာတာကြောင့်​ဆံပင်​လေးတွေဖွပေးရင်းလက်​တစ်​ဘက်​နဲ့ပြန်​ပွေ့ဖက်​ထားပေးတော့ရင်​ခွင်​ထဲကအကောင်​ပေါက်​လေးကပြုံးပျော်​နေသည်​။

               အမျက်​​ပြေအနမ်းငယ်​တစ်​ပွင့်​Where stories live. Discover now