အပိုင်း(11)

1.7K 112 7
                                    

sooyoonဖုန်းချပြီးကတည်းကchenဆီဖုန်းဆက်​ကာအိမ်​လာဖို့ပြောပြီးစစ်​ဆေးစရာတွေကိုစစ်​ဆေးနေလိုက်​သည်​။
"သခင်​လေး အရေးကြီးလို့လား"
chenအသံကြားမှခေါင်းမော့ကြည့်​ရင်းထိုင်​ဖို့အချက်​ပြလိုက်​တော့chenကရှေ့မှာဝင်​ထိုင်​ရင်းသခင်​လေးsehunဘာပြောမလဲဆိုတာစောင့်​ပြီးနားထောက်​နေလိုက်​သည်​။
"ဒီမနက်​sooyoonဖုန်းဆက်​လာတယ်​chen"
"ဘာ ဘယ်​လိုမမလေးကဖုန်းဆက်​လာတယ်​ဟုတ်​လားသခင်​လေးမမလေးကတကယ်​မသေဘူးလို့ပြောတာလား"
"ဟုတ်​တယ်​chenကလေးငယ်​ကိုခြိမ်းခြောက်​နေတယ်​"
"သခင်းလေးဘာဆက်​လုပ်​မလဲစိတ်​ကူးထားလဲ"
"သူ့လိပ်​စာစုံစမ်းနေတာတွေ့ရင်​တော့မလွယ်​ဘူး'
"ဗျာ သခင်​လေး"
"ငါကိုလိမ်​တဲ့လူကိုငါအမုန်းဆုံးဘဲသူငါနဲ့လက်​မထပ်​ခြင်းရင်​ပွင့်​ပွင့့်လင်းလင်းပြောလို့ရတာဘဲငါကငါကိုမချစ်​တတ်​တဲ့လူတစ်​ယောက်​ကိုအတင်းတော့မဆွဲထားပါဘူးမင်္ဂလာစေ့စပ်​ပွဲမလုပ်​ခင်​ကတည်းကငါ့သူ့ကိုမေးတယ်​စိတ်​ပြောင်းဦးမလားလို့မေးတယ်​ဒါပေမဲ့သူငါ့ကိုပြောတယ်​မောင်​ကသာကျွန်​မဘဝမို့မောင်​ကိုလက်​မလွတ်​ခင်းပါဘူးလို့ဖြေခဲ့တယ်​"
"ကျွန်​တော်​မေးတော့လည်းမောင့်​ကသူ့ဘဝပါလို့ပြောတာ"
"ကလေးငယ်​အရမ်းကြောက်​နေမှာဘဲဒါကြောင့်​သူချက်​ချင်းသူဌေးKimအိမ်​လိုက်​သွားတာနဲ့တူတယ်​"
"ကလေးငယ်​ကိုပြန်​မပြောရဘူးလို့ပြောထားတာ"
"ကလေးငယ်​ကသခင်​လေးကိုပြန်​ပြောတာလား"
"ငါဒီနေ့ဘာမှမပြောဘဲဖုန်းကိုင်​တော့သူကငါ့ကိုကလေးငယ်​လို့ထင်​ပြီးပြောဆိုနေတာလေအဲဒါကြောင့်​သိတာ"
"ကလေးငယ်​ကသဘောကောင်းလွန်းတာကိုး"
"ငယ်​ငယ်​လေးကတည်းကအနှိမ်​ခံဆိုတော့ကြောက်​တတ်​တာဖြစ်​မှာပါChenရာငါကဂရုစိုက်​ပေးရမှာကိုး"
"သခင်​လေးလုပ်​ပေးထားတာသူလိုအပ်​တထက်​တောင်​ပိုပါသေးတယ်​ဗျာအခုဆိုသူ့အဖေအရင်းအထိရှာပေးထားတာ"
"အင်းဒါပေမဲ့အမှန်​ဆိုဒီပြသနာတွေကငါကစတာလို့ငါထင်​မိတယ်​ဘာဖြစ်​လို့လဲဆိုတော့sooyoonငါနဲ့ပတ်​သတ်​တာမဟုတ်​လားသူငါ့ဆီကထွက်​သွားချင်​လို့ဖြစ်​ရတာ"
"အင်းအဲဒါတော့ဟုတ်​တယ်​သူတို့ကကလေးငယ်​ကိုထောင်​ကျပြီးဆင်းရဲဒုက္ခရောက်​ပြီးသေသွားစေချင်​တာ"
နှစ်​ယောက်​သားစကားပြောနေတုန်းchenဖုန်းမြည်​လာတာမို့သခင်​လေးကိုခွင့်​တောင်းကာဖုန်းကိုင်​လိုက်​ပြီးတစ်​ဘက်​ကပြောလာတဲ့သတင်းစကားကြောင့်​မျက်​နှာကပြုံးလာသည်​။
ဖုန်းချပြီးတာနဲ့သခင်​လေးဘက်​လှည့်​ကြည့်​ကာ
"မမလေးတို့တည်​နေရာကိုသိရပြီးသခင်​လေး"
"အခုထိမမလေးလို့ခေါ်သေးတာလား"
"ဟုတ်​သားဘဲဒါနဲ့သခင်​လေးဘာဆက်​လုပ်​မလဲ"
"အတည်​ပြုရမှာပေါ့ဘယ်​နိုင်​ငံတဲ့လဲ"
"အမေရိကန်​မှာပါသခင်​လေး"
"လေယာဉ်​အဆင်​သင့်​ပြင်​ထားခိုင်းလိုက်​ချက်​ချင်းသွားမယ်​"
"ဟုတ်​ကဲ့သခင်​လေး"
ကလေးငယ်​ဆီဖုန်းဆက်​ပြီးခရီးခဏသွားမှာမို့ပြန်​လာမှလာခေါ်မယ်​ပြောတော့ကောင်းကောင်းသွားဖို့ပြောနေသည်​။

               အမျက်​​ပြေအနမ်းငယ်​တစ်​ပွင့်​Where stories live. Discover now