အပိုင်း(16)

1.6K 88 0
                                    

Sehun အိမ်​ပြန်​ရောက်​တော့ကလေးငယ်​တစ်​ယောက်​တည်းအပြင်​သွားတယ်​ဆိုလို့စိတ်​ပူရပြန်​သည်​။
ခါတိုင်းတစ်​ယောက်​တည်းမသွားဘူးဘဲအခုမှတစ်​ယောက်​တည်းအပြင်​သွားရသလားကလေးငယ်​ရာလို့စိတ်တိုရင်းစိုးရိမ်​ရပြန်​သည်​။ပြန်​လာမှခပ်​ဆတ်​ဆတ်​လေးရိုက်​ပစ်​လိုက်​မယ်​လို့တွေးမိသည်​။ဒီကလေးပေါက်​စဟာလေးမားမားတို့လည်းစိတ်​ပူနေကြတုန်းအပြင်​ကပြန်​ရောက်​လာတဲ့ကလေးငယ်​ပုံစံကြောင့်​လူကြီးတွေအားလုံးမျက်​လုံးပြူးသွားရသည်​။
ခါတိုင်းလူကြီးတွေဆင်​ပေးတာဝတ်​ပြီးဆံပင်​အုပ်​အုပ်​လေးနဲ့ကလေးလေးနဲ့တူတဲ့ကလေးငယ်​ဟာအခုတော့နောက်​တစ်​ယောက်​ပြောင်းသွားသလားထင်​လိုက်​ရသည်​။
တီရှပ်​အနက်​ရောင်​ကိုယ်​ကြပ်​ဝတ်​ထားပြီးဘောင်းဘီအနက်​ရောင်​အကြပ်​လေးကလည်းပေါင်းလယ်​လောက်​ကနေဒူးအထိအပြဲရာလေးတွေနဲ့စတိုင်​လ်​ကျနေတဲ့ကလေးငယ်​ကြောင့်​ကလေးငယ်​တစ်​ယောက်​တည်းအပြင်​သွားတယ်​သတင်းကြောင့်​ရောက်​နေတဲ့လူကြီးတွေလည်းအကြောင်​သားကြည့်​နေကြသည်​။တခါမှမဝတ်​ဘူးတဲ့ပုံစံမို့
"ဒါကရော ဘယ်​သူမြောက်​ပေးတာလဲ"
"ဟင်​ ကိုကြီး ဘယ်​လိုသိတာလဲ"
"မသိစရာလားဟမ်​ ငါ့ကလေးကိုမြောက်​ပေးနေတဲ့လူတွေဒီလောက်​ပေါတာကြီးပြောပါဦးဒီတခါဘယ်​သူလည်း"
"ကြက်​ကြော်​ကိုကိုတို့နှစ်​ယောက်​"
တိုးတိုးလေးကပ်​ပြောတဲ့ကလေးငယ်​စကားကြောင့်​ကိုရဲ့ယောက်​ဖသူငယ်​ချင်းအတွဲကိုကြည့်​လိုက်​တော့နှစ်​ယောက်​သားရယ်​နေကြသည်​။သူတို့ပြင်​ဆင်​ပေးတဲ့ကလေးငယ်​ပုံလေးကိုကြည့်​ကာနှစ်​ယောက်​သားသဘောကျပြီးပြုံးကာ
"sehun ကြည့်​စမ်းပါကွာငါတို့ကလေးလေးကအဲပုံလေးနဲ့အရမ်းလိုက်​တာဒါတောင်​ငါရဲ့ချစ်​ချစ်​ကလေးကိုဆံပင်​အရောင်​လေးပါဆိုးပေးချင်​တာဟဲဟဲကလေးကကြောက်​နေလို့စိတ်​မဆိုးပါနဲ့ကွာငါတို့ကကလေးကိုတတ်​တတ်​ကြွကြွနေစေချင်​လို့ပါကွာမင်းကလဲ"
"မဟုတ်​ပါဘူးဒါတွေပြောင်းလို့မဟုတ်​ဘူးအိမ်​ကရုတ်​တရက်​ပျောက်​သွားတော့စိတ်​ပူတာပေါ့ပြီးတော့cctvစစ်​ကြည့်​တော့လည်းတစ်​ယောက်​တည်းထွက်​သွားတာဆိုတော့ပြီးတော့မင်းတို့တွေကလည်းဖုန်းမကိုင်​ဘူးလေ"
"အဲဒါကလေကငါကတမင်​လမ်းထိပ်​အထိလာခိုင်းမိတာ"
"အေးပါကွာ ရပါတယ်​ ကလေးငယ်​နောက်​အဲလိုမလုပ်​ရဘူးနော်​သွားမယ်​ပြောသွားကြားလား"
"ဟုတ်​ကိုကြီး"
"နောက်​တခါဆိုစိတ်​ဆိုးမှာနော်​ကလေးငယ်​"
"ဟုတ်​ကဲ့ပါဆိုကိုကြီးကလည်းဘာလဲကျွန်​တော်​ကိုအခုမကျေနပ်​နေတာလားမကျေနပ်​လည်းရပါတယ်​ဟွန့်​"
ပြောပြီးနုတ်​ခမ်းလေးစူကထရပ်​လိုက်​တာမို့အားလုံးကကလေးငယ်​တော့စိတ်​ကောက်​ပြီးလို့ထင်​လိုက်​ပေမဲ့ကလေးငယ်​ကsehunရှေ့တည့်​တည့်​လာရပ်​ကာသူ့ရဲ့နုတ်​ခမ်းထူထူလေးကsehunရဲ့နုတ်​ခမ်းပေါ်ကျရောက်​လာတော့သည်​။တစ်​မိနစ်​လောက်​နမ်းပြီးတော့ပြန်​ခွာပြီး
"စိတ်​ပြေတော့နော်​ကိုကြီးniniနမ်းပြီးပြီးလေနော်​"
ကလေးငယ်​စကားကြောင့်​ကြောင်​ကြည့်​နေမိတော့ကလေးငယ်​ကစိတ်​ဆိုးမပြေသေးဘူးအထင်​နဲ့ထပ်​ကပ်​လာတာမို့သူ့ကိုယ်​လုံးလေးကိုဆွဲဖက်​လိုက်​ပြီးကြည့်​နေတဲ့လူတွေဘက်​လှည့်​ကာကလေးငယ်​ရဲ့ဆံပင်​လေးကိုဖွပေးလိုက်​ရင်း
"ဟိုမှာလူကြီးတွေကြည့်​နေတာကလေးငယ်​မရှက်​ဘူးလား"
"အဲ အီးးး အဲ့"
ကလေးပေါက်​စလိုအသံလေးထွက်​လာကာအရှက်​လွန်​ပြီးမျက်​နှာကိုရင်​ခွင်​ထဲအပ်​နေတဲ့ကလေးကြောင့်​အားလုံးရယ်​ကြတော့ကလေးကရှက်​တယ်​ရှက်​တယ်​နဲ့လိမ့်​အော်​နေတော့သည်​။
ကလေးရှက်​နေတာမို့အသာပွေ့ကာအခန်းဆီခေါ်သွားလိုက်​ရသည်​။လုပ်​ချင်​ရာလုပ်​ပြီးရှက်​နေတဲ့ကလေးငယ်​ကြောင့်​မိသားစုတွေလည်းရယ်​နေကြသည်​။

               အမျက်​​ပြေအနမ်းငယ်​တစ်​ပွင့်​Where stories live. Discover now