ခြိမ်း.....
ကျယ်လောင်သော မိုးကြိုးပစ်သံရဲ့ နောက်ကနေ ကပ်ပါလာတဲ့ မြှားတစ်စင်း...
ပြတင်းပေါက်ကို ကျော်ဝင်ပြီး.. ကုတင်တိုင်မှာ စိုက်သွားတော့ အနားယူနေစဲ မျက်လုံးများက အလိုမတူပဲ ပွင့်သွားရသည်။ထိုစဉ်အခန်းထဲ ပြေးဝင်လာတဲ့ ကိုယ်ရံတော် Jungkook
Jk- မင်းသား ဘာဖြစ်သွားသေးလဲ...
Jin- ငါဘာမှ မဖြစ်ဘူး မြှားမှာ စာပါတယ် ဖတ်ကြည့်လိုက်...
Jk- ဟုတ်ကဲ့..
မြှားကို ကုတင်တိုင်က ဆွဲနှုတ်ပြီး စာကိုဖတ်လိုက်တော့...
'အချိန်မဟုတ် နေမင်းပျောက်က ထိုသူသည် နိုင်ငံ၏ရန်သူတည်း....
.........'
မသဲကွဲတော့တဲ့ ရေစိုနေတဲ့ စာရွက်ကို Jungkook ဖတ်ပြီး ၂ဦးသား မျက်လုံးချင်းဆုံသွားတော့...Jk- ကျန်တာက မိုး ရေစိုသွားလို့ ဖတ်လို့မရတော့ဘူး ဒီစာကို ဘာလို့ ပို့ပေးတာလဲ နားမလည်နိုင်ဘူး
Jin- စိတ်ပူစရာမလိုပါဘူး.. ရှေ့ဖြစ်ဟောပို့တဲ့သူတွေနေမှာပါ..
Jk- နန်းတော်ကို အကျိုးပြုချင်တယ်ဆို အန္တရာယ်များတာ မလုပ်စေချင်ဘူး မတော်လို့ မင်းသားကို ထိခိုက်မိရင်
Jin- ငါ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ် Jungkookရယ်
သက်ပြင်းသံ သဲ့သဲ့သာ ကြားလိုက်ရသည်။
ခေါင်းငုံ့ကာ Jungkookအပြင်ထွက်သွားတော့ မြှားစာကို ပြန်ကြည့်မိသည်။ ဘာအဓိပ္ပါယ်လည်းတော့ နားမလည်နိုင်ခဲ့..အိပ်ရာပေါ်ပြန်မလဲခင် ခေါင်းထဲထိတိုးဝင်သွားတာက
'အချိန်မဟုတ် နေမင်းပျောက်က ထိုသူသည် ရန်သူတည်း...'ဟူသော စာကြောင်းပင်..
အိမ်မက်ထဲထိ ဝင်လာခဲ့တာက နေမရှိသော လမိုက်ညတွင် ထိန်လင်းနေသော လူသားတစ်ဦး လက်ကမ်းပေးသည်ကို ပြေးလိုက်သော်လည်း မမှီပေ....
YOU ARE READING
The Prisoner
RomanceYoonjin.. ငါ့နှလုံးသား ငါ့ဖြစ်တည်ခြင်းမှာ မင်းက အရေးပါလွန်းတယ် ငါ့အမိန့်မပါပဲ ငါ့ဘေးက တစ်ဖဝါးတောင် မင်းခွာခွင့် မရှိဘူး Kim Seok Jin လွတ်မြောက်ခွင့်ဆိုတာ ငါ့ဆီမှာ မရှိဘူး ငါက ငါ့ကိုငါတောင် မပိုင်တဲ့သူ Min Yoongi