The Prisoner 3

713 88 10
                                    

လူ​နေများပြီး စည်​ကားလှသည့်​ ဂိုဂူ​လျောပြည်​ဟာ Daeguသား​တွေအဖို့​တော့ မစိမ်းသက်​ခဲ့။
သုံ့ပန်းအဖြစ်​ အ​ခေါ်ခံခဲ့ရသည့်​အတွက်​​တော့ ခံပြင်းမိတာ အမှန်​..

နန်း​တော်​ထဲကို ​ခြေချသည်​နှင့်​ အခမ်းအနား တစ်​ခုမှာ သပ်​ရပ်​လှပစွာ ပြင်​ဆင်​ထားသည်​။
အောင်​ပွဲခံသည်​လား ကြိုဆိုခြင်းလာပင်​မသိခဲ့။
သို့​သော်​ ထိုခမ်းနားလှသည့်​ ပွဲကြီးက ​နွေး​ထွေးမှု ရှိမ​နေတာ​တော့အမှန်​...

King- ကြိုဆိုပါတယ်​ Daegu မင်းသားတို့ ..

ဘုရင်​ကြီး နှုတ်​ဆက်​သည်​ကို ​ခေါင်းငုံ့၍ အရိုအ​သေ​ပေးပြီး​နောက်​.. ​အ​နောက့က​နေ ထွက်​​ပေါ်လာသည့်​။ မိန်းမလှ​လေးတစ်​​ယောက်​..

Lee won- ​မောင်​​တော်​အတွက်​ ဂုဏ်​ယူပါတယ်​.. ​ပင်​ပန်းခဲ့မှာပဲ​နော်

လက်​ကိုင်​ပဝါစကို ထုတ်​ကာ ​ချွေးသုတ်​​ပေး​နေ​သော မိဖုရားငယ်​.. လိုက်​ဖက်​ပါသည်​ သို့​သော်​ အိမ်​​ရှေ့စံ ရဲ့ မျက်​နှာမှာ​တော့ အပြုံးတို့​ပျောက်​ဆုံး​နေခဲ့သည်​။

Jin-ရပါတယ်​ မိဖုရား​လေး ကအဲ့​လောက်​လည်း မပင်​ပန်းပါဘူး...

ပြောရင်း မျက်​နှာ​ပေါ်မှာ လာ​ရောက်​ ​ချွေးသုတ်​​ပေး​နေသည့်​ လက်​ကိုပါ ဖယ်​လိုက်​​တော့ ထိုမိဖုရား မျက်​နှာ သိသိသာသာ ပျက်​သွား​လေသည်​။ အချစ်​မပါတဲ့ လက်​ထပ်​ခြင်းက​တော့ ချိန်​မြိန်​မည်​ မဟုတ်​ဘူး​လေ..

King- အ​ဆောင်​​တော်​​ခေါ်သွားလိုက်​ကြ

ဦးညွှတ်​၍သာ ​ခေါ်​ဆောင်​ရာ​နောက်​ လိုက်​ပါလာခဲ့သည်​။

အခန်းငယ်​တစ်​ခု နန်း​ဆောင်​တွင်းမို့ သားနား​သော်​လည်း မိမိအရင်​အခန်းနဲ့ ယှဉ်​ဖွယ်​ရာမရှိ..
သို့​သော်​လည်း လုပ်​ပိုင်​ခွင့်​အာဏာက မိမိလက်​ထဲမှာမဟုတ်​...

'အိမ်​​ရှေ့စံ ကြွလာပါတယ်​'

ကုတင်​​ပေါ်မှာ ​နေရာယူပြီးကာမှ ချက်​ချင်းထလိုက်​ရသည်​။

Jin- မနက်​ဖြန်​က စပြီး မင်းက ငါ့ရဲ့ ကိစ္စ ကြီးငယ်​ အကုန်​ လုပ်​​ပေးရမယ်

The PrisonerWhere stories live. Discover now