The Prisoner 10

1.1K 99 44
                                    

လေတစ်​ချက်​တိုး​ဝှေ့သွား​တော့ မျက်​​မှောင်​ကြုတ်​ သွားတဲ့ သူ့ရဲ့အမူအယာတစ်​ခုချင်းစီတိုင်းကို အ​နောက်​က​နေ ​ငေးကြည့်​​နေစဲ..

Yoongi- မ​နောက်​ပါနဲ့ Jungkookရာ...

နှလုံးသားအ​ရေးဟာ ​စ​နောက်​စရာ တစ်​ခုမှမဟုတ်​ပဲ Yoongiရယ်​...

Jungkook- အခုအတည်​​ပြော​နေတာ
Yoongi ​​ယောကျာ်းတစ်​​ယောက်​မှန်းသိလျက်​နဲ့ ကျ​နော်​ချစ်​မိသွားတာ ဒါ​ကြောင့်​ Yoongi​ပြောတဲ့ တုန့်​ပြန်​မှု ဆိုတာကို လိုချင်​တယ်​ Yoongi..

ထိုအခါ မသဲမကွဲ အပြုံးတစ်​ခုသူ​ပေးကာ တိတ်​ဆိတ်​​နေပြန်​သည်​...

Jungkook- Yoongi..

Yoongi- အင်း...

Jungkook- ​ဖြေ​လေ..

သူ့ခါး​လေးကို မချင့်​မရဲ ညှစ်​ကာ ​မေးလိုက်​​တော့...

Yoongi- ငါ​ပေးတဲ့ တုန့်​ပြန်​မှုကို မင်းလက်​ခံနိုင်​ပါ့မလား...

Jungkook- ရတယ်​ အခုချက်​ချင်း မ​ဖြေနဲ့​တော့ ကျ​နော်​ အချိန်​အကြာကြီး စဉ်းစားထားတာကို တစ်​ရက်​ထဲနဲ့​တော့ အပျက်​မခံနိုင်​ဘူး...

မှန်​ပါသည်​ သူ့ဆီက ​လေသံအသွားအလာကို​တောင်​ ​ကျ​နော်​သိပ်​​ကြောက်​ပါသည်​။ သူ့ဆီက မြင်းဇက်​ကြိုးကို ဆွဲယူကာ သူ့တစ်​ကိုယ်​လုံး ရင်​ခွင်​ထဲ ထည့်​ပြီး ​ရှေ့ဆက်​ခဲ့သည်​။ ဒီအတိုင်း​လေး ကြာကြာ​နေချင်​မိ​သေးသည်​။

Yoongi- ငါမင်းနဲ့ အတူရှိရင်​ ​ပျော်​တယ်​ Jungkook

Jungkook- ဟင်​...

မြင်းကို ခဏရပ်​ရပြန်​သည်​။ ကြာရင်​ မြင်း​တောင်​ စိတ်​ဆိုးလို့ ကျ​နော့ကို ရန်​​တွေ့​တော့မည့်​အလား...

Yoongi- ငါဆီမှာ ရှိတဲ့ ခံစားချက်​ကို​တော့ ငါမသိ​သေးဘူး ဒါ​ပေမယ့်​ မင်း​ကြောင့်​ လွတ်​လွတ်​လပ်​လပ်​ ရယ်​​မောခွင့်​ရခဲ့တယ်​ ဒါ​ကြောင့်​မင်းကို ​ကျေးဇူးတင်​ခဲ့မိတာ​တော့အမှန်​ပဲ

ဘာစကားမှ မ​ပြောမိ ကျ​နော်​လိုချင်​တာ ​ကျေးဇူးတရားနဲ့ မဆိုင်​တာကို​တော့ ​ကောင်း​ကောင်းနားလည်​သည်​။ သို့​သော်​ သူ​ပျော်​တာကို မြင်​ချင်​သည်​မှာ ကိုယ်​လည်း ပါသည်​​လေ...

You've reached the end of published parts.

⏰ Last updated: Jan 17, 2019 ⏰

Add this story to your Library to get notified about new parts!

The PrisonerWhere stories live. Discover now