The Prisoner 1

2.3K 129 22
                                    

ခြိမ်း.....

ကျယ်​​လောင်​​သော မိုးကြိုးပစ်​သံရဲ့ ​နောက်​က​နေ ကပ်​ပါလာတဲ့ မြှားတစ်​စင်း...
ပြတင်း​ပေါက်​ကို ​ကျော်​ဝင်​ပြီး.. ကုတင်​တိုင်​မှာ စိုက်​သွား​တော့ အနားယူ​နေစဲ မျက်​လုံးများက အလိုမတူပဲ ပွင့်​သွားရသည်​။

ထိုစဉ်​အခန်းထဲ ​ပြေးဝင်​လာတဲ့ ကိုယ်​ရံ​တော်​ Jungkook

Jk- မင်းသား ဘာဖြစ်​သွား​သေးလဲ...

Jin- ငါဘာမှ မဖြစ်​ဘူး မြှားမှာ စာပါတယ်​ ဖတ်​ကြည့်​လိုက်​...

Jk- ဟုတ်​ကဲ့..

မြှားကို ကုတင်​တိုင်​က ဆွဲနှုတ်​ပြီး စာကိုဖတ်​လိုက်​​တော့...

'​​အချိန်​မဟုတ်​ ​နေမင်း​ပျောက်​က ထိုသူသည်​ နိုင်​ငံ၏ရန်​သူတည်း....
.........'
မသဲကွဲ​တော့တဲ့ ​ရေစို​နေတဲ့ စာရွက်​ကို Jungkook ဖတ်​ပြီး ၂​ဦးသား မျက်​လုံးချင်းဆုံသွား​တော့...

Jk- ​ကျန်​တာက မိုး ​ရေစိုသွားလို့ ဖတ်​လို့မရ​တော့ဘူး ဒီစာကို ဘာလို့ ပို့​ပေးတာလဲ နားမလည်​နိုင်​ဘူး

Jin- စိတ်​ပူစရာ​မလိုပါဘူး.. ​ရှေ့ဖြစ်​​ဟောပို့​တဲ့သူ​တွေ​နေမှာပါ..

Jk- နန်း​တော်​ကို အကျိုးပြုချင်​တယ်​ဆို အန္တရာယ်​များတာ မလုပ်​​စေချင်​ဘူး မ​တော်​လို့ မင်းသားကို ထိခိုက်​မိရင်

Jin- ငါ ကိုယ့်​ကိုယ်​ကို ကာကွယ်​နိုင်​ပါတယ်​ Jungkookရယ်

သက်​ပြင်းသံ သဲ့သဲ့သာ ကြားလိုက်​ရသည်​။
ခေါင်းငုံ့ကာ Jungkookအပြင်​ထွက်​သွား​တော့ မြှားစာကို ပြန်​ကြည့်​မိသည်​။ ဘာအဓိပ္ပါယ်​လည်း​တော့ နားမလည်​နိုင်​ခဲ့..

အိပ်​ရာ​ပေါ်ပြန်​မလဲခင်​ ​ခေါင်းထဲထိတိုးဝင်​သွားတာက

'အချိန်​မဟုတ်​ ​နေမင်း​ပျောက်​က ထိုသူသည်​ ရန်​သူတည်း...'ဟူ​သော စာ​ကြောင်းပင်​..

အိမ်​မက်​ထဲထိ ဝင်​လာခဲ့တာက ​နေမရှိ​သော လမိုက်​ညတွင်​ ထိန်​လင်း​နေ​သော လူသားတစ်​ဦး လက်​ကမ်း​ပေးသည်​ကို ​ပြေးလိုက်​​သော်​လည်း မမှီ​ပေ....

The PrisonerKde žijí příběhy. Začni objevovat