The Prisoner 7

855 103 40
                                    

နန်း​တော်​ ပန်းဥယာဉ်​က ကြာကန်​ဟာ ​လေတိုက်​ရင်​ လှိုင်းငယ်​​လေးများ ယှက်​​ပြေးရုံမျှ ဖြင့်​ ​အေး​အေးငြိမ့်​ငြိမ့်​​လေး တည်​ရှိ​နေသည်​။
ဆေးပန်းချီ ​ရေး​နေရင်း စဉ်းစား​နေမိသည်​က ဘုရင်​ကြီး​ပေးတဲ့ အမိန့်​တစ်​ခု...
ဒီည.. မင်္ဂလာ အိပ်​ခန်း ဝင်​ရမည်​​လေ...
သက်​ပြင်းရှည်​တစ်​ခု ​ဖြေး​လေးစွာ ချလိုက်​ပြီး ကန်​​ရေကို ကြည့်​​နေမိသည်​။
မချစ်​မနှစ်​သက်​​သော သူနှင့်​ ​ပေါင်းဖက်​ရခြင်းသည်​လည်း ငရဲတစ်​မျိုးပင်​ မဟုတ်​လား..

Yoongi- မင်းသား ကျ​နော်​​ရောက်​ပါပြီ..

ငွေ​ရောင်​ ဝတ်​ရုံရှည်​ ​နောက်​မှာ ​ရွှေ​ရောင်​ဇာမဏီငှက်​ပုံထိုးပြီး.. ​ဆေးပန်းချီဆွဲ​နေတဲ့ မင်းသား၏​နောက်​​ကျောပြင်​ဟာ ခန့်​ညားလွန်းလှသည်​။..
ကျ​နော့ဘက်​ကို လှည့်​ကြည့်​ကာ သူ့​ဘေးမှာ ထိုင်​ရန်​ ​ဆို​တော့ ​ဘေးတွင်​အသာဝင်​ထိုင်​လိုက်​ရသည်​။
မင်းသားဆွဲ​နေတဲ့ ပန်းချီကို မြင်​လိုက်​ရ​တော့ အံ့သြ စိတ်​​ကြောင့်​ ​​ငေးကြည့်​​နေမိသည်​။

Jin- ဘယ်​လိုလဲ ငါပန်းချီဆွဲတာ ​တော်​တယ်​မလား..

သူ​ပြောတာကိုပင်​ မကြားနိုင်​ခဲ့။ မင်းသားဆွဲထားခဲ့သည်​က ​​ကောင်​​လေးတစ်​​ယောက်​ရဲ့ ​နောက်​​ကျောပုံ လည်​ပင်း​နောက်​က မိမိနှင့်​ထပ်​တူ အမှတ်​အသားတစ်​ခု...

Yoongi- မင်းသား..ဒါ...

Jin- ငါမင်းကို ​ပြောဖူးတယ်​​လေ ငါသိတဲ့သူတစ်​​ယောက်​နဲ့ မင်းတူတယ်​လို့ အဲ့ဒါ ဒီ​ကောင်​​လေးပဲ..

Yoongi တစ်​​ယောက်​ ပြုံး၍သာ နား​ထောင်​​နေလိုက်​သည်​။ ပုံထဲက ​ကောင်​​လေးဟာ တကယ်​ကို အသက်​ဝင်​လှသည်​။ အိမ်​​ရှေ့စံရဲ့ စိတ်​မှာ ဆွဲ​နေ​လောက်​သည်​အထိ ဒီ​ကောင်​​လေးက အ​ရေးပါခဲ့သည်​လား..

Jin- ငါမင်းနဲ့ တိုင်​ပင်​စရာရှိတယ်

Yoongi- Nae​ပြောပါ မင်းသား

Jin- ဆယ်​မွန်​ ဘာသာစကား တတ်​တဲ့သူကို ရှာဖို့လိုတယ်​ မကြာခင်​ ဆယ်​မွန်​တိုက်​ပွဲ​တွေ စ​တော့မှာဆို​တော့...

The PrisonerWhere stories live. Discover now