The Prisoner 8

589 74 17
                                    

Min Yoongi ဆိုသည့်​ လူသားတစ်​ဦး...
ထိုသူဆီမှာ စိတ်​ဝင်​စားစရာ အရာ​တွေ နှစ်​လိုဖွယ်​​ကောင်းမှု​တွေနဲ့ ပြည့်​နက်​​နေသည်​။ တည်​ငြိမ်​​လေးနက်​​သော သူ့ဟန်​... ​အေး​ဆေး​ငြိမ်​သက်​​သော သူ့အသံ​တွေက မိန်းက​လေး​တွေအကြား ​ရေပန်းစားလည်း စား​လောက်​ပါ​ပေရဲ့...
ဖြူ​ဖွေး​သော သူ့အသားအရည်​နဲ့ ​နွေး​ထွေးတဲ့သူ့အပြုံး ရွှန်းလဲ့​သော သူ့မျက်​လုံး​တွေက ​ယောကျာ်းရင့်​မာတစ်​​ယောက်​ကိုလည်း ​ကြွေဆင်း​စေနိုင်​​လေသည်​။ သူ့ရဲ့စွဲမက်​ဖွယ်​ရာ ကြားထဲမှာ နစ်​​မျောသွားရတာ ကျွန်​​တော်​ Jungkookလည်း တစ်​​ယောက်​အပါအဝင်​ပင်​ဖြစ်​သည်​။ မထင်​မှတ်​ထားခဲ့ သူ့အ​ပေါ် ချစ်​လာခဲ့မိလိမ့်​မယ်​လို့...
လောကမှာ လိင်​တူကြိုက်​တယ်​ဆိုတာ သဘာဝကို ဖီဆန်​​နေတာပဲမလား... ဒီအ​တွေး​တွေကို ထုတ်​ပစ်​သင့်​လား...

Yoongi- ကိုယ်​ရံ​တော်​ Jungkook.. စာအုပ်​ပိုင်​ရှင်​​ပြောပုံအရဆို စာ​ရေးတဲ့သူက ဒီမြို့မှာပဲ ရှိရမယ်​ သူ့ဆီကို ဒီစာအုပ်​လာ​ရောင်းခဲ့တယ်​ဆိုတာ မြို့တွင်းက သူ့လူ​တွေနဲ့ ချိတ်​ဆက်​ချင်​လို့လည်း ဖြစ်​နိုင်​တယ်​ မင်း​ရော ဘယ်​လိုထင်​လဲ...

အ​နောက်​က​နေ ထွက်​​ပေါ်လာတဲ့ သူ့စကားသံကြားမှ စီး​နေတဲ့ မြင်းကို​ခေတ္တရပ်​လိုက်​မိသည်​။

Yoongi- ကိုယ်​ရံ​တော်​ Jungkook

ပခုံး​ပေါ် လက်​တစ်​ဖက်​တင်​လာပြီး ​ခေါ်လိုက်​တဲ့ သူ့အသံ​ကြား​တော့မှ သတိပြန်​ဝင်​လာခဲ့သည်​။

Jungkook- အင်း.. Yoongi

Yoongi- ဘာ​တွေ​တွေး​နေတာလဲ တစ်​လမ်းလုံး စကားလည်း မ​ပြောဘူး..

Jungkook-ဒီလိုပါပဲ.. Yoongi ​စော​စောက ဘာ​ပြောလိုက်​တာလဲ..

Yoongi-ကြည့်​ရတာ ကိုယ်​ရံ​တော်​ ပင်​ပန်း​နေပြီထင်​တယ်​ ​နောက်​မှ ​အေး​ဆေး ​ပြောကြတာ​ပေါ့ အခု နန်း​တော်​ ပြန်​မယ်​​လေ.. ဒါမှမဟုတ်​ ငါ ​အ​ရှေ့က စီး​ပေးရမလား..

Jungkook- အင်း .. အဲ့လိုလုပ်​မလား..

မြင်း​ပေါ်ကို ​ရှေ့​နောက်​​ပြောင်းစီး​တော့ ကျွ​န်​​တော့အ​ရှေ့မှာ ​နေရာယူထားတဲ့ Min Yoongiရဲ့ ကိုယ်​သင်းနံ့​​လေးက နှာ​ခေါင်းထဲကို ဝင်​​ရောက်​လာသည်​။ အဖြူ​ရောင်​အင်္ကျီ​ပခုံးတွင်​ ​ဖြောင့်​စင်းကျ​နေ​သော ဆံနွယ်​တို့ကပင်​ ​လေတိုက်​ရင်​ မျက်​နှာထက်​ အသာလာရိုက်​​တော့ သူ့ဆံနွယ်​​တွေကို ခိုးနမ်း​နေမိသည်​။ ကျွန်​​တော်​ Min Yoongiကို ချစ်​သည်​ဆိုတာထက်​ ပို၍ မြတ်​နိုးမိသည်​။

The PrisonerWhere stories live. Discover now