Episode 1

5.5K 63 1
                                    

[ Zawgyi ]

သူပျော်ရင် ငါဘာမဆိုလုပ်ပေးနိုင်တယ်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ
ကျွန်မနှလုံးသည်းပွတ်ထဲက တစ်ဆစ်ဆစ်ကိုက်နာကျင်မှုတွေ ရောပါသွားတယ် ။

ကျွန်မဘယ်လောက်ပဲနာကျင်နေပါစေ
ကျွန်မအတွက် သူပျော်ဖို့က ပိုအရေးကြီးခဲ့တယ်လေ ...

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

မြည်လာတဲ့ဖုန်းသံကြောင့် မျက်လုံးကိုကြိုးစားဖွင့်ရင်း ဖုန်းကို ကောက်ကိုင်လိုက်မိသည် ။

" ဟဲ့ ငမိုးမ "

" အင်..... ပြော " စကားကို အတော်လေးဆွဲကာပြောလိုက်ပြီးမှ
နာရီကိုလှမ်းကြည့်လိုက်သည် ။

သောက် လူဆိုးကောင်ဟု စိတ်ထဲမှာ ကြိမ်းရင်း
" ဘာလဲဟာ ... ခုနစ်နာရီပဲရှိသေးတာကို ...
စောစောစီးစီးဖုန်းဆက်ပြီးတော့ နင့် ငါ့ကို ဘာ ဂျင်းထည့်ဦးမလို့လဲ "

" ငါနင့်ကို ကြွားစရာရှိတယ် ...
ဆယ်နာရီလောက် ထိုင်နေကျဆိုင်ကိုလာခဲ့ " ဟုဆိုကာ
ကျွန်မပြန်ပြောမည့်စကားကိုပင် နါးမထောင်တော့ပဲ
ဖုန်းချသွားခဲ့သည် ။

" တောက် ...မသာ ... တွေ့မယ် နင်နဲ့ငါနဲ့ "
တောက်တစ်ချက်ခေါက်ရင်း ပြန်အိပ်ချင်သောစိတ်ကိုထိန်းကာ ရေချိုးထဲသို့ပင် ပြေးဝင်သွားလိုက်တော့သည် ။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

" First Date "

ဆိုင်နာမည်ကို ပြုံးကာ မော့ကြည့်ရင်း ဆိုင်ထဲသို့ ကျွန်မခြေလှမ်းချခဲ့သည် ။

ဆယ်နာရီတောင်ထိုးတော့မယ် ...

" ငထင် .... " ကျွန်မရဲ့ခေါ်သံကြောင့်
လှည်ကြည့်ကာ လက်ပြနှုတ်ဆက်လာသော သူအား ကျွန်မ၏နှစ်လိုဖွယ်အပြုံးလေးတစ်ပွင့် ပြန်ပေးခဲ့မိသည် ထင်ပါသည် ။

အရယ်အပြုံးနည်းသော ကျွန်မက သူနဲ့တွေ့မှ ပြုံဖြစ်တာများသည်ဟု သူငယ်ချင်းတွေက ပြောကြသည် ။

ဟုတ်လောက်ပါလိမ့်မည် ။

ဘာကြောင့်ဆို သူဆိုတာ ကျွန်မဘဝရဲ့ တစ်ဦးတည်းသော ယောက်ျားလေးသူငယ်ချင်း ၊ ကျွန်မဘဝရဲ့ တစ်ဦးတည်းသော အချစ်ရဆုံးသူ သမိုင်းထင် ဖြစ်နေလို့ပဲပေါ့ ...

အဖြည့်ခံ ( Complete )Where stories live. Discover now