Episode 2

2K 41 1
                                    

[ Zawgyi ]
အတွေးတွေက လူကိုခြောက်လှန့်တယ် ...
ဒါပေမယ့် အိပ်မက်ဆိုးတွေက ပိုဆိုးတယ်တဲ့ ထင် ...
ငါ့ရဲ့ အိပ်မက်ဆိုးတွေအပေါ် နင့်ရဲ့မုန်း နေရာယူလာမှာစိုးလို့
ငါကိုယ်တိုင် နိုးထနေလိုက်တော့မယ် ...

ငါ့ကိုယ်ငါပဲ မုန်းပါတယ် ထင် ...

လရဲ့အလင်းရောင်က ကျွန်မမျက်နှာအပေါ် တည့်တည့်ကျတဲ့အခါ
အရှေ့မျက်နှာချင်ဆိုင်မှာရှိတဲ့
မှန်ထဲက ကျွန်မကို ကျွန်မဘယ်လိုရင်ဆိုင်ရမလဲ ?

ကော်ဖီခွက်ထဲက ကော်ဖီတွေလည်း အေးစက်ကုန်ပြီ ထင်
မှန်ထဲက ငါ့ပုံရိပ်တွေ ငါ့ကိုလှောင်ရယ်နေပြီ
အဲ့ဒါနင့်ကြောင့်ဆိုတာ နင်သိမှာတော့မဟုတ်ဘူးပေါ့ဟာ ...

ငယ်ငယ်ကတည်းက တဇွတ်ထိုးဆန်တတ်တဲ့ငါက
နင်နဲ့တွေ့မှနူးညံ့လာမယ်ထင်လို့လား ?
ဟင်အင်း
ငါအရင်လိုပဲ ထင် ...
သောက်လက်စကော်ဖီခွက်ကို နာကြည်းမှုတွေနဲ့ အဓိပ္ပါယ်မဲ့နေတဲ့ ကျွန်မမျက်နှာတည်ရှိရာ
အရှေ့ဘက်မှန်ဆီကို ပြစ်ပေါက်လိုက်တယ် ...

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

နေရောင်ခြည် တည့်တည့်မတ်မတ်ဝင်ရောက်ရာ
ကျွန်မရဲ့ မျက်ဝန်းကို လက်ချောင်းနဲ့ကာရင်း
ဘေးမှာရှိတဲ့ဖုန်းကို လှမ်းယူလိုက်မိသည် ။

10:12 AM ;

ဆယ်နာရီတောင်ကျော်နေပြီပဲ ...
ကျွန်မရဲ့ ညာဘက်လက်က ညာဘက်နားထင်ပေါ်ကို
အတင်းဖိရင်း အားပြုကာ ထ ထိုင်လိုက်မိသည် ။

ညက ငါ ဘယ်အချိန်အိပ်ပျော်သွားတာပါလိမ့် !!!

ငထင် နင်ငါ့ကိုတော်တော်နှိမ့်စက်တာပဲ ...
ဟုတွေးရင်း ကြမ်းပြင်ကိုကြည့်လိုက်တော့မှ

ကွဲကြေနေတဲ့ မှန်ကွဲစတွေနဲ့ ကျွန်မရဲ့ အခန်းငယ်ထဲ ရှုတ်ပွလို့ ...

ဝီ .... ဝီ .....

Silent လုပ်ထားတဲ့ဖုန်းက တဝီဝီမြည်ရင်း
ငထင်ဆိုတဲ့နာမည်နဲ့ ဖုန်းဝင်လာခဲ့သည် ။

" ဟယ်လို ... "

" ငါအခုပန်းခြံမှာ
ငါတစ်ယောက်တည်းပဲ ...
လာခဲ့ပါလား ? ပျင်းလို့ "

အဖြည့်ခံ ( Complete )Where stories live. Discover now