[ Zawgyi ]
အတိတ်လို့ပြောလိုက်တိုင်း ကျွန်မမှာ အားငယ် သိမ်ငယ်စရာ ဘဝတစ်ခုပဲ ပိုင်ဆိုင်ခဲ့ဖူးတယ် ....
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
" နင်တို့ငါ့ရှေ့မှာ ဆက်ပြီး ရန်ဖြစ်နေကြဦးမှာလား ? "
စိတ်ဆိုးဆိုးနှင့် ငထင်ရော မုန်းကိုပါ အောင်ငေါက်ကာ ကျွန်မ ထိုအိမ် အပြင်သို့ထွက်ခဲ့လိုက်သည် ။
သူတို့လက်ထပ်ပြီးရင်အတူနေဖို့ဆိုပြီး ထင် က အိမ်တစ်လုံးဝယ်ထားသည် ။ ကျွန်မအားအကူညီတောင်း၍ မုန်းကိုခေါ်ခိုင်းပြီး ဒီအိမ်ကိုပြရန် သူပြင်ဆင်ထားခြင်းပင် ။ အခုတော့ ပြသနာဖြစ်ကြပြီ ...
ကျွန်မ မျက်စိထဲပြေးမြင်လာတဲ့ ဖေဖေနဲ့မေမေ ရဲ့ ပုံရိပ်တွေ ....
ကျွန်မငယ်ငယ်က ဖေဖေအလုပ်ကပြန်လာတိုင်း မေမေနဲ့ရန်ဖြစ်သည် ။ အကြောင်းအရင်းကိုတော့ ကျွန်မသေချာမသိခဲ့ .... သို့ပေမယ့် ဖေဖေက အလုပ်ကနေ ပင်ပင်ပန်းပန်း ပြန်လာတိုင်း ပြဿနာရှာဖို့ပဲကြိုးစားနေတဲ့ မေမေ့ကိုတော့မုန်းမိသည် ။ နောက်ဆုံး ဖေဖေ Accident နှင့်ဆုံးသွားသည့်အချိန်အထိ မေမေက မျက်ရည်တစ်စက်ကလေးမှပင် မကျခဲ့ ....
ထို့နောက် မကြာပါ ...
မေမေ သူဌေးကြီးတစ်ဦးနှင့် လက်ထပ်ပြစ်လိုက်သည် ။ထိုအချိန်သည် ကျွန်မ ကိုးတန်းအောင်ခါစ အချိန်ဖြစ်သည် ။
ဆယ်တန်းကျောင်းကိုတော့ ဘော်ဒါဆောင်တက်ရင်း စာမေးပွဲဖြေခဲ့ရသည် ။ ကျွန်မ ဆယ်တန်းကို နှစ်နှစ်နေခဲ့သေးသည် ။ မေမေက ငွေအလုံအလောက်ထောက်ပံ့ပေးနိုင်ခဲ့ပေမယ့် ကျွန်မကိုတော့ တစ်ခါလေးမှပင်လာမတွေ့ခဲ့ ...
ကျွန်မလည်း စိတ်နာနာနှင့် မေမေ့ဆီမပြန်ပဲ ရန်ကုန်တစ်ခါတည်းထွက်လာခဲ့သည် ။ တစ်လတစ်လ မေမေပို့တဲ့ပိုက်ဆံတွေနဲ့ကျောင်းတက်ရင်း အချိန်ကုန်ခဲ့သည်ပင် ကြာခဲ့ပြီ ....ကျွန်မကျောင်းစတက်သည့်နေ့မှာပင် စခင်ခဲ့တဲ့
ကျွန်မကို ဂရုစိုက်လွန်းတဲ့
ကျွန်မကို သူ့မေတ္တာတရားတွေ ပေးနိုင်ခဲ့တဲ့
သမိုင်းထင် ကိုတော့
ကျွန်မတစ်သက်မှာတစ်ခါ ပိုင်ဆိုင်ချင်စိတ်တော့ဖြစ်ခဲ့သည်ပေါ့ ....
သို့ပေမယ့် .... မမျော်လင့်တော့ပါ ....
YOU ARE READING
အဖြည့်ခံ ( Complete )
RandomNormal ဖတ်တဲ့သူ ရှားမှန်းသိပေမယ့် normal လေး ရေးကြည့်မယ် ။