[ Zawgyi ]
ခပ်တည်တည်နဲ့ ကျွန်မဘေးနားလာဝင်ထိုင်တဲ့သူက ဘယ်လိုလူမျိုးလဲ ?
သူ့ကိုသေချာကြည့်ရင်း မျက်မှောင်ကို မသိမသာလေးကျုံ့လိုက်မိသည် ။
ဘယ်သွားရမှန်းမသိလို့ တစ်ယောက်တည်းထိုင်နေတဲ့ ကျွန်မကို ..." ဒီမှာ ကျွန်တော့်ကိုအက်လို မျက်မှောင်ကြီးကျုံ့ပြီးမကြည့်ပါနဲ့ ...
ခင်ဗျားအကြည့်က ကြောက်စရာကြီး "အဲ့ဒီအချိန်မှ ကိုယ့်ကိုကိုယ် ပြန်သတိထားမိလိုက်သည် ။
ကျွန်မသူ့ကိုကြည့်နေမိသည်ကိုပေါ့ ...." ကျွန်တော်က ဒီကျောင်းကို အခုမှပြောင်းလာတာဗျ ...
ခင်လို့ရမလား ? "" မင်းက ယဉ်ကျေးလှချည်လား ?
ငါလည်းဒီနေ့မှ ကျောင်းလာတတ်တာ ...
ခင်လို့တော့ရပါတယ် .... ဘယ် မေဂျာ ကလဲ ? "" အော် ... Chemistry က ... "
" ငါက သင်္ချာ က "
" အင် ... ခင်ဗျားနာမည်က "
" မိုးပွင့်ဖြူ ...
နင်ကရော ... "" အော် ... ကျွန်တော်က သမိုင်းထင် ပါ
ဒါနဲ့ တစ်ခုလောက်ပွင့်ပွင့်လင်းလို့မေးလို့ရမလား ? "" အင် မေးလေ "
" ခင်ဗျားလေးက မိန်းကလေးလား ? Tom လား ? "
" ဟမ် ...
အာ .... "ကျွန်မ ခဏတော့တွေဝေသွားသည် ။
" နှစ်ခုလုံးပဲ "
" ဘယ်လို ? "
" ထင်ချင်သလိုထင် "
" ဟာဗျာ "
" ငါသွားပြီ ... "
စဆုံတွေခဲ့ကြတဲ့ အမှတ်တရတွေကို သတိတရနဲ့တွေးကြည့်တော့ ကျွန်မပြုံးသည် ။ နှစ်နှစ်ကာကာ ပင် ...
ထင် ... ချစ်တယ်ဟာ ...
လို့ တီးတိုးရေရွတ်မိပြီးမှ ထိုင်နေရာအိပ်ယာပေါ်မှ ထ ကာ မျက်နှာသစ်ရတော့သည် ။ကျွန်မဒီနေ့ မုန်းနဲ့တွေ့ဖို့ချိန်းထားတယ်လေ ...
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
" မုန်း ... ငါဒီမှာ ... "
ကျွန်မထက်နှစ်နှစ်လောက်ငယ်တဲ့ကောင်မလေးတစ်ယောက် ကျွန်မကို ခေါ်ပုံက မမိုးတဲ့လေ ...
ကျွန်မဘဝရဲ့ အထူးဆန်းဆုံးအခေါ်အဝေါ်ပါပဲ ...
YOU ARE READING
အဖြည့်ခံ ( Complete )
RandomNormal ဖတ်တဲ့သူ ရှားမှန်းသိပေမယ့် normal လေး ရေးကြည့်မယ် ။