[ Zawgyi ]
" သူငယ်ချင်း ငါ့ကိုကူညီပါဟာ ငါ့ကိုကူညီဇမ်းပါ " ဟု ကိုးတန်းနှစ်လောက်ကခင်ခဲ့သည့် ဓာတ်ခွဲခန်းမှာ အလုပ်လုပ်နေသော သူငယ်ချင်းကို လက်ပူတိုက်ရတော့သည် ။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ထို့နောက် မကြာခင်မှာပင် သူမ စာရွက်တစ်ရွက်ကိုကိုင်ကာ ကျွန်မရှေ့ရောက်လာသည် ။
" သုသု ဘယ်လိုလဲ ? "
" 96.6 % လောက် same ဖြစ်နေတယ်
သူကဘယ်သူလဲ ? မိုးပွင့် "ကျွန်မဆွံ့အ၍သာနေမိသည် ။
" နင့်ငါ့ကိုမှမပြောပြရင် ဘယ်သူ့ကိုပြောပြမှာလဲ ?
ပြောစမ်းပါဟ "ကျွန်မလည်းမထိန်းထားနိုင်တော့သည့်နောက်ပိုင်း သုသုကိုသာ ရင်ဖွင့်ခဲ့မိသည် ။
ဖြစ်ကြောင်းကုန်စင် အားလုံးကိုပေါ့ ...➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ညရောက်မှ မုန်းဆီဖုန်းဆက်ရကောင်းမှန်းသတိရသည် ။
သည်အချိန်မှာ ကျွန်မအတွေးတွေ အခြားကမ္ဘာတစ်ခုဆီ လွင့်မျောလို့ပျံဝဲနေပြီ ..." မုန်း ... "
" ဟယ်လို ... မမိုး
နေ့လည်က ...." အင် Sorry ... ကိုယ်လုပ်စရာကိစ္စတစ်ခုသတိသွားရလို့ နောက်မေ့သွားမှာစိုးလို့ ချက်ချင်း သွားလုပ်လိုက်ရတာ Sorry ကွာ ... တကယ့်ကို Sorry ... "
" ရပါတယ် မမိုးရဲ့
မုန်းက ပြောစရာမကုန်သေးဘူးလို့ ပြောမလို့ပါ ... "" အင် ... ကိုယ်လည်းအဲ့ဒါကိုနားထောင်ဖို့ ဖုန်းပြန်ဆက်လိုက်တာ "
" ဟုတ် မမိုး ...
မုန်းပြောမယ်နော် .... "" အင် ပြော ... "
" သူနဲ့မုန်းခဏခဏရန်ဖြစ်တယ်ဆိုတာက မုန်းက သူ့ကိုအချိန်မပေးနိုင်လို့ပါ ...
အချိန်မပေးနိုင်ဘူးဆိုတာကလည်း မုန်းရောဂါအရ အခုတလော ဆရာဝန်နဲ့ခဏခဏတွေ့နေရတယ် ...
အချိန်မပေးနိုင်လေ ... သူကပြသနာရှာလေ ...
မုန်းရောဂါက ပိုဆိုးလေ ...
ပိုပြီးအချိန်မပေးနိုင်လေဖြစ်နေတော့တာပဲ ...
မုန်းစိတ်ညစ်တယ် မမိုးရာ ... "" အဲ့တော့ဘယ်လိုလုပ်ရမလဲ ? ကိုယ် ... "
" ဟင်အင်း သမိုင်း ကို သွားမပြောပြလိုက်ပါနဲ့ ...
မုန်းတောင်းပန်ပါတယ် ...
ဆရာဝန်က အနီးစပ်ဆုံးနှလုံးကို ရှာပေးနေတယ် ...
မုန်းနှလုံးအစားထိုးပြီးတဲ့အခါကျရင် မုန်းတို့ပြန်အဆင်ပြေသွားမှာပါ ...
သူ့ကိုတော့ သွားမပြောပါနဲ့ မမိုးရယ် နော် "
YOU ARE READING
အဖြည့်ခံ ( Complete )
De TodoNormal ဖတ်တဲ့သူ ရှားမှန်းသိပေမယ့် normal လေး ရေးကြည့်မယ် ။