ep.3

155 26 0
                                    

မနက်​နိုးလာ​တော့ကြည့်​မိတယ်​သူမကကျ​တော့​ဘေးမှာအိပ်​​ပျော်​​နေရဲ့ အိပ်​​နေတဲ့ပုံက
လည်းချစ်​ဖို့​ကောင်းပါတယ်

မျက်တောင်ရှည်ရှည်လေးတေတစ်စုံ
မထူမပါးနှစ်ခမ်းလေးတစ်ခု
အနေတော်အသားရောင်လေးနဲ့ 

သူမဟာတကယ်ကိုနတ်သမီးအလား
သူမအိပ်နေတဲ့ပုံလေး က6နှစ်ကလေးလေး
တစ်ယောက် လိုဖြူစင်လွန်းလှပါရဲ့ 

သူမကိုသာကျွန်တော်ပိုင်ဆိုင်ရရင်
ဟင့်အင်း မဖြစ်နိုင်တာ မတွေးစမ်းနဲ့ 
kim tae hyung! မင်းလိုကောင်မျိုးကိုလား
သူလားကြိုက်မှာ  မင်းအတွေးလွန်နေပြီ
Kim Tae Hyung

ကျွန်တော်အတွေးလွန်နေတုန်းနိုးလာသောသူမ

ကျွန်တော့်လက်မောင်းပေါ်မှာအိတ်နေတာ
အခုမှသိသည်ထင် ရှက်သွားတာလေးက
ပြေးပြေးဖက်ချင်စရာ

မလုပ်ရဲပါဘူး စိတ်ဆိုးနေမှဖြင့်
"kookie ကိုယ် ဗိုက်ဆာတယ်"

အယ်အခုသူ့ ကိုယ်သူ ကိုယ်လို့ သုံးနှုန်းမိတာလား

"nae Tae kookie မနက်စာသွားပြင်ပေး
မယ်"

"မြန်မြန်ပြန်လာနော် kookie"

"nae"

သူလဲ kookieအပြင်ထွက်သွားတော့ ဘာမှ
လုပ်စရာမရှိတာနဲ့  အပြင်ဘက်ကို လှမ်းကြည့်
လိုက်တော့

လှလိုက်တာ နှင်းတေ ဒါဆောင်းတွင်းရဲ့ 
ပထမဆုံး နှင်း

Tae hyung လဲကုတင်ပေါ်ကနေဆင်းပြီး
ဆေးရုံပြတင်းပေါက်ကနေ ငုံ့ ကြည့်
လိုက်တော့

လမ်းတလျှောက်မှာမထိရက် မကိုင်ရက်
လောက်အောင်လှပစွာ ပွင့်နေတဲ့  ချယ်ရီပန်းတေ

Tae hyung လဲ ချယ်ရီပန်းတေရဲ့  အလှမှာ
နစ်မြော သွားပြီး ငေးကြည့်နေရင်းမှ

လက်မှာအထုတ်တေနဲ့ ဆေးရုံဘက်ခြမ်းကို
ပြေးလာနေတဲ့ အဖြူရောင် ယုန်ပေါက်လေး

ချယ်ရီပန်းတေနဲ့ အပြိုင်လှပနေတဲ့ သူမဟာလဲ
ဆောင်းရာသီ နတ်သမီးတစ်ပါးအလား

ရုတ်ရက်သူ့ မြင်ကွင်းကနေပျောက် ကွယ်
သွားတဲ့ ယုန်ဖြူလေး ကြောင့် သူ အသည်းအသန်
လိုက်ရှာနေမိတယ်

ခနနေတော့ အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့
ယုန်ဖြူလေးကြောင့် သူအခုမှသာ သက်ပြင်း
ချနိုင်တော့သည်

"Tae kookie မနက်စာဝယ်လာပြီ
အတူတူစားရအောင် :) "

"အင်း kookie ဒီနားမှာလာထိုင်"

သူ့ ဘေးမှာလာထိုင်ဖို့ ခုံလေးကိုပုတ်ပြမိတော့
အသည်းသန်ငြင်းနေပြန်တဲ့ သူမ

ကျွန်တော်လဲ စိတ်မရှည်စွာ
"kookie ကိုယ် စိတ်မရှည်ဘူးနော်
လာထိုင်မှာလား မထိုင်ဘူးလား
kookie လာမထိုင်ရင် ကိုယ် မနက်စာ
မစားတော့ဘူး"

"ဟာ Tae ကလဲ မနက်စာတော့မစားလို့ 
မရဘူးလေ ဆေးတေသောက်ရအုံးမှာကို "

"မနက်စာစား စေချင်ရင် kookie ကိုယ့်ဘေးနား လာထိုင်လေ"

"Tae ညစ်ပတ်တယ်"

"ကိုယ်မညစ်ပတ်ပါဘူး ရေချိုးပီးပါပီ"

"ဟာ Tae ကလဲစမနေနဲ့ "

"ကိုယ်မစပါဘူး လာ ကိုယ့်ဘေးနားလာထိုင်
မနက်စာ အတူတူစားမယ်"

"ပြီးရော"

"hk hk"

"Tae ဘာရယ်တာလဲ"

"ကိုယ်မရယ်ပါဘူး"

"ရယ်လိုက်ပါတယ်"

"မရယ်ပါဘူးဆို"

ထိုမနက်ခင်းလေးကတော့ရယ်မောခြင်းများ
ပျော်ရွှင်ခြင်း များနဲ့ ပြည့်နှက်နေတဲ့ မနက်ခင်း
လေးတစ်ခု ဖြစ်ခဲ့လေသည်

----------------------------My Sakura

                                     Written by
                                      Panmintaekook

ကျန်​​တော့်​ရဲ့ဆာကူရာWhere stories live. Discover now