သူမထွက်သွားပြီးနောက်ပိုင်း အခန်းတစ်ခန်းလုံးကတိတ်ဆိတ်၍သာကျန်ခဲ့သည် ......
ဘာလို့ပါလိမ့် ကျတော့်မျက်လုံထဲ့တစ်စက္ကန့်လေးတောင်မပျောက်မခံနိုင်တော့ဘူး ...
အခန်းကြီးကလည်း အလွန်ပင်အထီးကျန်သေးကြောင့် ထယ်တစ်ယောက် အပြင်သို့ထွက်လာမိသည် ...တစ်ရွေ့တစ်ရွေ့သာလျှောက်လာသည် သူမအခုချိန်ဘယ်နားများရှိနေမလည်း အတွေးများက
အသိစိတ်တစ်ခုလုံးကို လွှမ်းမိုးနေခဲ့သည် ...
ဆေးရုံလျှောက်လမ်းလေးအဆုံး၏ ညာဘက်၌
အထစ်ပေါင်းများစွာနင့်ဆင့်ယှက်ထားတဲ့ လှေကား ကြီးဟာသူ့ကို လာရန်ဆွဲဆောင်နေလေရဲ့ ထယ်သည် ဒီလှေကားရှိရာသို့ ဦးတည်လာ၍ တစ်လှမ်းချင်းစီလှမ်းတက်ခဲ့ လေသည်....Kookie ကိုတွေ့ချင်တဲ့အတွေးများကလွမ်းမိုးနေသည်မလို့ ထယ်တစ်ယောက် ၁၅ ထပ်ရှိတဲ့ ဆေးရုံကိုမည်သို့များတက်ခဲ့သနည်း အချိန်တေကအရမ်းမြန်လွန်းနေသည်များ .. ..
လမ်း၏အဆုံး၌ တံခါးပေါက်တစ်ခု၏ပတ်ပတ်လည်၏အလင်းရောင်လေးများကဖြာကျလို့နေသည် .. ထယ်သည် ထိုတံခါးပေါက်ရှိရာသို့ သွားကာ ဖွင့်လိုက်သည့်အဆုံး နေရောင်ခြည်များ နင့်
လေထုများကသူ့ကိုကြိုဆိုလိုက်သည်မှတ်ရသည် သူ့အပေါ်ပြန့်ကျဲလို့လာသည်...ထယ်သည် ထိုလေကိုတဝကြီးရှူသွင်းပြီး အပြင်သို့လှမ်းလာခဲ့သည် .. ထိုနေရာသည် ခေါင်မိုးမရှိ
ကောင်းကင်ကြီးကို အကာအကွယ်မဲ့လွတ်လပ်စွာမြင်တွေ့ရသည် ထို့အပြင် Seoul မြို့တွင်ရှိသော ရှုခင်းများကိုလည်း မြင်နေရသေးသည် ထိုနေရာသသည်သူ့အတွက်စိတ်ထွက်ပေါက်တစ်ခုဖြစ်လမ့်မည်ဟု မှတ်ထားခဲ့သည် မြင်မြင်ခြင်းပင်ထိုနေရာကိုအလွန်နစ်သက်သွားခဲ့သည်××××××××××××××××××××××××××××××××
'ထယ်ကော ဘယ်ရောက်နေတာလဲ'အတွေးများကလူကိုတုန်ခါသွားစေရုံသာမက အသာများကစက်စက်တုန် လာသည်အထိအရမ်းစိုးရိမ်နေမိ တယ် ...