Part(17)

4.7K 356 60
                                    

အနမ်းတစ်ပွင့် အတွေးပင်လယ်
==================

လင်း

သူမတို့နှုတ်ခမ်းသားတွေ အချိန်အတော်အကြာထိကပ်ထားရင်း အဲ့ထက်တော့မပိုခဲ့။ မည်သူကမှလည်း တွန်းထုပ်ခြင်းမရှိသလို ခွာလိုက်ဖို့လည်း နှစ်ယောက်လုံးအာရုံရှိသည်ပုံမပေါ်။
ဒီတိုင်းလေးပဲ တစ်ယောက်နှုတ်ခမ်းတစ်ယောက်ခံစားနေကြတယ်။

မရဲ့ နှုတ်ခမ်းသားလေးတွေက စတော်ဘယ်ရီလိုမျိုး ချိုမြိန်နေ
ပြီး တစ်ချိန်ထဲမှာ ယာမကလိုမျိုး ယစ်မူးစေတယ်။
လူတွေအသက်သာရှုစရာမလိုဘူးဆိုရင် ဒီလိုမျိုးတစ်သက်လုံးနေရမယ်ဆိုလည်း ကျေနပ်တယ်။
တအားစွဲမက်စရာကောင်းတာပဲ့ မ…

ဒါပေမဲ့လည်း
သူပဲ့စတင်ပြီး သူပဲ့အဆုံးသတ်ချင်တယ်ထင်ပါရဲ့

နေပါဦး ဒါကစိတ်လိုက်မာန်မာလုပ်လိုက်မိတာပဲ့။

လင်းက ရုတ်တရက်ကြီးထလိုက်ပြီး နောက်ကိုဆုတ်တယ်။
ဒါပေမဲ့ ကမန်းကတန်းထလိုက်တော့ အောက်ကခြေနင်းပြားနဲ့ခြေချောပြီး ဖင်ထိုင်ရက်လဲကျတာပေါ့။
လင်း- မ~~အ~ အားး

ရှင်း- လင်း ရရဲ့လား!!
ရှင်းက ထပြီးထူမယ်လုပ်တော့ လင်းက ဘာမှမဖြစ်သလိုထလိုက်ပြီး

လင်း- ရတယ် အစ်မ။ ညီမ ဘာမှဖြစ်ဘူး။

လင်း- ဟို ညီမ~~တောင်း~ပန်~ပါ~~တယ်။

ရှင်းကတော့ ဘာမှမပြော လင်းကိုသာစိုက်ကြည်နေတယ်။

နေမထိမထိုင်သာဖြစ်လိုက်တာ။ အားး တကယ်ပဲ။
ငါ သောက်ရှုးးး

ပျင်းကြောဆွဲလိုက်ပြီး
လင်း- အားးး ပင်ပန်းလိုက်တာ။ တအားအာရုံစိုက်မိလိုထင်
တယ်။ အဲ နေတောင်တော်တော်စောင်းနေပြီ အဆောင်တံခါးပိတ်တော့မှာပဲ့။ ပြန်ရတော့မယ်။

သူဟာသူတလက်ဆက်ပြောနေပြီး

ရှင်း- အဆောင်က ခုနှစ်နာရီပိတ်တာမဟုတ်ဘူးလား။ အခုက ခြောက်နာရီလေ။

သေလေရော…
လင်း- ဒီနေ ပိုင်ရှင်အဒေါ်ကြီးက စောစောပြန်လာဖို့ပြောလို ဘာလို ~ဘာလိုလည်းဆိုတော့~~အား~ ဒီနေအလှူလုပ်မှာတယ်။ အာကြောင့် ညီမသွားတော့မယ်နော်။

နင်မချစ်သော ငါWhere stories live. Discover now