Happy Ending

5K 283 40
                                    

လင်းဘေးနားကမျိုးကို လှမ်းထွေးပွေ့လိုက်ပြီး ခေါင်းလေးကို
သူပုခုံးပေါ်မှာနားစေသည်။

လင်း-ကျေးဇူးတင်ပါတယ်………ပြီးတော့ တောင်းပန်ပါ
တယ်။

          **********************

တီ~တီ~တီ~တီးး

နှိုးစက်ရဲ့အဆက်မပြတ်မြည်သံဟာ သာယာတဲ့နံနက်ခင်းလေးကို ဖျက်ဆီးလိုက်ပြီး အခုစောင်ပုံထဲကလူသားအတွက်
တော့ စိတ်အနှောက်အယှက်ဖြစ်စေသည်။စက်ကိုထပိတ်
်လိုက်ပြီးမပွင့်တပွင်မျက်လုံးနဲ့ကြည်လိုက်တော့ ၈နာရီ~

လင်း-သွားပြီ~သွားပြီ ငါနောက်ကျနေပြီ~

ရေချိုးခန်းကိုကမန်းကတန်းနဲ့ပြေးသွားစဉ် ခလုတ်တိုက်ချော်လဲပြန်တယ်။အသက်ကဖြင့်၂၅နှစ်ရှိသော်လည်း နမော့်နမဲ့
အကျင့်မပျောက်သေးသည်ကိုယ်ကိုလည်းစိတ်ညစ်မိသည်။

လင်းအလုပ်သွားမယ်ဆိုပေမယ်လည်း အလုပ်ခွင်ကယူနီ
ီဖောင်းမဝတ်ရသည်မို့ ပေါပါပါးပါးအဝတ်ကိုသာဝတ်ပြီးထွက်သွားသည်။သူဌားနေတဲ့တိုက်ခန်းလေးကဈေးအသင့်အတင်ရှိ
ပြီးသန့်ရှင်းသည်အပြင် ကားမှတ်တိုင်ကနီးနေရျ် လင်းတ
ကယ်ကံကောင်းသည်မှာအမှန်။မှတ်တိုင်မှာ ကားထိုင့်စောင်
နေရင်းလူမကြပ်ပါစေနဲ့လို ဆုတောင်းရွတ်ဖတ်နေရသည်ကအလုပ်တစ်လုပ်။YBSဧ။်မာယာသည်က ထင်ထားသည်
ထက်အလွန်နက်နဲဧ။်။

သူဘတ်စ်ကားလာသည်နှင့် တက်သွားလိုက်သည်။အတူ
တက်လာသည်အစ်မကြီးတစ်ယောက်ကိုကိုယ်နဲ့ကာပြီး ထိုင်ခုံ
နေရာကိုရေဒါဖက်လိုက်သည်။ခုံနည်းနည်းလွတ်နေသည်နှင့်
ခပ်တည်တည်ပဲ့ပြတင်းပေါက်နားကိုရွေးထိုင်လိုက်တယ်။
ခုနကအမကြီးကတော့ သူကိုဆဲနေလားမသိ ဟောဒီလိုနည်း
ပိရိယာယ်နဲ့မပြည်စုံရင် ခြေထောက်ညောင်းကိန်းဆိုက်တတ်
သည်။

လင်း စိတ်လွတ်လက်လွတ် ခုံပေါ်မှာမှီထိုင်လိုက်တယ်။
စိတ်တွေသဘ် အတွေးကမ်ဘာသို့ခြေဆန်ရင်း…

လွန်ခဲ့သောနှစ်တွေက ကျွန်မလမ်းပျောက်နေခဲ့တယ်။
အသည်းကကွဲနေတာကိုမှကိုယ်ကိုဘာမှန်းမသိ ဘာလိုချင်မှန်းမသိလေ ဘာကိုမှစိတ်မပါ။ လေလွင့်ကြောင်တစ်ကောင်လို…

နင်မချစ်သော ငါWhere stories live. Discover now