Ep2: လွဲချော်ခြင်း (လွဲချော်ခြင်း)

2.4K 158 2
                                    

Ep2 : လွဲချော်ခြင်း

Wonwoo's side
အခုတလော Wonwoo စိတ်မကြည်တာပိုကြာရှည်လာပါတယ် Jeon Wonwoo ကသူ့ကိုစိတ်ဝင်တစားသဲသဲလှုပ်နေတဲ့မိန်းကလေးတွေကိုအာရုံနောက်တာရော ရှုပ်ထွေးနေတဲ့စိတ်တွေကြောင့်ရောသူရဲ့မျက်လုံးဟာအမြဲတမ်း အေးစက် နေတတ်သူပါ။
အခုလဲ Kim Mingyu ဆိုတဲ့ကျောင်းသားနဲ့သူကြားမှာပြင်းထန်တဲ့ပြိုင်ပွဲတွေဖြစ်နေသယောင်ယောင်တီးတိုးပြောဆိုနေကြတာဟာ စိတ်အနှောက်အယှက်ပိုဖြစ်စေပါတယ် Wonwoo အတွက်အချစ်တွေ ဘာတွေဆိုတာစိတ်ဝင်စားဖို့ကောင်းတဲ့အရာမဟုတ်သလိုသူကိုယ်တိုင်ကလဲ ရင်ခုန်တယ်ဆိုတာကိုသေချာမသိသောသူတစ်ယောက်ပါ Wonwoo ကျောင်းကိုအေးအေးဆေးဆေးလာပြီး သူ့သူငယ်ချင်းတွေရှိရာသွားဖို့လှမ်းကြည့်ချိန်မှာတော့ Mingyu နဲ့ soonyoung ဟာ ရယ်မောနေပြီး Guitar Hero Jihoon တောင်အနည်းငယ်ပြုံးနေပါတယ် wonwoo စိတ်ထဲ ဒီ Kim Mingyu ဟာ ဘာလဲ ဘာကိစ္စSoonyoung တို့နဲ့အဲ့လောင်ရင်းနှီးနေတာလဲ ဆိုတာတွေတွေးမိနေပါတယ် ။
SoonYoungသူ့ကိုမြင်သွားပြီး

"Yaa! wonwoo ဒီကိုလာ လေကွာ"
သူလဲ မသိသလိုပုံစံအတိုင်းသွားထိုင်ကာ နေလိုက်တယ် ။

"Hello !! Wonwoo Hyung "
ပြုံးပြီးခေါ်လိုက်တဲ့အသံကြောင့် သူတစ်ချက်လှည့်ကြည့်မိပြီး ခေါင်းညိတ်ပြလိုက်တယ်။
ကျွန်တော်ဘာအမှားလုပ်မိလို့လဲဟုမေးချင်သော်လည်း ထိုမျှအေးစက်သော လူသားက ပြန်ဖြေမှာမဟုတ်ကိုသိသဖြင့် KimMingyu ပြုံး၍သာနေလိုက်မိတယ်။
"Wonwoo ya ! မနေ့က မင်းနဲ့သူဝင်တိုက်မိတာပါဆိုတာကိုသူလာရှင်းပြနေတာပြီးတော့ Kim Mingyu ကငါတို့လိုပဲပျော်တတ်တယ်ကျောင်းသားအသစ်လဲဖြစ်တော့ အသိနည်းလို့ ဂရုစိုက်ပေးရမယ်လေ သူ့မှာအတန်းတူသိတာဆိုလို့မင်းတို့လမ်းထဲက Soek Min နဲ့ တရုတ်ကပြောင်းလာတဲ့ Minghaoပဲရှိတာလေ "
Soonyoung ကတော့သူထုံးစံအတိုင်းအားရပါးရပြောနေလေရဲ့။ အဲ့ဒီအချိန်သူ့အခင်ဆုံးသူငယ်ချင်း Jun ရောက်လာသည် Junကထုံးစံအတိုင်း

" Wonwoo yaa! morning !! မနေ့ကကျောင်းပျက်တော့ ဘာမှမသိလိုက်ဘူး ဘာတွေဖြစ်"

wonwooအပြုံးနဲ့ပဲ Junကို

"ဘာမှမဖြစ်ပါဘူး Jun မနေ့ကရော မင်းညီလေး ပြန်သွားတာအဆင်ပြေရဲ့လား "

Love can read your mind * Meanie *Where stories live. Discover now