Ep13: ဟန်ဆောင်အနမ်း

1.3K 102 8
                                    

Wonwoo's prov

Wonwoo တစ်ယောက် Mingyuရဲ့ အနမ်းတွေအောက်မှာစီးမျောနေခဲ့ပါတယ် ။ စနေတနင်္ဂနွေ နှစ်ရက်လုံး လစ်ဟာသွားတဲ့ Mingyu ရဲ့ နေရာဟာသိသာလွန်းခဲ့ပါတယ် ။ သူ့ကိုယ် သူ သေချာဆန်းစစ်တော့ ဒီကောင်လေး ရဲ့ အချစ်မှာသူပျော်ဝင်နေပါပြီ ။ ဒါပေမဲ့ သူ ဟာ Gay လို့ သတ်မှတ်ခံရမှာကြောက်ရွံ့ နေခဲ့ပြီး တစ်ချိန်ကလှောင်ပြောင်ဟားတိုက်ရယ်သံတွေကို သူ့နားထဲပြန်ကြားလာရပြီး သူကြောက်ရွံလာပါတယ် ။
ရုတ်တရက် Mingyu ကိုတွန်းထုတ်လိုက်ပြီး

"Sorry Mingyu! ငါတို့မဖြစ်နိုင်ဘူး ။ Sorry "

" Hyung ? ဘာဖြစ်တာလဲ ? ဘာလို့လဲ ? "

".........."

"Hyung ပဲကျွန်တော့်ကိုချစ်တယ်ဆို ? အခုလေးတင်ပဲ Hyung ပဲ ကျွန်တော့်ကို နမ်းခဲ့တာလေ ? ဟန်ဆောင်အနမ်းမဟုတ်တာကျွန်တော်သိတယ် ။ Won ! ထပ်ပြီးမလှည့်စားပါနဲ့တော့ကိုယ့်ကိုကိုယ် "

Mingyu တစ်ယောက်မျက်ရည်တွေကျလာပြီး ပြောနေပေမဲ့ Wonwoo ရဲ့ မျက်နှာမှာ အေးစက်ခြင်းကလွဲပြီး ဘာမှမရှိတော့ပါဘူး ။

" Sorry ပဲ Mingyu yah ! မင်းကိုညီလေးတစ်ယောက်လိုပဲချစ်တယ် ။ ငါ့ချစ်သူ ပြန်လာတာ လဲမင်းတွေ့မှာပါ ။ ငါတို့ အမြဲအတူတူရှိနေတော့မှာ "

"Hyung ! သူက တကယ် ပဲ Hyung ချစ်သူပေါ့ သေချာပြီပေါ့ ။ ခုနက ကျွန်တော့်ကိုလှည့်စားခဲ့တာပေါ့ ? နှစ်သိမ့်ခဲ့တာပေါ့ ?"

နာကျင်ကြေကွဲမှုတွေနဲ့ ခံစားချက်တွေ ပေါက်ကွဲလာတဲ့ Mingyu ရဲ့ အသံကြောင့် Wonwoo ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားနေရပါသော်လည်း ...... အေးစက်တဲ့မျက်နှာနဲ့အတူ

"အခုအချိန်မှာ Sorry လို့ပဲပြောနိုင်မယ် Mingyu "

"Ok လေ , သေချာပြီဆို နောင်တမရပါနဲ့ Hyung ! ကျွန်တော်မမုန်းဘူး ။ ဘယ်တော့မှမမုန်းဘူး အရင်လိုပဲသွားလာနေဦးမှာ ဒါပေမဲ့ချစ်တတ်တဲ့စိတ်ကိုတော့ ကျွန်တော်ထားခဲ့ပြီ ။ ဘယ်တော့မှ ပြန်မသယ်ဆောင်လာတော့ဘူး ။ Jeon Wonwoo ကို အရမ်းချစ်တဲ့ Kim Mingyu ကိုဘယ်တော့မှပြန်မတွေ့စေရဘူး ။ Good luck Won ! Good Bye ! "

Love can read your mind * Meanie *Where stories live. Discover now