အမှောင်ကျခဲ့သောနေ့စွဲများ
(I really don't wanna write this episod bcoz it's hurt my mind. If someone was made to hurt's Wonwoo's mind and then I will hurt too :'( )
Wonwoo's prov
Wonwoo အိမ်ပြန်တဲ့လမ်းဟာ ခါတိုင်းထက်ပိုခြောက်သွေ့ပါတယ်။ Jun,Soonyoung နဲ့ Woozi တို့ဟာလဲ တိတ်ဆိတ်စွာနဲ့ သူ့နောက်ကနေလိုက်လာပြီး အိမ်အရှေ့ထိလိုက်ပို့ကြပါတယ်။ Wonwoo အတွက်အရာရာဟာ မှုန်ဝါးနေသလိုနားထဲမှာလဲ ကျောင်းသားတွေရဲ့ ကဲ့ရဲ့အပြစ်တင်တဲ့အကြည့်တွေ လှောင်ပြောင်တဲ့ရယ်သံတွေကိုပဲထပ်ခါထပ်ခါ ကြားနေရပါတယ် ။ သူ့ကိုယ်သူကျိန်ဆိုပြောရဲတာက သူ Yerin ရဲ့ကျောင်းဝတ်စုံကိုမဖွက်ခဲ့ပါဘူး ။ အရာရာပျော်ရွှင်ပြီး သာယာနေတဲ့ ကလေးတစ်ယောက်အတွက် ရရှိလာတဲ့ရိုက်ခတ်မှုတွေက နာကျင်ကြောက်ရွံစေခဲ့ပါတယ်။ သူ့အိမ်ရှေ့ရောက်တော့ သူ့သူငယ်ချင်းတွေကိုလှည့်ကြည့်ပြီး
"ငါ အဆင်ပြေပါတယ် ဘာမှဖြစ်ပါဘူး "
တိုးလျတဲ့အသံနဲ့အားအင်ကုန်ခမ်းနေတဲ့မျက်နှာကို အတတ်နိုင်ဆုံးထိန်းချုပ်ပြောလိုက်မိပါတယ်။
"Wonwoo ! ဂရုစိုက်နော် ငါတို့ မင်းအနားမှာရှိတယ် ဘယ်သူဘာပြောပြောဂရုမစိုက်နဲ့မင်းကိုငါတို့ယုံတယ်။ "
"ဟုတ်တယ် Jihoon ပြောတာမှန်တယ် "
"ငါလဲထောက်ခံတယ် Wonwoo စိတ်ဓါတ်မကျနဲ့"
Jun ရဲ့အသံအဆုံးမှာတော့ Wonwooသူ့သူငယ်ချင်းတွေကိုကျေးဇူးတင်စွာကြည့်ပြီး အိမ်ထဲကိုဝင်လာခဲ့ပါတယ် ။
သူ့မိခင် ဟာ မီးဖိုချောင်မှာ ချက်ပြုတ်နေရင်း
"Wonwoo သားပြန်လာတာ မေမေတောင် မသိလိုက်ပါလား ? ဒီနေ့ထူးထူးခြားခြားတိတ်ဆိတ်နေတယ် ""ဟုတ်သားပင်ပန်းလို့ပါ"
"Wonwoo သားဘာဖြစ်တာလဲ? မျက်နှာလဲမကောင်းဘူး ။ မေမေ့ကိုပြော သားဘာဖြစ်တာလဲ ???? "
"သားနည်းနည်း နေမကောင်းဖြစ်နေလို့ပါမေမေ စိတ်မပူပါနဲ့ "
သူ့မိခင် စိတ်မပူစေဖို့အတတ်နိုင်ဆုံးစိတ်ကိုထိန်းချုပ်ပြီးမျက်နှာကို မပျက်အောင်ပြောကာသူအပေါ်ထပ်က သူ့အခန်းဆီကိုလှမ်းလာပါတယ်။
အခန်းထဲကိုဝင်တံခါးပိတ်ပြီး သူ့ကျောပိုးအတ်ကို လေးလံစွာချ ရင်း သူ့ကုတင်ဘေးမှာ သူ စိတ်လျော့ပြီးထိုင်လိုက်မိပါတယ် ။
သူ့စိတ်ထဲကရှက်ရွံခြင်းနာကျင်ခြင်း နဲ့ထိန်းချုပ်ထားပြီးဝမ်းနည်းရတဲ့မျက်ရည်တွေကို အားပါးတရဖွင့်ဟ လိုက်ပြီး သူ ငိုကြွေးနေမိပါတယ်။
YOU ARE READING
Love can read your mind * Meanie *
FanficJeon Wonwoo : အေးစက်စက်ပုံစံနှင့်ဘာကိုမှဂရုမစိုက်တတ်သူတစ်ယောက် Kim Mingyu : အပြုံချိုချိုနဲ့အကုန်လုံးကိုဖမ်းစားနိုင်သူတစ်ယောက် သာမန်ဝင်တိုက်မှုလေးကနေ အေးစက်စက်Wonwoo ပြုအမူတွေကိုလက်ခံလိုက်ရတဲ့ Mingyuတစ်ယောက် Wonwoo သတိထားလာတာ အရေးလုပ်တာကို လိုချင်လာခ...