Ep10: စကားလုံးများ
Wonwoo ရဲ့ သက်ပြင်းချသံနဲ့အတူ သူတို့အတွေးရေစီးကြောင်းပြတ်တောက်သွားခဲ့ပါတယ်
Jihoon က"Wonwoo yah! အခုအဆင်ပြေနေပြီပဲ အခုပျော်ရွှင်နေပြီပဲ ဘာမှန်ပြန်မစဉ်းစားနဲ့တော့ အရင်လိုပဲပြန်နေကြမယ်"
"Jihoon yah! ငါလူတွေကိုမုန်းတီးသွားခဲ့တာ ကြောက်ရွံသွားခဲ့တာ ။ gay ဆိုတာကို ငါမမုန်းပါဘူး ဒါပေမဲ့ gay တော့မဖြစ်စေရဘူး ။ ငါဘာကိုမှစိတ်မဝင်စားဘူး ငါအထီးကျန်မဆန်ဘူး လူတွေကိုဂရုမစိုက်တော့တာ "
Wonwoo ရဲ့စကား သံအဆုံးမှာ ကျောင်းတတ်ခေါင်းလောင်းသံထွက်ပေါ်လာတာနဲ့သူတို့အတန်းထဲ ပြန်ဝင်လာပါတယ်။
***************
Mingyu's Provညနေကျောင်းဆင်းချိန် Mingyu အတန်းထဲကနေတန်းထွက်လာပြီးကျောင်းဂိတ်ကိုခြေလှမ်းသွက်သွက်နဲ့ဦးတည်လာပါတယ် ။
"Mingyu. စောင့်ဦးလေ "
Seok Min အသံကိုသူနားမထောင်ပဲတန်းထွက်လာပါတယ်ကျောင်းဂိတ်ေပါက်ဝမရောက်ခင်သူလှမ်းကြည့်မိတော့ Wonwoo သူ့ကိုရပ်စောင့်နေပါတယ် ထူးထူးခြားခြားဘာမှမလုပ်ပဲကျောင်းတံခါးကို မှီပြီး အဝေးကိုကြည့်နေတဲ့ Wonwoo ရဲ့မျက်နှာကို နေရောင်ထိုးကျနေပြီး မျက်နှာလင်းလက်နေပုံက Mingyu မျက်စိထဲ မှာဖယ်ထုတ်လို့မရရှေ့ဆက်လို့မရအောင်ဖြစ်သွားပါတယ်။
"Wonwoo ကိုကြည့်စမ်း မိုက်တယ်နော် "
"ဟုတ်ပ နေရောင်လေးကျနေတာကဗျာဆန်လိုက်တာ"
သူရှိနေတာကိုမသိပဲ တီးတိုးပြောနေတဲ့ကျောင်းသူတွေစကားသံက သူ့ကိုမနာလိုဖြစ်စေပါတယ်Wonwoo ရဲ့ ပြီးပြည့်စုံတဲ့မျက်နှာကိုတခြားသူတွေမကြည့်စေချင်ပါဘူး သူတစ်ယောက်ထဲပအပိုင်သိမ်းထားချင်လာပါတယ်။ ဒါပေမဲ့ Wonwoo ရဲ့ချစ်စရာကောင်းတဲ့ရယ်ပုံ ပြုံးပုံလေးတွေကိုသူတစ်ယောက်ပဲအနီးကပ်မြင်ခွင့်ရတာ ကိုသူပိုကျေနပ်သွားပါတယ် ။ ခပ်တည်တည်နဲ့ မသိသလိုသူလမ်းလျှောက်သွားပြီး
"Hyung ! "
"Ah . Mingyu လာပြီလား "
" Nae ကြာပီလားစောင့်နေတာ "
YOU ARE READING
Love can read your mind * Meanie *
FanfictionJeon Wonwoo : အေးစက်စက်ပုံစံနှင့်ဘာကိုမှဂရုမစိုက်တတ်သူတစ်ယောက် Kim Mingyu : အပြုံချိုချိုနဲ့အကုန်လုံးကိုဖမ်းစားနိုင်သူတစ်ယောက် သာမန်ဝင်တိုက်မှုလေးကနေ အေးစက်စက်Wonwoo ပြုအမူတွေကိုလက်ခံလိုက်ရတဲ့ Mingyuတစ်ယောက် Wonwoo သတိထားလာတာ အရေးလုပ်တာကို လိုချင်လာခ...