Wonwoo ၏ အိမ်တွင်
"Wonwoo သား မေမေမေးစရာရှိလို့ "
"Nae !'
"သား Mingyu နဲ့ရန်ဖြစ်ထားတာလား ???"
"Hmm! မဟုတ်ပါဘူး မေမေ ဘာလို့လဲ??? "
သူ့မိခင်ရဲ့ အမေးစကားက Wonwooကိုဖြေရခက်စေခဲ့ပြီး မေမေများသိသွားပြီလားလို့တွေးလိုက်မိပါတယ်။
"Yerin ပြန်လာပြီးတည်းက ပဲဆိုပါစို့ Mingyu က သူ့အိမ်ရောက်သွားတည်း လုံးဝမတွေ့ရတော့တာပဲ ။ သား မေမေ သိနေတယ် Mingyu ကမေမေ့ဆီကိုတောင်အလည်မလာတာသားနဲ့ရန်ဖြစ်ထားလို့မဟုတ်လား ? ""Ahhh, မဟုတ်ပါဘူးမေမေကလဲစာမေးပွဲနီးနေလို့ စာတွေများနေကြတာပါ။ သားလဲစာလုပ်ရတော့မှာမို့အပေါ်တက်တော့မယ်နော်မေမေ "
Wonwoo အမြန်ပဲသူ့အခန်းထဲဝင်လာပါတယ်။ အေးတိအေးစက်အမူအရာနဲ့သာသူညာလို့ရပေမဲ့ စကားများများပြောရင်သူ့အမေရိပ်မိမှာကိုသူသိနေပါတယ်။ သူသာ Mrs.Kim အိမ်မှာမနေချင်ဘူးပြောလိုရင် သူတို့ကြားကကိစ္စတွေကပိုသိသာသွားမှာမို Wonoo တစ်ယောက်ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ ငါဒီကိစ္စကို Soonyoung တို့ကိုပြောရင်ကောင်းမလား ???? Stop Jeon Wonwoo! အများကြီးမတွေးနဲ့ အစကတည်းက မိသားစုနှစ်ခုရင်းနှီးမှုကိုသိနေကြတာပဲ နားလည်မှာပါ။
သူ့စာအုပ်တွေလိုအပ်တာတွေကိုအိတ်ထဲထည့်ကျောင်းဝတ်စုံတစ်ချို့နဲ့ အဝတ်အစားတွေပါထည့်ရင်း Wonwoo အတွေးတွေက မတည်မငြိမ်ဖြစ်နေပြန်ပါတယ် ။ ငါဘယ်လို မျက်နှာချင်းဆိုင် ရမလဲ ???? Mingyu ကရော တကယ်ပဲ မုန်းနေပြီလား ??? Pinky နဲ့သူကရော ဘာတွေလဲ ???
သဝန်တိုခွင့်မရှိပါဘူး ။ ဒီလမ်းဟာ Wonwoo ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်သလို သူကိုယ်တိုင်နာကျင်နေခဲ့ရပါတယ်။
ရုတ်တရက် message ဝင်လာတဲ့အသံကြောင့် ဖုန်းကိုကြည့်မိတော့Mingyu
Hyung ! သိပြီးပြီလား အိမ်မှာလာနေရမဲ့အကြောင်း ???? ဘယ်လိုသဘောရလဲ??Wonwooရုတ်တရက်ဘာပြန်ဖြေရမလဲမသိဖြစ်သွားပါတယ် ။အဆင်ပြေမှာပါလို့သူ့ကိုယ်သူဖြေသိမ့်ရင်း
Wonwoo
အင်းသိပြီးပြီ ။ အဆင်ပြေပါတယ် ။Mingyu
Ok ! အဆင်ပြေရင်းပြီးတာပဲလေ ကျွန်တော်လဲအဆင်ပြေတယ် ။
![](https://img.wattpad.com/cover/158988784-288-k536349.jpg)
YOU ARE READING
Love can read your mind * Meanie *
FanfictionJeon Wonwoo : အေးစက်စက်ပုံစံနှင့်ဘာကိုမှဂရုမစိုက်တတ်သူတစ်ယောက် Kim Mingyu : အပြုံချိုချိုနဲ့အကုန်လုံးကိုဖမ်းစားနိုင်သူတစ်ယောက် သာမန်ဝင်တိုက်မှုလေးကနေ အေးစက်စက်Wonwoo ပြုအမူတွေကိုလက်ခံလိုက်ရတဲ့ Mingyuတစ်ယောက် Wonwoo သတိထားလာတာ အရေးလုပ်တာကို လိုချင်လာခ...